@nyihtut4897: ကံဒိုင်လူကြီး #CapCut #ကံ #ကုသိုလ်#အကုသိုလ်

nyihtut4897
nyihtut4897
Open In TikTok:
Region: JP
Tuesday 16 June 2026 13:31:09 GMT
143188
7172
492
557

Music

Download

Comments

u.aye.lwin36
U Aye Lwin :
ကုသိုလ်စိတ်ပဲဖြစ်ဖြစ်၊ အကုသိုလ်စိတ်ပဲဖြစ်ဖြစ် စိတ်ဟာ မျက်တောင်တစ်ခတ် အချိန်ကလေးမှာ ကုဋေတစ်ဖြစ်ပြီး ချုပ်သွားတယ် အရမ်းမြန်လို့ ကုသိုလ်စိတ်/အကုသိုလ်စိတ်တွေဟာ အရမ်းများပါတယ် အဲဒီလို စိတ်တစ်ခု ဖြစ်လာရင် ဇော ခုနှစ်ဇော စောတယ်၊ ပထမဇောစိတ်က ဒီဘဝမှာ အကျိုးပေးတယ်၊ သတ္တမမြောက်ဇောစိတ်က နောက်လာမဲ့ ဒုတိယဘဝမှာ အကျိုးပေးတယ်၊ အလယ် ဇောစိတ် ၅ ခုက သံသရာတစ်လျောက်လုံး အခွက့်ကြုံတိုင်း အကျိုးပေးတယ် ဒါကြောင့် ကုသိုလ်စိတ်ပဲ ဖြစ်ဖြစ် ၊ အကုသိုလ်စိတ်ပဲ ဖြစ်ဖြစ် တစ်ခါပြုတိုင်း အကြိမ်ပေါင်းများစွာ အကျိုးပေးခြင်း ဖြစ်ပါတယ်
2026-06-17 02:30:12
61
kyaw.naing.tun1828
Kyaw Naing Tun :
သရက်စေ့တစ်စေ့ကိုစိုက်ရင်သရက်သီးတေအများကြီးရတယ်နော်
2026-06-16 16:19:12
89
user813494882
Sayar Thar :
သရက်စေ့စိုက်တာ တစ်စေ့တည်းပါ ဒါပေမယ့် အပင်ပေါက်လာတော့ သရက်သီး ကအများကြီးသီးတာပါ
2026-06-17 05:20:52
20
upawkyu
upawkyi :
စိတ်က အဓိကပါ ပြင်းထန်တဲ့စိတ်နဲ့လုပ်သမျှ ပြင်းထန်စွာပြန်ခံစားရမှာပါ
2026-06-17 05:30:06
14
nyeinchan576762
NYEIN CHAN ဦးဇော်ဝင်း 1970 :
ကုသိုလ်ဇော အကုသိုလ်ဇော ဇောဆိုသည်မှာ အရှိန်အဟုန်ပြင်းစွာ အကုသ်ုလ်ဇော စေတနာ ကုသိုလ်ဇော စေတနာ 🌹🌹🌹
2026-06-17 00:34:03
25
uthein99999
ᵁ ᵀʰᵉⁱⁿ💫✨ :
သရက်စေ့လေး တစ်စေ့ကို မြေဆီမြေသြဇာကောင်းကောင်းနဲ့ စိုက်ပျိုးကြည့်ပါ တစ်စေ့ထဲစိုက်ပေမဲ့ အပင်ကြီး ဖစ်သွားတော့ အသီးတွေ အများကြီးသီးသလိုပါပဲ ကုသိုလ် အကုသိုလ်လည်း အဲလိုပါပဲ စိတ်စေတနာဆိုတဲ့ မြေသြဇာကောင်းရင်ကောင်းသလို ခံကြ စံကြတာတွေများသွားတာပါ စိုက်တုန်းကတော့ တစ်စေ့ အဲတစ်စေ့ရဲ့ အသီးအပွင့်ကို ကိုယ်ပဲခံစားရမာလို့ ပါချုပ်ဆရာတော်ဘုရားကြီး ဟောထားတာရှိပါတယ်
2026-06-17 00:56:29
22
puten104
puten1547fmaily :
ညောင်စေ့လောက်လှူညောင်ပင်ကြီးလောက်ရတာရော
2026-06-17 05:11:50
5
oneaboveall26
Kyi Zaw Thet/Myat Min Thu :
တူသောအကျိုးကိုပေးတာညီမျှသောအကျိုးပေးတာမဟုတ်ပြုလုပ်သူရဲ့စိတ်၊လုံလ၊ခံရသူရဲ့ဂုဏ်ရည်ပေါ်မူတည်တယ်
2026-06-16 21:14:53
21
phyo.wai.238
wai phyo :
စိတ်ဆန္ဒသည်အရေးအကြီးဆုံးပါလျှူရင်သတိထားကြပါ
2026-06-16 14:16:23
11
user4761905530528
kyawmin :
မဂ်လာပါညီလေးရေ မိုးပြာအရှင်ညာဏတရားလေးနားထောင်ကြည့်ပါလား
2026-06-16 23:43:54
6
may.hninn14
khaine Thet Mon :
တူသောအကျိူးသေးတယ်ဆိုတာ ပစ္စည်းအရွယ်အစားတူတာကို ပြောတာမဟုတ်ဘူး စိတ်စေတနာကိုပြောတာ ညောင်ပင်ကြီးလောက်လှူသော်လည်း ညောင်စေ့လောက်မရ. ညောင်စေ့လောက်လူသော်လည်းညောင်ပင်ကြီးလောက်ရဆိုတာ သူများအပေါ်ရရှိစေချင်လွန်းတဲ့စေတနာ ကိုယ်ကျိူးမပါဘဲ သူများကိုမေတ္တာထားနိုင်လွန်းတဲ့စေတနာအလိုက်တူညီသောအကျိူးရတာ ပေးတိုင်းလည်းစေတနာမပါရင်ကုသိုလ်မဖြစ်တာတွေလည်းရှိတယ်
2026-06-17 00:05:22
13
nayla56682
သိဒ္ဓိစက္က :
နောက်တခုက လုံလောက်တဲ့အဖြေကိုမတွေရဘူးဆိုတာက လုံလောက်တဲ့အဖြေကမရှိတာမဟုပ် တွေအောင်မရှာနိုင်တာ ရှာကြည့်ပါရှိပါတယ်.... မတွေ့တာနဲ့ မရှိတာ ကွာပါတယ်
2026-06-17 04:05:33
5
hlaing.339
Marsha and the bear :
အကိုသိထားတာက မနည်းရှင်းရမယ် အရင်ဆုံး သခွားသီးလှူလို့ နတ်ပြည်မှာအကြာကြီး စံရတာက တစ်ချို့က ကုသိုလ်ကိုတစ်ခါပြုပြီးရင် မသေမချင်းတစ်သက်လုံး အဲ့ကုသိုလ်မှာရှိတဲ့စိတ်ကြည်လင်မှု အပရစေတနာနဲ့ပဲ နေသွားကြတာတွေရှိတယ် ဒီလိုစတဲ့သဘောတွေကြောင့် အကျိုးပေးတာတွေကမတူတတ်တာ နောက် ကုဋေငါးထောင် တစ်သိန်းကလည်း ပါဠိတော်မဟုတ်ဘဲ အဋ္ဌကထာစကားထင်တယ် ပါဠိတော်မှာသင်္ချာငါးမျိုးရှိတယ် သူက စာအသုံးကြ (ကုဋေအရာအထောင်မျှလောက်လည်း)ဆိုတာ ပေါင်းပြီးတော့ ထောင့်တစ်ရာလည်းဖြစ်နိုင်သလို မြှောက်ပြီးတော့တစ်သိန်းလည်းဖြစ်နိုင်သလို ကုဋေရာပေါင်းထောင်ပေါင်လည်းပြောချင်တာ ဖြစ်နိုင်တယ် ဒါကြောင့်တိတိကျကျသိချင်ရင် ပါဠိတော်ကိုတိုတ်ရိုတ်လေ့လာပြီးမှ ဆရာတော်တွေကိုမေးတာကောင်းတယ် ဒီအတိုင်းဆို လူဖြစ်ရမှာတောင် ကြောက်သွားဦးမယ် (စေတနာနဲ့မို့မှားတာပါရင်သည်းခံပြီး လေ့လာ ပေးပါ)
2026-06-17 01:27:46
8
aung_naing_thu_npt
Mr. 10K (AungNaingThu) :
ပါချုပ်ဆရာတော်ဘုရားကြီးဖြေဖူးပါတယ်ဗျ တူသောအကျိုးကပေးတယ်ဆိုတာ ပြုလုပ်တဲ့ စိတ်အပေါ်အခြေခံတယ်၊ အဲ့ပြုလုပ်တဲ့အပေါ်မှာမူတည်ပီးအခြားအကုသိုလ်တေပါဝင်လာတယ် နောက်တစ်ခုက ကုသိုလ်/အကုသိုလ်တစ်ခုလေးကအများကြီးအကျိူးပေးတယ်ဆိုတာက သရက်ပင်စိုက်သလိုပဲတဲ့ သရက်တစ်စေ့တည်းကိုစိုက်ပေမယ့် အသီးအများကြီးပြန်သီးတယ်။ မြေဩဇာလည်းကောင်းတယ်၊ အပင်မျိုးစေ့လည်းကောင်းတယ်ဆိုရင် ပိုပီး အကျိုးဖြစ်ထွန်းတာမျိုးပေါ့
2026-06-17 03:59:24
2
user482876727006
user482876727006 :
သာဓု သာဓု သာဓု
2026-06-17 05:26:09
1
dwaymelnaw2
DwayMelNaw :
ကောင်းလိုက်တဲ့တရားစကားလေး အဖိုးတန်လိုက်တာ အသိတစ်ခုပိုတိုးသွားပါတယ် bro သာသနာပြုလိုက်တာပါ....ကျေးဇူးတင်ပါတယ်🙏🙏🙏
2026-06-16 14:43:46
6
kkoe2020
Treeano :
ကျွန်တော်လည်း စဥ်းစားမိတာရှိတယ် ဘာမှလုပ်စရာမလိုဘူး သာဓု ခေါ်လိုက်ရုံနဲ့ ကုသိုလ်ရတာ ဒါကြီးက ကျင့်ကြံနေသူ တွေ သီလစောင့်သူတွေ ဒါနလုပ်သူတွေနဲ့ ယှဥ်ရင် တွေးတောစ ရာပဲဗျ
2026-06-16 14:18:01
1
user415617330444
Patrick Kyaw @ R Guchay :
ကျနော်နားမလည်တာရှိလို့ပါ ဘဝပေါင်းများစွာကျင်လည်ရတယ်ဆိုရင် ကမ္ဘာပေါ်ကမျိုးတုန်းသွားတဲ့ သတ္တဝါတွေဟာ ထိုသတ္တဝါဘဝနဲ့ပြန်ကျင်လည်မယ့်ကံပါတဲ့သူမရှိတော့တာလား
2026-06-17 03:11:11
0
zawlayzaw601
Zaw lay Zaw :
စိတ်စွမ်းအားကြောင့်ခံရတာပါ
2026-06-17 02:47:55
3
hellomylife34
hellomylife :
ကျေးဇူးတင်ပါတယ်ဗျာ
2026-06-17 04:22:54
1
user8555014632804
ဗုဒ္ဓစစ်သည်တော် :
good
2026-06-17 04:18:14
1
kyaw.zin.aung2859
Kyaw zin aung :
မသိတာတွေ သိခွင့်ရခဲ့ပါတယ် ကျေးဇူးပါ
2026-06-17 06:00:01
2
win.oo7329
Win Oo :
သာဓုသာဓုသာဓု
2026-06-16 14:49:54
1
mpl7878
mpl :
သာဓုသာဓုသာဓု
2026-06-16 14:44:21
1
naungyo07
N^u< Y0 :
comment တော်တော်များများက ရှင်းပြတာကို ပြီးအောင် နားမထောင်ပဲ ကိုထင်တာ ကိုပြောနေကြတာ ပြီးအောင် နားထောင်စေချင်ပါတယ်🙏🙏🙏
2026-06-17 07:13:12
2
To see more videos from user @nyihtut4897, please go to the Tikwm homepage.

Other Videos


About