@upazatn: တချို့အရာတွေက ကိုယ့်အတွက် မလိုတော့ပေမယ့် ကိုယ့်စိတ်ထဲမှာတော့ မလွှတ်နိုင်သေးလို့ ဝန်ထုပ်လိုပဲ လေးလံနေတတ်တယ် ။ တချို့ကတော့ မတန်တဲ့အရာကို ဆုပ်ကိုင်ထားလို့ ကိုယ့်လက်လည်း နာ ၊ ကိုယ့်စိတ်လည်း ပင်ပန်း ၊ ကိုယ့်ဘဝလည်း မရွှင်လန်းတော့ဘူး ။ စွန့်လွှတ်ခြင်းဆိုတာ ရှုံးနိမ့်ခြင်း မဟုတ်ဘူး ။ မလိုအပ်တဲ့ အရာတွေကို ဖြုတ်ချပြီး ကိုယ့်ဘဝကို သန့်စင်စေခြင်းပါ ။ ခွင့်လွှတ်ခြင်း ဆိုတာလည်း သူတစ်ပါးကိုသာ ကောင်းကျိုးပေးတာ မဟုတ်ဘူး ၊ ကိုယ့်ရင်ထဲက ဒေါသနဲ့ အညှိုးအတေးကို အေးစေတဲ့ ဆေးတစ်ခုပါ ။ လွှတ်ချခြင်း ဆိုတာကတော့ ဖြစ်ပြီးသွားတာကို ပြန်မဆွဲနဲ့ ၊ မဖြစ်သေးတာကို မကြောက်နဲ့၊ “ပစ္စုပ္ပန်” ကို သေချာနေဖို့ စိတ်ကို ပြန်တင်ပေးတာပဲ ။ တကယ်တော့ဘဝကို လေးလံစေတဲ့အရာက ပစ္စည်းတွေ မဟုတ်ဘူး ။ မလွှတ်နိုင်တဲ့ စိတ်ပါပဲ ။ ဒါကြောင့် လွှတ်နိုင်သလောက် လွှတ်ချ ၊ စွန့်နိုင်သလောက် စွန့်လွှတ် ၊ ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပါ ။ ပေါ့ပါးလွတ်လပ် လာပါလိမ့်မယ် ။ ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ ( ဟံသာမြေ ) စစ်ကိုင်း

Ashin vasettha
Ashin vasettha
Open In TikTok:
Region: MM
Wednesday 17 June 2026 04:35:23 GMT
286
74
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @upazatn, please go to the Tikwm homepage.

Other Videos


About