@sunonedigital: 🎂ဒီနေ့ဟာ ကျွန်မရဲ့ အသက် (၂၃) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။👩‍🦽‍➡️ကျွန်မWheelchair ပေါ် ရောက်သွားခဲ့တဲ့ အကြောင်းရင်းကတော့ လူဖြစ်နည်းပြီး အရှင်းပျောက်ကင်းအောင် ကုသလို့မရတဲ့ ရှားပါးရောဂါ 'Autonomic Ganglion Dysfunction'(ကိုယ်ခံအားစနစ် ဖောက်ပြန်မှားယွင်းပြီး အလိုအလျောက် အာရုံကြောစနစ် ထိခိုက်တဲ့ရောဂါ) ကြောင့်ပဲ ဖြစ်ပါတယ်။ဒီရှားပါးရောဂါအကြောင်းကို သိချင်ရင်စုစုပေါင်း အပိုင်း (၃) ပိုင်းခွဲပြီး တင်ပေးထားတာ ရှိပါတယ်။ ကျွန်မရဲ့ TikTok အကောင့်ဖြစ်တဲ့ *Sunone - Digital* မှာရော၊ Facebook Page *Mi Seik Mon (Thansamai)* မှာပါ ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ "Google မှာရှာတာတော့ ဒီရောဂါဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အထူးရှားပါးတဲ့ ရောဂါတစ်ခုဖြစ်တယ်။"လို့အဖြေထွက်ပါတယ်။ ပြဿနာတွေနှင့်နာကျင်မှုတွေကြားမှာ ပျော်ရွှင်ရတဲ့ အချိန်တွေ နည်းပါးခဲ့ပေမဲ့... ရလာတဲ့ အချိန်လေးတိုင်းမှာတော့ အကောင်းဆုံး ပျော်ရွှင်အောင် ကြိုးစားပြီး ရှင်သန်ပါတယ်။ ဒီနာကျင်မှုတွေနဲ့ ဖြတ်သန်းလာခဲ့ရတာ အခုဆိုရင် (၃) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ ကုသနည်းပေါင်းစုံနဲ့ အရှုံးမပေးဘဲ ကြိုးစားနေဆဲပါ။အခုအချိန်မှာ ကျွန်မ အလိုချင်ဆုံး မွေးနေ့ဆုကတော့ တစ်ကိုယ်လုံး ထုံကျင်နာကျင်နေတဲ့ ဝေဒနာတွေ ပျောက်ကင်းသက်သာသွားဖို့ပါပဲ။ ဒီလို အခက်အခဲတွေ၊ ကျန်းမာရေး ပြဿနာတွေကြားကနေ ကိုယ်ပိုင်အလုပ်လေးကို ကြိုးစားလုပ်ကိုင်ရင်း၊ ကိုယ့်ကုသစရိတ်နဲ့ကိုယ် ရပ်တည်နိုင်ခဲ့တာလည်း အခုဆို (၃) နှစ်ရှိခဲ့ပါပြီ။ကျွန်မကိုအမြဲတမ်း အားပေးကူညီကြတဲ့ မိဘ၊ဦးလေး၊ညီမလေးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်မကို လူ့လောကထဲရောက်လာဖို့ အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ အမေ့ကို အရမ်းကျေးဇူးတင်ပါတယ်။ သမီးဖြစ်သူ ကျွန်မ ဒီလိုဘဝမျိုး ရောက်သွားလိမ့်မယ်လို့ မိဘတွေ လုံးဝ မျှော်လင့်မထားခဲ့ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ထိ ကြိုးစားပြီး ရုန်းကန်နေသလဲဆိုတာကို သူတို့ မျက်မြင်ကိုယ်တွေ့ သိနေတဲ့အတွက် ကျွန်မကိုကြည့်ပြီး သူတို့ ဂုဏ်ယူလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ရောဂါစဖြစ်တဲ့အချိန်ကစပြီး ကျွန်မရဲ့ ပျော်ရွှင်မှုတွေ၊ ရည်မှန်းချက် အိပ်မက်တွေ အားလုံး ပျောက်ဆုံးကုန်ပါတယ်။ ပုံထဲကလူကတော့ အရင်လူ မဟုတ်တော့ဘူး။ အချိန်ကာလတွေ ပြောင်းလဲသွားတယ်။ ခန္ဓာကိုယ် ပြောင်းလဲသွားတယ်။ အိပ်မက်တွေ ပြောင်းလဲသွားတယ်။ ပတ်ဝန်းကျင်ကလူတွေ ပြောင်းလဲသွားတယ်။ ဘာမှ ကိုယ်နဲ့အတူ ထာဝရ မတည်မြဲဘူး။ တစ်နေ့မှာ ကျွန်မတို့ တစ်ခုခုကို ဆုံးရှုံးရနိုင်တယ်။ တစ်နေ့မှာ ကျွန်မတို့ တစ်ခုခုကို ပြန်ရနိုင်တယ်။ ဒါပေမဲ့ ကျွန်မ သင်ယူခွင့်ရရှိလိုက်တဲ့ အရာတစ်ခုကတော့... "ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာ ဘာတွေရှိနေလဲဆိုတာပေါ်မှာ မမူတည်တော့ပါဘူး။ ရရှိတဲ့ဘဝအမှန်တရားကို လက်ခံပြီး ဆက်လက်ရှင်သန်သွားမလား ဆိုတာပေါ်မှာပဲ မူတည်ပါတယ်"ဆိုတာပါပဲ။ အသက် (၁၉) နှစ်အရွယ်တုန်းကတော့ ကျွန်မ လောကကြီးကို ကိုယ့်ခြေနှစ်ဖက်နဲ့ ရပ်ပြီး ကြည့်ခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့ကစလို့ ကျွန်မရဲ့ဘဝဟာ Wheelchair ပေါ်ကို ရောက်ရှိခဲ့ရတယ်။ ဒီကနေ့ အသက် (၂၃) နှစ်အရွယ်မှာတော့ လောကကြီးကို Wheelchair ပေါ်ကနေပဲ ထိုင်ကြည့်နေရပါတယ်။ ဒါပေမဲ့ ဒီကနေ့ မျက်နှာပေါ်က အပြုံးက... အရင်ကထက် ပိုပြီး သန်မာလာပါတယ်။ ဘဝက ကိုယ်သွားချင်တဲ့နေရာတိုင်းကို အကုန် မသွားနိုင်တော့ပေမဲ့... ကျွန်မကို အရင်ကထက် "ပိုသန်မာလာတဲ့သူတစ်ယောက်" ဖြစ်လာဖို့တော့ ခေါ်ဆောင်သွားပါတယ်။ တကယ်လို့ ဒီနေ့မှာ ကိုယ့်ရဲ့ ဘဝက မမျှော်လင့်ထားတဲ့ လမ်းကြောင်းဘက်ကို ပြောင်းလဲလာနေတယ်ဆိုရင်... အမြဲတမ်း ဝမ်းမနည်းလိုက်ပါနဲ့ဦး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကာလဆိုတာ အရာအားလုံးကို ကိုယ့်ထံကနေ အမြဲယူဆောင်သွားဖို့ချည်း တာဝန်ရှိတာ မဟုတ်လို့ပါပဲ။ ကိုယ့်ဆီမှာ ကျန်နေသေးတဲ့ အရာတွေရဲ့ တန်ဖိုးကို မြင်တတ်အောင် သင်ပေးဖို့ တာဝန်ရှိတာပါ။ ဘာမှ ထာဝရ မတည်မြဲပါဘူး။ ဆင်းရဲဒုက္ခဆိုတာလည်း အဲဒီလိုပါပဲ။ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုဆိုတာလည်း အဲဒီလိုပါပဲ။ လူတွေက ရည်မှန်းချက် အိပ်မက်တွေနောက်ကို အပူတပြင်း လိုက်ရင်း၊ အောင်မြင်ချင်လွန်းလို့ အစွမ်းကုန် ကြိုးစားရုန်းကန်ရင်းနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ "ကျန်းမာရေး" ကို မေ့လျော့ပြီး ဆုံးရှုံးသွားတတ်ကြပါတယ်။ ကျန်းမာရေးသာ ချို့ယွင်းသွားရင် အရာအားလုံးဟာ သုညဖြစ်သွားတတ်ပါတယ်။ မနေ့ကအထိ ပြေးလွှားနေနိုင်ပေမဲ့ ဒီနေ့မှာ ရုတ်တရက် အရာအားလုံး ပြောင်းလဲသွားနိုင်တယ်ဆိုတာ ကျွန်မရဲ့ဘဝက သက်သေပါပဲ။ ဘယ်အချိန်မှာ ဘာမဆို ဖြစ်သွားနိုင်တာမို့ အမြဲတမ်း သတိရှိကြပါ။ တစ်နေ့မှာ ကျွန်မတို့အားလုံးဟာ ဒီလောကကြီးကနေ အသေအချာ ထွက်ခွာသွားကြရမယ့်သူတွေချည်းပါပဲ။ ဒါကြောင့် မသေရသေးခင် အသက်ရှင်နေတဲ့ အချိန်လေးမှာ ကိုယ်တကယ်လုပ်ချင်တဲ့အရာတွေကို နောက်မဆုတ်ဘဲ လုပ်ဖြစ်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ ပျော်ရွှင်အောင် နေထိုင်ပါ။ကျရောက်လာတဲ့ (၂၃) နှစ်မြောက်ကစပြီး ဘဝကို အကောင်းဆုံး ဆက်လက် ရင်ဆိုင်သွားပါမယ်။ #sunonedigital #miseikmon #misikemon #thansamai

Sunone - Digital
Sunone - Digital
Open In TikTok:
Region: TH
Tuesday 16 June 2026 23:58:04 GMT
166010
4998
273
257

Music

Download

Comments

thitlwin63
Thitlwin :
meditation' အာနာပါနကမဌာန် '' ''လုပ်ပါလုပ်ကြည့်ပါ'🙏 သံသရာကံ ကြွေးဆိုရင်တောင်' ဝေဒနါပြောက်ပျက်သက်သာလွယ်ပါတယ်🙏 Fighting 👍
2026-06-17 08:54:20
26
shwe.ht.un
shwe ht un :
အနာနဲ့ဆေးတှေ့ရှိပါစေ ဆရာကောငျးသမားကောငျးနဲ့တှေ့ရှိပါစေ🥰🥰🥰
2026-06-17 04:29:47
20
aye.aye.mu518
Aye Aye Mu :
Happy birthday pardaughter💝
2026-06-18 14:46:44
0
san.lwin756
MyintNaingOo :
မွေး နေ့ကစလို့ ကိုယ်ခန္ဓာနာကျင်မှု တွေ ပျောက်ကင်းသက်သာပါ စေ စိတ်ဒဏ်ရာနာကျင်မှု တွေလည်း ပျောက်ကင်းသက်သာပါ စေ။ ဘဝကိုအားတင်းပြီး သန်မာစွာကျော်ဖြတ်နိုင်ပါ စေသမီး လေး ရေ။
2026-06-19 05:20:53
1
may.dee486
May Dee :
လူချင်းမသိပေမဲ့ပျော်စရာမွေးနေ့လေးဖြစ်ပါစေ သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေ အောင်မြင်စွာကျော်ဖြတ်နိုင်တဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေ
2026-06-17 07:25:47
13
yu.wai06
Yu Wai :
ရောဂါဝေဒနါတွေ ပျောက်ကင်း ချမ်းသာစေဖို့ အနာနဲ့ ဆေး အမြန်ဆုံး တွေ့ပါစေ ဘဝကို အရွုံးမပေးပဲ ကြံ့ခိုင်သန်မာတဲ့ စိတ်ထားလေးကို ချီကျူးပါတယ် သမီးရေ Many Happy Returns of the Day 🎉🎂💕
2026-06-19 08:02:34
0
fishtank395
Fish~tank🍂 :
အမြန်ဆုံးနေကောင်းကျန်းမာတဲ့ရက်တွေ ပိုင်ဆိုင်ပါစေ happy birthdayပါ🍀
2026-06-17 05:20:59
9
soethurazay
စတည်းက ငါမရှိ :
အမြန်ပြန်လည်ကျန်းမာပါစေလို့ စုတောင်းပေးပါတယ်သမီးငယ်လေးရေ🙏
2026-06-19 00:13:48
1
tkyaw13
Thiri :
Happy birthday ပါ ညီမလေး🎂🙏စိတ်ချမ်းသာကိုယ်ကျန်းမာပြီး အနာနဲ့ဆေးအမြန်တွေ့ပါစေ ဆရာကောင်းသမားကောင်းနဲ့အမြန်တွေ့ပါစေ😍😘
2026-06-17 15:21:49
4
myo3477005
အလွမ်းသီချင်းချစ်သူ :
အစစအရာရာအဆင်ပြေချမ်းမြေ့ပါစေ စိတ်အေးချမ်းပါစေ Happy Birthday
2026-06-17 04:03:17
8
user444675560159
Khin Myo Nyunt :
happy birthday 🎉🎂 စိတ်၏ချမ်းသာကိုယ့်၏ကျန်းမာခြင်းနဲ့ပြည့်စုံပိုင်ဆိုင်ပါစေရှင့်🥰🥰🥰🥰
2026-06-19 05:36:51
0
heinkokoaungo
Hein KO KO Aung :
happy birthday to you
2026-06-18 11:43:48
0
cloverinthailand89
Clover✨🍀 :
Happy Birthday ပါရှင့် အစစအရာရာ ပြန်လည်အဆင်ပြေပြီး အမြန်ဆုံးကျန်းမာနေကောင်းလာပါစေရှင့်✨🥰
2026-06-17 08:27:23
1
shweshwepearl
Perola Kolay :
Happy Blessed Birthday သမီး🎂💐❤️အမြန်သက်သာပျောက်ကင်းပါစေ။ အစဉ်ချမ်းမြေ့ပျော်ရွှင်ပါစေ၊Fighting❤️
2026-06-17 08:50:22
2
mie.mie6342
MIE MIE :
Happy birthday 🥰
2026-06-18 13:29:40
0
mya.sandar686
Mya Sandar :
Happy birthday 🥳🥰
2026-06-18 12:33:40
0
swe.swe9133
swe swe :
happy birthday 🎂🎂🎂
2026-06-18 01:55:15
0
pyae3924
Pyae :
Happy birthday 🎂🎉
2026-06-17 09:06:49
0
albertsoehtetnaing97
Albert Soe Htet :
အမြန်ဆုံးနေကောင်းပါစေ
2026-06-17 10:38:43
1
sabel.phyumyint
Sabel PhyuMyint :
Happy Birthday 🥰ပါညီမလေး မွေးနေ့မှစ၍သက်ရှည်ကျန်းမာစိတ်ချမ်းသာစွာဖြင့်လိုရာဆန္ဒပြည့်ပါစေ။ အနာနဲ့ဆေးတွေ့ပြီး ပကတိအတိုင်းအမြန်ဆုံးကောင်းပါစေ။
2026-06-17 09:06:42
1
khinmoeoo067
Moe Wathan :
Happy birthday ပါကလေးရေအမြန်ဆုံးပြန်လည်ကျန်းမာလာပါစေ🥰
2026-06-19 04:16:18
0
be281168
Be281168 :
ကျန်းမာချမ်းသာပါစေကလေး
2026-06-19 08:23:08
0
sweety.1489
sweety :
အမြန်ဆုံး နေကောင်းကျန်းမာတဲ့ရက်တွေ ပိုင်ဆိုင်ပါစေhappy birthdayပါ သမီးရေ
2026-06-19 07:03:18
0
ayechanmyae7931
Aye Chan Myae :
အမြန်ဆုံးသက်သာပျောက်ကင်းပါစေ
2026-06-19 05:18:14
0
sofiamyat04
Arqirus :
နေကောင်းကျန်းမာပြီးဆန္ဒတွေပြည့်ဝပါစေ 🥰🥰🥰
2026-06-19 08:01:14
0
To see more videos from user @sunonedigital, please go to the Tikwm homepage.

Other Videos


About