@babyessentials13: သားလေးကို ၁နှစ်ခွဲကနေ ၂နှစ်ထိ လုပ်ကျွေးဖြစ်တဲ့ Lunch & Dinner Menu လေးတွေပါ။ မေမေရဲ့ လုပ်နည်းလေးတွေအတိုင်းကျွေးတာ ဘေဘီလေးတွေ ကြိုက်ကြတယ်ဆိုလို့လည်း ဝမ်းသာပါတယ်နော်။ 🥣ကြက်ပြုတ်ရည်ကြိုက်တာမို့ သားလေးကို နေ့တိုင်း ကြက်ပြုတ်ရည်ပါအောင်ကျွေးဖြစ်ပါတယ်။ အဓိက ကြက်ရိုး၊ ကြက်ခေါင်း တို့ကို အသီးအရွက်တွေနဲ့ ထည့်ပြုတ်ပါတယ်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးအတွက် နေ့စဉ်စားသုံးသင့်သော အစာအုပ်စု (၅) စုမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ၁။ ကစီဓာတ် (အစေ့အဆန်နှင့် ကစီ) အုပ်စု - ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို အဓိကပေးသည်။ (ဥပမာ - ဆန်၊ ထမင်း၊ ပြောင်း၊ ဂျုံ၊ ပေါင်မုန့်၊ ခေါက်ဆွဲနှင့် အာလူး)। ၂။ ပရိုတိန်း (အသားဓာတ်) အုပ်စု - ကြွက်သားများ သန်မာစေပြီး ခန္ဓာကိုယ် တည်ဆောက်ရေးနှင့် ပြုပြင်ရေးအတွက် မရှိမဖြစ် လိုအပ်သည်။ (ဥပမာ - အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနှင့် အစေ့အဆံများ)။ ၃။ သစ်သီးဝလံ အုပ်စု - ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်၍ ရောဂါခုခံအားကို မြှင့်တင်ပေးသည်။ (ဥပမာ - ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ သင်္ဘောသီးနှင့် သရက်သီး)။ ၄။ ဟင်းသီးဟင်းရွက် အုပ်စု - အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သောကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ရောဂါများကို ကာကွယ်ပေးသည်။ (ဥပမာ - ရွက်စိမ်း ဟင်းသီးဟင်းရွက်များ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ်)။ ၅။ နို့နှင့် နို့ထွက်ပစ္စည်း အုပ်စု - အရိုးနှင့် သွားများကို ခိုင်မာစေရန် ထုံးဓာတ် (Calcium) ကို အဓိက ပံ့ပိုးပေးသည်။ (ဥပမာ - နို့၊ ဒိန်ချဉ်နှင့် ဒိန်ခဲ)။ ကျန်းမာရေးနှင့် ညီညွတ်မျှတသော နေ့စဉ်စားသောက်မှုပုံစံ ရရှိရန်အတွက် အထက်ပါ အစာအုပ်စု (၅) စုလုံးမှ အစားအစာများကို သင့်တင့်မျှတသော ပမာဏဖြင့် ရွေးချယ်စားသုံးသင့်ပါသည်။ #ကလေးဖြည့်စွက်စာ #babyfoodrecipes #foryourpage
MommyZin
Region: MM
Wednesday 17 June 2026 08:27:23 GMT
Music
Download
Comments
👫 Chaw👨👩👧 :
ဒီမေမေကလုပ်ကျွေးတိုင်းသာစားမယ်ဆိုရင်ဝမ်းသာမိမှာသမီးလေးကအရမ်းကြီးမစားလို့ခက်နေတယ်😌
2026-06-27 05:57:23
2
🍬♩ ℍ𝐒𝓾 ♗♪ :
တနေ့တမျိုးလုပ်ကျွေးကြည့်မယ်
2026-06-18 12:26:35
3
Nilar :
၂ နှစ်ပြည့်တော့မယ် ထမင်းအမာ မစားသေးလို့ 🥺
2026-06-19 11:34:29
1
Kyaw Gyi :
အတော်အားနေမှရမယ်သီးသန့်ကြီးဆို
2026-06-22 09:57:14
0
🌻 :
အဲ့လိုလုပ်ကျွေးချင်တာ ကိုယ်တော်ကဘာမှမစား😅
2026-06-22 02:40:37
0
မဆုဆု၁ :
😍😍အရမ်းကောင်း
2026-06-26 13:06:42
2
🎀✨Hazel Queen✨🎀 :
မြင်းခွါရွာက်ကဘယ်နလလောက်ကစကျွေးရလဲ11လဆိုရပိလားsis💜
2026-06-17 17:04:05
1
🤫dark night🤫🤫🤫🤫 :
မဝဘူး အိမ်ကသားက တစ်နှစ်နဲ့နှစ်လ ကိုယ်စားသလောက်ကုန်တယ် 😅😅
2026-06-29 16:41:15
0
Mi A win :
ကိုယ့်မှာက စား စေချင်လို့ ပင်ပန်း လုပ်ကျွေး သားတော်မောင်က ကျွေးရင် အကုန် ထွေးထုပ် သူမစားတော့ ကိုယ်ပဲ စားရတဲ့ ရက် ကများနေတယ် 😁😁
2026-06-22 15:49:46
2
Kayzin Lay :
ကျေးဇူးပါ
2026-06-20 09:16:59
1
😘Loung phawy🌷 :
ကြောင်စားဖို့လာနည်းလိုက်တာ😄😁
2026-06-24 08:55:04
0
Khin Yadanar Soe :
Air fryer မရှိလို့ ရိုရိုအိုးနဲ့ ကင်လို့ရလား မေမေ🥰
2026-06-20 05:13:50
1
Phu Pwint Phyu :
ကလေးတော့ ကြိုက် မကြိုက် မပြောတတ်ဘူး ကိုယ်ကတော့ အငတ်ဆိုတော့ သရေတွေကျ🤤
2026-06-19 05:22:43
1
Santyi 🍀🌸 :
ကိုယ့်ငယ်ငယ်လေးတည်းကမားမားကျွေးနေကျပုံစံလေးထမင်းမစားချင်တဲ့ကိုယ့်အတွက်ရှေ့ကနေဒုတ်တစ်ချောင်းပါချပြထားပေးတယ်ကိုယ့်အတွက်အမြဲဒုက္ခခံလာရတဲ့ချစ်မားမားလေးကိုယ့်အသက်17နှစ်မှာထမင်းလုံးဝမစားနိုင်တော့ဆန်ပြုတ်လေးကိုပုံစံမျိုးစုံနဲ့စားချင်အောင်ပြင်ပေးရှာတယ်သုံးနှစ်ကျော်ပီကိုယ့်အခြေအနေလေးတစ်နေ့တစ်ခြားပိုဆိုးလာမှန်းသိပေမဲ့မားမားပါးပါးကိုယ့်အတွက်ပိုမခံစားရအောင်သူတို့ ရှေ့ဆိုအဆင်ပြေသလိုနေပီးအမြဲပြုံးနေပေးတယ်မျက်ရည်မကျအောင်ဝမ်းနည်းစိတ်တွေလည်းအမြဲထိန်းချုပ်ထားရပါတယ်ရှင့်
2026-06-30 06:14:51
0
Ryujin :
ကလေးသနားပါတယ် အပူစာတွေကြီးပဲကျွေးနေတာ
2026-06-29 11:25:13
0
Ko Zaw :
အသီးအရွက်အကုန်ပျို့ထွက်ပြတာ
2026-06-29 15:47:30
0
တာယာပွကြီး🇲🇲✅ :
မအားတော့ဘာမှမကြွေးဖြစ်ဘူး ခုတော့ ကြက်ဉကြီးဘဲ ကျန်တာသိပ်မစားတော့ဘူး
2026-06-22 16:59:48
0
🍓🐰mee mee🍓🐰 :
🥰🥰
2026-06-22 05:27:14
0
SuSuWai :
😳😳😳
2026-06-22 13:34:48
0
Kaung Htet Phyo :
😳😳😳
2026-06-27 15:44:22
0
Nothing :
😳😳😳
2026-06-23 14:51:00
0
Nothing :
🥰🥰🥰
2026-06-23 14:51:02
0
Kaung Htet Phyo :
🥰🥰🥰
2026-06-27 15:44:26
0
Saw Myint Wai :
🥰🥰🥰
2026-06-21 13:58:16
0
🌼Thiri🌼 :
😂😂😂
2026-06-17 09:28:24
0
To see more videos from user @babyessentials13, please go to the Tikwm
homepage.