@.gue10: #တစ်ယောက်ကိုတစ်ယောက်ဘယ်နှစ်ကြိမ်လောက် ခွင့်လွှတ်ခဲ့ပြီးပြီလဲ" တဲ့..။ စာသားလေး သဘောကျမိသလို ဆက်တွေးမိတာတွေလည်း အများကြီးပဲ။ ဟုတ်တယ် ။ ဆက်ဆံရေးတွေ ၊ ပတ်သတ်မှုတွေအချိန်ကြာမြင့်စွာ တည်မြဲနေဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်ဘဲ။ လူနှစ်ယောက် ဆက်နွယ်ထားတဲ့ Relationship တွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ အကျင့်စရိုက်တွေ အတွေးအခေါ် ကွာခြားမှုတွေ ခံယူချက်ချင်း သဟဇာတမဖြစ်မှုတွေကို အများကြီး ညှိနှိုင်းခဲ့ကြရမှာ။ အပြန်အလှန် သည်းခံခဲ့ရတာတွေလည်း ရှိမှာပါပဲ။ အများကြီးလည်း ခွင့်လွှတ်ခဲ့ကြရမှာပဲ။ ကိုယ့်စိတ်နဲ့ကိုယ်တောင် တစ်သားတည်းမဖြစ်တဲ့ လူ့သဘာဝကြားထဲ လူနှစ်ယောက် စိတ်သဘောထားချင်းညီဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ တစ်ယောက်က အရေးတကြီး မဟုတ်ဘူးလို့ တွေးတဲ့ ကိစ္စတွေကို တခြားတစ်ယောက်က အရေးတကြီးလို ခံစားရတာလည်း ရှိခဲ့ကြမယ်။ တစ်ဖက်ရဲ့ ရိုးရိုးသားသားနားမလည်တဲ့ အမှားသေးသေးတွေက တစ်ဖက်အတွက် ကြီးမားတဲ့ ထိခိုက်မှုမျိုးဖြစ်သွားတာတွေလည်း ရှိမယ်။ ပျော်စရာတွေ ရှိသလို စိတ်ပျက်ရတာတွေ စိတ်တိုရတာတွေလည်း ရှိကြမှာပဲ။ တစ်ယောက်ကိုတစ်ယောက် အလိုမကျတိုင်းသာ လက်လွှတ်ခဲ့ကြမယ်ဆိုရင် သက်ဆုံးတိုင်ဆိုတဲ့စကားတွေ ရိုးမြေကျဆိုတာတွေလည်း ရှိလာတော့မှာမဟုတ်ဘူး။ လူနှစ်ယောက် နှစ်တွေအကြာကြီး အတူရှိသွားကြတယ်ဆိုတာမျိုးကလေ အရာရာထပ်တူညီပြီး တစ် သဘောထားတည်း ဖြစ် နေလို့မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ခွင့်လွှတ်ခဲ့ကြလို့ပဲ။ ဘယ်နှစ်ကြိမ်လဲ မမှတ်မိနိုင်တော့တဲ့အထိ အကြိမ်ပေါင်းများစွာပေါ့။ တစ်ယောက်ကို တစ်ယောက် ခွင့်မလွှတ်နိုင်ရင် ကျွန်တော်တို့ ဘယ်လိုမှ ရှေ့ဆက်လို့မရဘူး မဟုတ်လား။ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က နားထောင်ပြီး အလေးထား ပြင်ဆင်ပေးဖို့လိုသလို တစ်ယောက်ရဲ့ အပြစ်တွေကို တစ်ယောက်က ခွင့်လွှတ်ပေးတတ်ဖို့လည်း အမှန်တကယ် လိုအပ်ပါ သေးတယ်။ ဒါကြောင့် အချိန်ကြာကြီး တူတူရှိသွားချင်ကြတဲ့အခါ တချို့မသိတတ်မှုတွေ အမှားလေးတွေကို သက်ပြင်းချရင်း ခေါင်းလေးယမ်းရင်း ခွင့်လွှတ်လိုက်ကြရတာပါပဲ။ #နှင်းခါးဝိုင် #Crd
GUE
Region: MM
Wednesday 17 June 2026 11:28:42 GMT
Music
Download
Comments
Nadi :
ပြန်တင်မယ်နော်
2026-07-05 07:06:27
1
T🍀 :
စာသားလေးလိုချင်လို့ပါ🥰
2026-07-05 09:22:44
0
𝓟𝓱𝔂𝓸 𝓛𝓪𝓮 𝓦𝓪𝓲🎀 :
စာသားလေးပြန်တင်မယ်နော်🥰
2026-07-05 03:49:31
2
徐洋洋🌟💪🌹 :
စာသားလေးကူးမယ်နော်မမ
2026-07-05 09:13:19
0
🌿May🌿 :
ပြန်တင်မယ်နော်
2026-07-05 06:26:22
1
*အနော်* :
စာသားလေးချပေးပါလားဗျ🥰
2026-07-02 16:02:24
1
Mariana :
စာသားပြန်တင်ပါရစေရှင့်
2026-07-05 08:29:09
0
🐷may🐷 :
နေသားကျနေပ့pမမရယ်
2026-07-02 06:16:03
1
👸 ℰ𝒾 𝒫𝒽𝓎𝓊 𝒵𝒾𝓃 👸❤️ :
စာသားလေးပြန်တင်မယ်နော်
2026-07-05 08:47:33
0
Angel Angel :
စာသားလေးပြန်တင်မယ်နော်🥰
2026-07-05 08:23:59
0
ayemya :
နေသားကျနေပါပြီ
2026-06-25 07:28:51
2
makeupartistei :
ခေါ်လိုက်ရမလား
2026-06-17 13:39:18
1
tint tint👻 :
အများကြီး ပြောင်းလဲလာပြီဘဲ
2026-07-02 23:16:07
0
(Giada ♏ ) :
အဝင် call မရှိရင် ခေါ်လိုက်တယ်လေ 🤭🤭
2026-06-17 12:34:09
0
💦 Myat Myat 💦 :
စာသားလေးချပေးပါလား
2026-07-05 04:42:56
2
Mon🍂🌻 :
စာသားလေးလိုချင်တယ်မမ🥺
2026-06-24 17:27:13
1
🌸 khaing Zin Win :
စာသားလေးလိုချင်လို့ရမလားမမ
2026-06-28 03:11:22
0
L ♡💜 :
စာသားလေးယူမယ်နော်
2026-07-05 04:16:08
0
Zar Ni :
🥰🥰🥰
2026-06-17 12:15:14
1
Mai Aye Aye Khaing :
😳😳😳
2026-07-05 08:38:55
0
To see more videos from user @.gue10, please go to the Tikwm
homepage.