@ubt_bky01: ကျွန်တော် စာလေးတစ်ကြောင်းဖတ်ဖူးတယ် "ရေဆာတယ်ပြောတာကို အချိုရည်ပေးပြီး ငါဒီလောက်ကောင်းပေးနေတာလို့မပြောပါနဲ့ အချစ်ရယ် ငါတောင်းတာရေပါ" တဲ့ ဟုတ်ပါတယ်... မင်းတောင်းဆိုတာက ရိုးရှင်းတဲ့ 'ရေ' တစ်ခွက်ဆိုတာ သိပေမယ့် ကိုယ့်မှာရှိသမျှထဲက အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးလို့ ထင်ရတဲ့ 'အချိုရည်' ကိုပဲ မင်းကို အတင်းတိုက်ကျွေးမိခဲ့တာ ကိုယ့်အပြစ်ပါ။ ဒါပေမယ့် တစ်ချက်လောက်တော့ ကိုယ့်ဘက်ကို ငဲ့ကြည့်ပေးပါဦး။ ကိုယ့်မှာ ရေငတ်ပါစေဆိုတဲ့ စိတ်မွေးပြီး ဂရုမစိုက်ဘဲ ထားခဲ့ဖို့က ပိုလွယ်ပါတယ်။ မင်းအာခေါင်တွေ ခြောက်ကပ်ပြီး ပင်ပန်းနေတာကို ကြည့်ရက်တဲ့ စိတ်သာ ရှိခဲ့ရင် အစကတည်းက ကိုယ်ဘာမှ လုပ်ပေးနေမှာ မဟုတ်ဘူး။ မင်းအတွက်ဆို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့ စိတ်ဇောကြောင့် ကိုယ့်မှာရှိတဲ့ အချိုမြိန်ဆုံးအရာတွေကိုမှ ရွေးပြီး ပေးမိခဲ့တာပါ။ ကိုယ့်ရဲ့ မေတ္တာတွေဟာ မင်းအလိုရှိတဲ့ ပုံစံခွက်ထဲကို အံဝင်ခွင်ကျ မဖြစ်ခဲ့ဘူးဆိုရင်တောင် အဲ့ဒီစေတနာတွေနောက်မှာ မင်းကို တန်ဖိုးထားလွန်းတဲ့ စိတ်တစ်ခုပဲ ရှိခဲ့တာပါ။ ငါပေးတာ ရေမဟုတ်လို့ မင်းငြင်းပယ်နိုင်ပေမယ့် ငါ့ရဲ့စေတနာတွေကိုတော့ အပြစ်မမြင်လိုက်ပါနဲ့။ မင်းလိုအပ်တာနဲ့ ငါပေးနိုင်တာ လွဲချော်သွားခဲ့တာဟာ ငါ့ရဲ့ အချစ်မတတ်မှု သက်သက် ပါပဲ။ ကိုယ်ပေးတဲ့ အချိုရည်က သူ့အာခေါင်ကို မစိုပြေစေခဲ့ဘူးဆိုရင်တောင် အဲ့ဒါဟာ ကိုယ်ပေးနိုင်တဲ့ အကောင်းဆုံးသော မေတ္တာတွေဆိုတာတော့ သိစေချင်မိတယ်။ #Oishi #ubt_bky01 #foryou #foryoupage #fypp @TikTok
Oishi
Region: MM
Tuesday 16 June 2026 14:37:37 GMT
Music
Download
Comments
7/DKU🌻💥 饵丝 ⚡❣️🇲🇲💞🇹🇭💕 :
ပြန်တင်ခွင့်ပြုပါ🙏
2026-07-02 09:57:50
0
THwin :
ဟင်းတစ်ပွဲမှာ ဆားငန်ရင်လဲဟင်းပျက်သလို
ဆားပေါရင်လဲ ဟင်းပျက်တတ်ပါတယ်
2026-06-18 15:21:20
3
💖K.Z.N💖 :
ရေထက်တန်ဖိုးရှိတဲ့အရာတွေပေးချင်တာရေပဲလိုချင်နေရင်တော့ရေပဲရစေရပါမယ်
2026-06-17 17:53:54
3
Aung Myo Win :
စားသားလေး ပေးပါဦး 🥺
2026-06-19 13:40:10
0
🏳️🌈💛K&A🩷😚 :
စာသားလေးပေးပါလားဗျ🥺
2026-06-19 12:53:45
0
표웨이 :
စာသားလေး အးရမ်းကြိုက်တယ်ဗျာ
2026-06-23 01:40:22
1
🍒yún yún🍒(ယှင်မူဏင်) :
စာသားလေချပေးပါလား🥰🥰
2026-06-17 00:40:56
0
Wai Yan Htet :
တချို့တွေက တန်ရာတန်ရာဘဲကောင်းတယ်
အချစ်တွေပိုပေးမိသွားတယ့်
အခါကိုယ့်တန်ဖိုးကိုသူတို့ မသိတော့ဘူး🥺
2026-06-18 03:46:30
0
Shine Pyae♐(Xiao Yann) :
အသံလေးနက်ပြန်သုံးလို့ရလားဗျ🥺
2026-06-20 04:30:38
0
Oo Thu Ya Aung :
အချိုရည်က ပိုကောင်းတယ်လေ😳
2026-06-18 04:29:48
0
Mg Bhone🍀 :
စာသားယူသုံးမယ်ဗျ
2026-06-20 14:41:14
0
3am feelings :
ပိုကောင်တာကိုပေးချင်လို့ဒီလ်ိုလည်းတွေးလို့ရပါတယ်
2026-06-17 14:54:39
1
H. H. S. :
စာသားတေကထိတယ်ဗျာ🥺
2026-06-19 00:42:49
0
ko.thi.ha.🥰🥰🥰 :
စာသားလေးယူမယ်ဗျာ
2026-06-19 02:48:50
0
Nay Zar Aung :
အတာပြောတာပေါ့ အနာတခြား ဆေးတခြားဆိုတာ လိုအပ်တာကိုပဲပေးပါ မလိုအပ်တာတွေ ရောက်လာရင် လိုအပ်နေတဲ့ နေရာမှာ ဟာတာတာကြီးဖြစ်သွားပြီ🥺
2026-06-21 04:09:42
0
羅|•Fʟᴀsʜᥫ᭡𖠌 :
ပြန်တင်မိထားလို့ crdပေးပါတယ်ဗျာ♥️
2026-06-18 18:56:04
0
it's zwe :
ဘာမှမတိုက်ဘဲနေရမှာ
2026-06-16 16:25:10
0
Thin Myat Minn💗🍭 :
အချိုရည်ဆိုရင်အချိုရည်လို့ပြောမှာပေါ့အချစ်ရယ်🥺
2026-06-18 14:46:28
0
TrafalgarܢD Water Law👆 :
စေတနာအမှားဖြစ်ခဲ့ရတာပါ
2026-07-02 17:54:15
0
🇲🇲A🇯🇵🍁 :
ရေထက်ပိုတန်ဖိုးရှိတဲ့အရာတွေပေးချင်မိသွားယုံပါ🥺
2026-06-21 03:52:35
0
Aung Kyaw Tun :
crdမယ်ဗျ
2026-06-17 08:53:41
0
,★⌒ヽ(●^、^●)Kiss! :
စာသာလေးပေးပါလားplease
2026-06-18 02:26:35
0
Aung Myint Thu ( Aung Lay ) :
ပန်းပေးတာချင်းတူတူတောင် ခါချဉ်ကောင်ပါလို့ အငြိုးထားသေးတာဘဲ မဆန်းတော့ပါဘူးဗျာ😅
2026-06-19 05:26:12
0
𝕐ℍ𝕆(●’◡’●)ノ :
အစတည်းက ၂ယောက်သားပွင့်ပွင့်လင်းလင်းဆက်ဆံသင့်တာ လိုအပ်နေတဲ့ချိန်မျိုးမှာပေါ့။ တခြားအတူကြည်နူးနေတဲ့ချိန်ကြမှ စေတနာပိုပေးတွေးပေးရင်ပိုပြီးအဆင်ပြေကြမယ်ထင်တယ် လူ၂ယောက်က
2026-06-28 10:46:53
0
AK0 Htuñ🤗 :
ဟုတယ်ဗျ အလိုလေးများ ဘယ်သူရေးမလဲ စောင့်နေတာ ခုတော့ တွေ့ရပီ စေတနာမေတ္တာက လူတိုင်းနဲ့ မထိုင်တန်ဖူးဆိုတယ မှန်တယ် အဲ့စာလေးရေးတဲ့သူလဲ စေတနာနဲ့ ထိုက်တန်တဲ့သူဟုမယ်မထင် ဘယ်ကြောင့်ဘဲရေးရေးပေါ့
2026-06-18 23:41:45
0
To see more videos from user @ubt_bky01, please go to the Tikwm
homepage.