@deenar154: မင်းမှာ ယောက်ျားတစ်ယောက်ရှိပါရက်နဲ့ ပိုက်ဆံလည်း ကိုယ့်ဘာသာ ရှာရတယ်။ ထမင်းလည်း ကိုယ့်ဘာသာ ချက်ရတယ်။ အိမ်သန့်ရှင်းရေးလည်း ကိုယ်ပဲ လုပ်ရတယ်။ နေထိုင်မကောင်းဖြစ်လည်း တစ်ယောက်တည်း ဆေးရုံသွားရတယ်။ လက်ဆောင်ဆိုလည်း ကိုယ့်ဘာသာ ဝယ်ရတယ်။ တစ်ခုခု ကြုံလာရင်လည်း ကိုယ်ပဲ ရှေ့ထွက်ကာ ရင်ဆိုင်ရတယ်။ ဒီလောက်အထိ အရာရာကို တစ်ယောက်တည်း လုပ်နိုင်နေပြီဆိုရင် ဘာလို့ ယောက်ျားတစ်ယောက်ကို ဘဝထဲ ခေါ်သွင်းထားဦးမှာလဲ။ အချစ်ဆိုတာ တစ်ယောက်တည်းနေတုန်းကထက် ပိုပျော်ရွှင်ဖို့၊ ပိုပြီး စိတ်အေးချမ်းရဖို့ပါ။ တစ်ယောက်တည်းနေရတာ အထီးကျန်လို့ ဆိုပြီး တွဲလိုက်ကာမှ တစ်ယောက်တည်း နေတုန်းကထက် ပိုပြီး အထီးကျန်၊ ပိုပြီး ရင်မောနေရရင်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့အတူ တစ်ယောက်တည်း အေးအေးဆေးဆေး ရှင်သန်ရတာကမှ ပိုတောင် ကောင်းဉီးမယ် မဟုတ်လား။ဘဝဆိုတာ လူအဖော်ရှိရုံနဲ့ မပြည့်စုံပါဘူး၊ စိတ်အဖော်ရှိမှသာ ပြည့်စုံတာပါ။ ဒါကြောင့် ဘဝမှာ အရေးကြီးဆုံးက ကိုယ်နဲ့အတူ ဝေမျှခံစားပေးနိုင်မယ့်၊ ကိုယ့်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အသိအမှတ်ပြုပေးမယ့်သူမျိုးနဲ့ တွေ့ဖို့ပါ။ ချစ်တာကတော့ ဘယ်သူ့ကိုမဆို ခဏတာ ရူးသွပ်ပြီး ချစ်လို့ရတာပဲ။ ဒါပေမဲ့ ဘဝတစ်လျှောက်လုံး အိုမင်းသွားတဲ့အထိ လက်တွဲဖို့အတွက်ဆိုရင်တော့ ချစ်တာတစ်ခုတည်းနဲ့ ဘယ်လိုမှ မလုံလောက်တော့ဘူး။ ကိုယ်ဘာခံစားနေရလဲ၊ဘာတွေလိုအပ်နေလဲဆိုတာကို စကားတွေအများကြီး ပြောစရာမလိုဘဲ မျက်ဝန်းကိုကြည့်ရုံနဲ့ ရိပ်မိနားလည်ပေးနိုင်တဲ့သူ ဖြစ်ရမယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖေးမပြီး၊ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးပေးနိုင်တဲ့သူ ဖြစ်ရမယ်။ကိုယ့်စိတ်ကို အမြဲနွေးထွေးတဲ့ အမိုးအကာတစ်ခုလို အဖော်ပြုပေးပြီး၊ကိုယ့်လိုပဲ ဘဝကို အတူတူ အကောင်းဆုံး ကြိုးစားရှင်သန်ချင်တဲ့သူမျိုး ဖြစ်ရပါမယ်။ အဲဒီလို ရင်ဘတ်ချင်းတူတဲ့ လူမျိုးနဲ့ ဆုံဆည်းခွင့်ရမှသာ ဘဝရဲ့ လက်တွဲဖော်ဆိုတဲ့ အဓိပ္ပာယ်က ပိုပြီး လေးနက် ပြည့်စုံသွားမှာပါ။ #နူးနူးအောင် #foryoupage❤️❤️ #fypシ #fyppppppppppppppppppppppp #fouryou
🅳🅴🅴🅽🅰🆁🌻𝑶𝒇𝒇𝒊𝒄𝒊𝒂𝒍
Region: MM
Tuesday 16 June 2026 14:07:58 GMT
Music
Download
Comments
Nwae htwe :
ကိုယ့်ဘဝလိုပဲတစ်ယောက်တည်းလုပ်ရတာသားမျက်နှာနဲ့မို့ပျော်အောင်နေပြနေရတာသားကိုတော့အဲလိုလူမျိုးမဖြစ်အောင်သင်ပေးဖြစ်တယ်🥰
2026-06-17 07:03:32
14
Nature Tarot Reader :
မှန်တာပေါ့ ဘာအတွက်လိုတော့မှာလဲ 🙂
2026-06-17 09:27:53
6
E T K A T Y🍀 :
စာသားလေး copy ယူချင်ပါတယ်
2026-06-17 08:27:48
2
Ĥ 🍒🍒🍒 :
ပြန်တင်မယ်နော်
2026-06-17 09:46:02
2
Tan Lwin Phyu :
copy လေးပေးပါလား
friend🥰🥰🥰🥰
2026-06-17 08:22:09
3
𝓜𝓪𝓗𝓷𝓲𝓷𝓨𝓮𝓮🦋ဗေဒါပျံ 🦋 :
ဘဝတူလွန်း
2026-06-16 14:11:11
7
AnTiThin :
စာသား ဘယ်လိုပြန်ယူရမလဲရှင့်
2026-06-17 14:02:25
1
City Pku :
ငါလိုလူ ရှိကြတာပဲ
2026-06-17 10:45:54
2
Thae Su aye :
ကျွန်မကိုထိုင်ကြည့်ပီးပြောနေသလိုပဲမှန်လိုက်တာရှင်😢😢😢😢😢
2026-06-17 10:10:55
3
kayzinlatt :
သိပ်မှန်တယ်
2026-06-17 08:38:07
2
KoGyi@DearMyWite :
👍👍👍👍👍အမှန်ပါမိတ်ဆွေ
2026-06-17 02:07:35
3
Ro Mee :
ဘဝတူပါ
2026-06-17 04:52:08
2
ma thida :
သိပ်မှန်တာပဲ
2026-06-17 04:31:56
2
Zero $Hero :
ဘဝတူတွေပါ
2026-06-17 00:09:55
2
Phyo Ei :
သိပ်မှန်တယ်
2026-06-17 06:09:50
2
May Thingyan :
ငါဖြစ်နေသောအခါ
2026-06-17 15:40:30
0
သဲတုန်လေး😊 :
တကယ်မှန်
2026-06-17 04:07:10
2
Mi Mi ( official) :
မှန်ပါတယ်
2026-06-17 07:58:38
1
🍉Poe zar🦋🌹 :
ဟုတ်ပါတယ်နော်🥰🥰🥰
2026-06-17 15:24:27
0
Nann Yoon Waddy :
"သိပ့်မှန်တာပေါ့"
2026-06-17 16:33:03
0
Flower Handmade :
ငါ့များ ပြောနေသလားလို့🥰🥰🥰🥰🥰
2026-06-17 15:45:05
0
Akari Win👸💕💕💕 :
ဒါကြောင့်မို့တစ်ယောက်ထဲနေရမဲ့ဘဝကိုပဲရွေးချယ်လိုက်တယ်🥰
2026-06-17 16:08:18
0
🤗အသေးလေး🫰 :
ကူးယူတင်ပါရစေရှင့်🥰
2026-06-17 15:33:49
1
Thiri Maung Maung :
copy မယ်နော်😊
2026-06-17 10:59:25
1
kay thwe🌹🌹🌹🌹sm :
အရင်ကကျမဘဝနဲ်ထပ်တူကျပါတယိ🥰
2026-06-17 09:38:29
4
To see more videos from user @deenar154, please go to the Tikwm
homepage.