@ayechan678: ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေ ရေရေရာရာ မပေးပဲ တုံးကနဲ တိကနဲ ဖြတ်ခံလိုက်ရတာပေါ့ နှစ်ဦးသဘောတူမဟုတ်ပေမယ့် သူ့ဘက်က ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အဆုံး လက်သင့်ခံလိုက်ရတဲ့ ကိုယ့်သဘော ကိုယ့်ဆန္ဒမပါတဲ့ လမ်းခွဲလေးလေ ။ သူ့လမ်းသူ လျှောက်မယ်တဲ့... အင်း တစ်ခွန်းပဲ ပြောနိုင်တယ် ကိုယ်တော့ ဘယ်လမ်းကို ဘယ်လိုလျှောက်ရမလဲ လမ်းပျောက်နေခဲ့တုန်း ရိုက်ချိုးခံလိုက်ရတဲ့ ခြေထောက်တွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နော်ဆိုပြီး စာနာခံရသမျိုးလေ ဒေါသလဲထွက်ရသလို ဝမ်းလည်းနည်းရတယ် ။ ဒါပေမယ့် သူ့အတွက် ငိုခဲ့ရပေါင်းများလို့ထင်ပါတယ် ဒီတစ်ကြိမ် စို့စို့နစ်နစ်ကြီးကြေကွဲနေတာတောင် မျက်ရည်တွေက ကျမလာတော့ဘူး ပြီးတော့ ပြုံးလဲ ပြုံးမပြနိုင်ခဲ့ဘူးလေ ။ လေထဲမှာဆောက်ခဲ့တဲ့အိမ်လေး လေထဲမှာ ပျက်စီးသွားတာ မဆန်းပေမယ့်လို့ သူမပါပဲ မက်ခဲ့တဲ့ အိပ်မက်တွေမရှိတော့ ကိုယ့်မှာ ပိုခက်ခဲရတယ် သိပ်မကြာခင် ကျွန်တော်ကိုယ်ကျွန်တော်ပြန်ရှာတွေ့မှာပါ အခုလောလောဆယ်တော့ ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ တချို့အရာတွေကို ဆွဲထားနေမိတုန်းလေ ။ ဝေးများဝေးသွားရင်ဆိုပြီး စိတ်ပူနေရတဲ့ အချိန်တွေတော့ ကုန်ဆုံးသွားတာပေါ့ ခု ဆက်တွေးရမှာက သူမပါတော့တဲ့ ကိုယ့်ရဲ့အနာဂတ်လေ ဒီလမ်းခွဲမှာ သူကတော့ ပြုံးပြုံးလေး နှုတ်ဆက်နိုင်ခဲ့တယ် ကျွန်တော်ကတော့ မငိုမိအောင် အတတ်နိုင်ဆုံး ထိန်းထားနိုင်ခဲ့တယ် ။ ဒါပါပဲ ။ #foryou #fyp #foryoupage #ကျေးကို #xyzbcafypシ
KWON JIYONG
Region: MM
Wednesday 17 June 2026 07:07:54 GMT
Music
Download
Comments
Z.... :
ကိုက ကို့ကြောင့်ပဲ ပျော်စေချင်ခဲ့တာပါ ကိုအဆင်မပြေတာထက် မင်းအဆင်ပြေတာကို ကို အမြဲမြင်ချင်ခဲ့တာပါ ဘာကြောင့်ဆို ကိုကမင်းကို စပြီး ချစ်ကတည်းက မင်းကို အမြဲ ပျော်ရွှင်အောင်ထားချင်တယ် ဒီလောက်ပါပဲ ကိုက အနှောင့်အယှက်ဆိုရင် ကိုတစ်ယောက်တည်း နေရလည်း မဖြစ်နိုင်ဘူးဆိုရင်တောင် ဖြစ်အောင်နေပါမယ်
2026-06-27 07:47:15
4
Ye Zin :
ကျနော်လဲ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရဦးမယ်ဗျာ 😅
2026-08-09 10:51:25
1
⚡Phoe Chit⚡🇲🇲🇲🇲🇲🇲 :
ခုချိန်ထိ ကိုယ့်ကိုကို ပြန်မတွေ့သေးဘူးရယ်...😔
2026-08-10 15:30:16
1
zwe :
အမြဲကိုယ့်အလိုကျဘယ်ဖြစ်ပါ့မလဲ
2026-08-03 03:12:24
1
Khaing Zin Wai🎀 :
နောက်ဆုံးတော့လဲအမှန်တရားကိုလက်ခံလိုက်ရပီ😔😔
2026-08-19 16:22:31
1
Han🐈⬛ :
ဝေးလက်စနဲ့ဝေးပါစေတော့🥺🥺
2026-07-27 03:54:01
1
'kay thawe thawe khaing' :
မင်းမရှိလဲ ဖြစ်တယ်ဆိုတာအလကားပါ😢
2026-08-06 00:54:26
1
A Khin ♐ :
ဝေးသွားတာမှ တစ်သက်လုံးစာ🥺🥺
2026-07-31 16:49:19
1
Sai Min Khant (Core)™️🍀 :
စာလေး ပေးပါလားဗျာ
2026-06-17 07:44:42
1
Myat Lay Thu(ပိစိ) :
ကို့ဆန္ဒမပါဘဲ ရုတ်တစ်ရက် ရပ်တန့်ခံခဲ့ရတဲ့ အချစ်ရေးတစ်ခု ဆွဲထားဖို့ အားမရှိတော့အောင်ကို သူရက်စက်ခဲ့တယ် ဝေးရမယ်ဆိုတာ မတွေးဖူးတော့ အခုထိ ကို့မှာလက်မခံနိုင်သေး
2026-08-03 12:07:47
1
🦧 :
မဝေးပရစေနဲ့ဆိုပြီ ဆွဲထားတာတောင် ရအောင်ထွက်သွားခဲ့တာပါပဲဗျ💔
2026-07-26 05:51:47
1
𝑭𝒂𝒅𝒆 :
2026-08-02 16:51:27
1
🐥Ah Thae🐥 :
ဝေးသွားခဲ့ပီ🥰💔
2026-06-18 05:39:17
1
Moe🌸 :
ဟူးးးးး
2026-08-15 00:54:37
1
星星 ♌️ :
စာသားလေးပေးပါလား
2026-07-05 16:43:09
1
♌Hponemyat Hein♌ :
@Pandora♉ 😭😭😭
2026-08-05 20:18:18
1
Ť..🎀 :
@🤍ĂŭñĝÑýî✝✝ ကို့ဆန္ဒမပါဘဲ ရုတ်တစ်ရက် ရပ်တန့်ခံခဲ့ရတဲ့ အချစ်ရေးတစ်ခု ဆွဲထားဖို့ အားမရှိတော့အောင်ကို သူရက်စက်ခဲ့တယ် ဝေးရမယ်ဆိုတာ မတွေးဖူးတော့ အခုထိ ကို့မှာလက်မခံချင်သေးဘူးအခုဆက်ဆံရေးကြီးကိုအရင်လူတွေလို့မဟုဘူးလို့မင်းပြောခဲ့တဲ့စကားတွေကိုအခုထိပြန်ကြားယောင်နေမိတုန်းပဲ
2026-08-07 19:14:13
1
May Cho Linn🎀 :
😌😭
2026-08-12 11:05:25
1
To see more videos from user @ayechan678, please go to the Tikwm
homepage.