@utintin8: ရပ်ကွက် ကျေးရွာတွေထဲမှာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ရတာကတော့ ဒီပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်.အများစုက ဒီပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းတာဝန်တွေနဲ့ ဥပဒေကိုသေချာမသိကြတော့ အဆင်မပြေဖြစ်နေကြတာများတယ်ပေါ့.ကဲပထမဆုံး ဒီပုဂ္ဂိုလ်တွေ ဘယ်လိုဖြစ်လာလဲ ဘယ်လိုအဆင့်ဆင့်သွားလဲ အရင်ကြည့်ကြရအောင်ပါ. “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန” (ထွေ/အုပ်) ဆိုတာရှိပါတယ်.ဒီဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြိီးဌာန အောက်မှာရှိပါတယ်. (၂၀၁၈ ကနေ ၂၀၂၀ လောက်အထိ ပြည်ထောင်စုအစိုးအဖွဲ့ရုံးဝန်ကြီးဌာန အောက်ကို ခဏရောက်)ထွေ/အုပ် ဦးစီးဌာနကိုဖွဲ့စည်းရတဲ့ အဓိကရည်မှန်းချက် လုပ်ငန်းတာဝန်တွေ ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးရေး နဲ့ ရပ်ရွာမှာတရားဥပဒေစိုးမိုးရေးဆိုတဲ့ ပြည်သူ့အကျိုးပြု ပြည်သူ့ဝန်ဆောင်မှု့ လုပ်ငန်းတွေလုပ်ဖို့ပါ ထွေ/အုပ် ဌာနမှာ ဘယ်သူတွေပါဝင်သလဲပေါ့ အုပ်ချုပ်ရေးမှူးတွေပါဝင်ပါတယ် တိုင်း/ပြည်နယ် အုပ်ချုပ်ရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေပါဝင်ပါတယ်.ဒီအုပ်ကြီးတွေသည် နိုင်ငံဝန်ထမ်း တွေပါ.ဘွဲ့ရပြီး ဦးစီးအရာရှိစာမေးပွဲတွေဖြေပြီးရာထူးအဆင့်ဆင့်တက်လာကြတဲ့ အစိုးရဝန်ထမ်းတွေပါ ဝန်ထမ်းလစာ ရတယ်.ပင်စင်ရတယ်. သူတို့ရုံးက ဝန်ထမ်း စာရေး စာချီ တွေကလဲ အစိုးရဝန်ထမ်း တွေပဲဖြစ်ပါတယ်။ တိုင်း/ပြည်နယ် ၊ မြို့နယ် / မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး အုပ်ကြီးတွေအထိပဲ အစိုးရဝန်ထမ်းပါ ဒါဆို ရပ်ကွက်/ကျေးရွာ အုပ်ကြီးတွေဆိုတာတွေက ရော ဘယ်လိုဖြစ်လာလဲပေါ့. မြို့နယ်အုပ်ကြီးသည် ရပ်ကွက်တွေရဲ့ အကျိုးစီးပွါးတိုးတက်အောင် ဝန်ဆောင်မှု့ပေးဖို့ရာမှာ သူတစ်ယောက်ထဲ မစွမ်းနိုင်ပါဘူး အဲ့လိုဆိုတော့ ရပ်ကွက်တွေမှာ အကျိုးဆောင်လုပ်ချင်တဲ့ သူကိုရွေးချယ်ရပါတော့တယ်. ရပ်ကွက်ထဲက ဒေသခံ.ပညာအရည်အချင်းအသင့်အတင့်ရှိပြီး ရပ်ရွာအကျိုးဆောင်ရွက်နိုင်မယ်လို့ ယူဆရတဲ့သူကို ရပ်မိရပ်ဖ ကြီးကြပ်အဖွဲ့အကူအညီနဲ့ ရပ်ကွက်ကမဲပေးရွေးချယ်ရပါတယ်.ရပ်ကွက်ကမဲအများဆုံးပေးတဲ့သူက ရပ်ကွက်အုပ်ကြီးဖြစ်လာပါတယ်.ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးသည် အစိုးရဝန်ထမ်းမဟုတ်ပါဘူး ရပ်မိရပ်ဖ ကြီးကြပ်အဖွဲ့နဲ့ ရပ်ကွက်က မဲပေးရွေးချယ်ထားတဲ့ ရပ်ကွက်ကိုယ်စားလှယ်သာဖြစ်ပါတယ်. ရပ်ကွက်အလိုက် မဲပေးရွေးချယ်ထားတဲ့ သူစာရင်းကို မြို့နယ်အုပ်ကြီးက ယူတယ် ခရိုင်အုပ်ကြီးကို တင်ပြတယ်. ခရိုင်က အိုကေတယ်ဆိုရင် ရပ်ကွက် အုပ်ကြီး ရွေးချယ် ခန့်ထားခြင်းပြီးပြီပေါ့. ရပ်ကွက်/ကျေးရွာ အုပ်ကြီးတွေလဲ လစာရပါတယ်(အစိုးရဝန်ထမ်းလစာမဟုတ်ပါ ရပ်ကွက်အကျိုးဆောင်ရွက်ဖို့ ကိုယ်စားလှယ်လုပ်ပေးလို့ ရတဲ့ချီးမြှင့်ထောက်ပံ့ကြေးရတာပါ). ရပ်ကွက် အုပ်ကြီးရဲ့ သက်တန်းဟာ ၅နှစ်ဖြစ်ပါတယ် ၅နှစ်ပြည့်ရင် တခါပြန်ရွေးပေါ့ အဲ့ဒီလိုသွားပါတယ်. ၅နှစ်အပြည့် တာဝန်ကျေပွန်အောင်ထမ်းဆောင်တဲ့ ဆိုရင် ဆုကြေးငွေလဲ ရပါသေးတယ်. ဒီလစာထောက်ပံ့ကြေး နဲ့ ရုံးအသုံးစရိတ်တွေကို မြို့နယ်က ပြည်သူ့ အခွန်ဘဏ္ဍာထဲက အသုံးစရိတ် ခွဲတန်းနဲ့ ချပေးတာဖြစ်ပါတယ်. ရပ်ကွက်/ကျေးရွာ အုပ်ကြီးရဲ့ တာဝန်တွေကလဲ အပေါ်က အုပ်ကြီးတွေလိုပါပဲ လုပ်ငန်းတာဝန်တွေ ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးရေး နဲ့ ရပ်ရွာမှာတရားဥပဒေစိုးမိုးရေးဆိုတဲ့ ပြည်သူ့အကျိုးပြု ပြည်သူ့ဝန်ဆောင်မှု့ လုပ်ငန်းတွေလုပ်ဖို့ဖြစ်ပါတယ်.အဲတာတွေ မလုပ်ဘူး ရပ်ရွာရဲ့တာဝန်ကို မကျေပွန်ဘူးဆိုရင် ရပ်မိ ရပ်ဖကြီးကြပ်အဖွဲ့ နဲ့ ရပ်ကွက်နေပြည်သူတွေက မြို့နယ်အုပ်ကြီးနဲ့ တွေ့ဆုံပြီး ခိုင်လုံတဲ့ သက်သေတွေပြပြီး လူအသစ်ပြန်ရွေး လုပ်လို့ရပါတယ်.ရပ်ကွက်/ကျေးရွာအုပ်ကြီး သည် အစိုးရဝန်ထမ်းမဟုတ်သလို ရုံးအဖွဲ့ စာရေး စာချီတွေ ဆယ်အိမ်မှူး ရာအိမ်မှူး တွေကလဲ ရပ်ကွက်က မဲပေးရွေးချယ်ထားတဲ့ ခန့်အပ်ထားတဲ့ သူတွပဲဖြစ်ရပါမယ်. ရပ်ရွာရဲ့တာဝန်ကို မကျေပွန်ဘူးဆိုရင် ရပ်မိ ရပ်ဖကြီးကြပ်အဖွဲ့ နဲ့ ရပ်ကွက်နေပြည်သူတွေက ဖြုတ်ချ / လူအသစ်ပြန်ခန့်တာ လုပ်လို့ရပါတယ်. အနှစ်ချုပ်ရရင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်)ဆိုတာ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု့လုပ်ငန်းတွေကို အောက်ခြေအဆင့်အထိ ထိထိရောက်ရောက်လုပ်ပေးနိုင်ဖို့ဖွဲ့စည်းထားခြင်းသာဖြစ်ပါတယ်. ပြည်သူ့အကျိုးစီးပွါးကိုဗဟိုပြုတဲ့ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့သာဖြစ်ပါတယ်၊ အုပ်ကြီးတွေ ဆိုတာ ကိုယ့်ရပ်ရွာကို အကျိုးပြုဖို့ ကိုယ်တိုင်ရွေးချယ်ထားတဲ့ သူတွေပါ သူတို့ကို ရပ်ရွာအကျိုးအတွက် များများ အလုပ်လုပ်ဖို့ တိုက်တွန်းရမှာပါ . ဒါကိုသိထားပြီဆိုရင် အုပ်ကြီးတွေ နဲ့ ပြည်သူလူထု အများကြီးအဆင်ပြေလာမှာပါ. အုပ်ကြီးတွေဆိုတာ အာဏာပါဝါပဲပြနေတာပဲ ဆိုတဲ့ အယူအဆ အမှားကြီးလဲ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်. ရပ်ကွက် / ကျေးရွာ အုပ်ကြီးတွေ . ရာအိမ်မှုး ဆယ်အိမ်မှုး ဆိုပြီး ရပ်ကွက်က ရွေးချယ်ခန့်ထားခံရသူတွေကလဲ မိမိတို့ရဲ့ အလုပ်က ကိုယ့်ရပ်ကွက်ကျေးရွာရဲ့ အကျိုးစီးပွါးတိုးတက်အောင်လုပ်ဖို့ ပြည့်သူ့ဝန်ဆောင်မှု့ပေးဖို့ ဆိုတာကို သိထားပြီး တာဝန်ကျေအောင်လုပ်နိုင်ကြပါစေ (ထွေ/အုပ်) ဦးစီးဌာနရဲ့ နာမည်ဂုဏ်သတင်းတိုးတက်အောင် လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်
utintin8
Region: US
Tuesday 16 June 2026 13:34:42 GMT
Music
Download
Comments
santhiha330 :
ထွေအုပ်ဥပဒေစာအုပ်ဘယ်မှာဝယ်ရမလဲ
2026-06-17 02:07:26
0
user87968623824121 :
👍💐💕👍💐
2026-06-17 04:33:19
0
To see more videos from user @utintin8, please go to the Tikwm
homepage.