@ray694760: သိန်း ၆ ထောင်တန် မြေကွက် ၁၀ကွက်လောက်ဝယ်ထားတဲ့သူက နောက်ထက် မြေလာရောင်းရင် သိန်းတသောင်းခွဲပေးဝယ်လိုက်တယ် ။ လျော့မဝယ်ဘူး။ ကြိုက်စျေးပြော တိုးပေးတာ။ အဲ့တော့သူပြန်ရောင်းမယ့်မြေကွက်တွေကလဲ သိန်းတသောင်းခွဲ စျေးတန်းဖြစ်ပြီပေါ့ ။ အဲ့လိုလုပ်တာကို inflation bussiness လုပ်တယ် ခေါ်တယ်။ နောက်တမျိုး ဘယ်လိုခေါ်လဲ သိရင် ဝင်ရေးပေးပါ။ ငွေပေါ်ကို ငွေရင်းနိုင်တဲ့သူတွေ မတန်တဆ ချမ်းသာလာကြတဲ့ခေတ်မှာ ပညာနဲ့အသက်မွေးတဲ့သူတွေ ရုံးကန်ရပါတယ်။ မျိုးဆက်သစ်လူငယ်တွေ အမြင်မှာ ပညာနဲ့ခက်ခက်ခဲခဲငွေရှာရတာထက် Inflation bussiness ပေါ်မှာ စီးမြောငွေရှာရတာ ပိုမက်လာကြပါတယ်။ အဆုံးသက်ရလဒ်က Productivity တွေကျလာပါတယ်။ ဆင်းရဲချမ်းသာကွာဟချက်များလာပါတယ်။ Crime rate တက်လာပါတယ်။ အတတ်ပညာတောင် မှိန်ပြပြဆိုတော့ အနုပညာ ဝေလာဝေးပေါ့။ အနာဂတ်ကတော့ ဟန်နီပလာစတာပေါ့။ အမှန်အတိုင်းပြောရရင် ဒီဘက်နှစ်တွေမှာ ကျွန်တော်လဲ အကြိမ်ကြိမ် စိတ်ယိုင်ခဲ့ဘူးတယ်။ အခြား IB တခုပြောင်းပြီး သက်တောင့်သက်သာ ငွေရှာချင်စိတ်တွေ ၊ နိုင်ငံခြားတိုင်းပြည် တခုမှာ အလုပ်သွားလုပ်ဖို့ အခွင့်အလမ်းတွေ၊ စိတ်တွေဝေဝါးနေချိန်မှာ တရားတပုဒ်နာကြားရတယ် ။ ပညာနဲ့အသက်မွေးခြင်းကို မြတ်သောနေထိုင်းခြင်းလို့ ငါဘုရားဆိုသည် တဲ့။ သူများ အကျိုးစီးပွား၊ကိုယ့် အကျိုးစီးပွားကို မထိခိုက်တဲ့၊ အပြစ်မရှိတဲ့ "အတတ်ပညာ"နဲ့ အသက်မွေးရတာ လောကမှာ မြတ်တယ် တဲ့ ။ ဒီစကားတခွန်း ဒေသနာတပုဒ်နဲ့ ဘဝလှနေခဲ့ပါတယ် ခင်ဗျာ။ ကျေနပ်နေတဲ့ ဘဝပါ။ #Seafarer #myanmartiktok🇲🇲🇲🇲 #fyp #creatorsearchinsights
Ray⚓
Region: MM
Tuesday 16 June 2026 18:54:18 GMT
Music
Download
Comments
Shao Mi :
မြေကွက် အရောင်းအဝယ်လောကဟာ ခင်များပြောသလောက်မလွယ်ကူပါဘူး လေ့လာပါဦး
2026-06-21 05:05:19
2
Myo Aung :
စစ်မှန်မှုကိုလူတွေကြာရှည်လက်တွဲနိုင်ကြပါစေ
2026-06-17 10:39:08
8
SAIKAWMKHAM’72 :
အဲလိုလုပ်တဲ့အကွက်မျိုး မန်းလေးမှာ (တိုင်းမှူးထွန်းကြည်ခေတ်) ဖြစ်ခဲ့ဖူးပါတယ် ၊အဲ့ချိန်ကစပြီးမန်းလေးမြေကွက်တွေစျေးစတက်လာတာ ခုချိန်ထိပါဘဲ
2026-06-19 17:32:47
2
nang htwe :
ဟုတ့်အတူတူပါပဲရှင့်
2026-06-19 15:01:59
2
Ko Zaw Kham :
ကောင်းလိုက်တဲ့စာသားဗျာ
2026-06-17 09:05:28
5
Zawmin :
စိတ်ရင်းမှန်စိတ်ကောင်းမွှေးပြီးအလုပ်လုပ်ပါ အရာအားလုံးအဆင်ပြေလာမှာပါ
2026-06-18 04:53:12
2
Family :
laundry money
show money
2026-06-17 13:33:20
3
မြောင်းရေချိူး :
ဟုတ်ဗျ အသိတစ်ခု တိုးပါတယ်ဗျာ
2026-06-17 16:42:12
2
San Mar :
မှန်တယ် 🥰🥰🥰
2026-06-17 13:41:10
2
Asura of the Heaven :
ကောင်းလိုက်တဲ့စာ Share ပြီဗျာ
2026-06-17 10:14:50
3
kokeykey :
အမှန်ပဲဗျာ 🥺
2026-06-17 13:46:30
4
Kyaw Min Thant :
အာ့ဆိုbroကဘာပညာလဲဟင်
2026-06-17 16:03:04
2
ZawZaw :
မှန်တယ်👍👍👍👍
2026-06-17 14:00:54
3
Hein Aung Construction Group :
အရမ်းပြောချင်တဲ့စကား Copy ပါရစေ
2026-06-17 16:43:38
2
မဟာ သူရ :
အသိပညာ အတက်ပညာ
2026-06-19 14:49:04
1
မောင်ဂြိုလ်သား👽...😣 :
လူငယ်ဖြစ်ပီးအသိတရားရှိတယ်respect
2026-06-19 09:56:25
3
AungKaung :
အမှန်ဘဲဗျ။လု့အဖွဲ့အစည်းအတွက်လိုအပ်တာတွေကိုထုတ်လုပ်ပေးဘို့လုပ်နိုင်တဲ့ငွေရှင်ကြီးတွေစိတ်မဝင်စားတော့ဘူး။
2026-06-17 13:02:05
3
YTKA :
ဒီရေခံမြေခံမှာတော့ ဒီလိုပဲနေရမှာပဲ။ ငါတို့က game changer မဟုတ်
2026-06-17 11:02:39
3
user68349832830400 :
ဇေးတန်းကိုအဝယ်နဲ့ဆွဲတင်တာ
နောက်မဲ့ဝယ်သူကတစ်သောင်ခွဲအထက်ဘဲပေးမယ်
ဒီအောက်ကိုမစစ်ရဲတော့ဘူး
ဇေးစစ်ရင်မောင်ထုတ်ခံရမယ်
2026-06-17 13:33:17
3
warwar Khin :
မြေမြိုတယ်ဆိုတဲ့ရှေးစကားရှိပါတယ်
2026-06-17 11:14:57
2
🌷Thuramaung :
လူငောင်းတွေရှားသွားပီ....လူကောင်းတွေကိုတွေ့ရလို့မြတ်မြတ်နိုးနိုးတန်ဖိုးထားတယ်❤️🩹❤️🩹❤️🩹❤️🩹
2026-06-17 09:42:54
3
Wunna Htun :
🤩🤩🤩
2026-06-17 15:15:33
2
Mike Charlie Zulu :
🥰🥰🥰
2026-06-17 14:30:06
2
u aye aung :
😂
2026-06-17 11:14:33
2
Shine’s Sharing Vlogs :
👍👍👍
2026-06-20 01:59:42
1
To see more videos from user @ray694760, please go to the Tikwm
homepage.