@zayartbz7news: မြိတ်မြို့တွင် အထက်တန်းကျောင်းသား ၃ ဦး စီးလာသည့် ဆိုင်ကယ်ကို ကားဖြင့်တိုက်မှုဖြစ်ပွားပြီး ကားသမားထံမှ လာဘ်ယူ၍ ရဲစခန်းက အမှုဖွင့်ပေးရန် ငြင်းဆန် (ရုပ်/သံ) ရန်ကုန်၊ ဇွန် ၁၇ တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်အတွင်း ကျောင်းသား ၃ ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို ကား ၁ စီးက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကားသမားဖြစ်သူက ငွေကြေးနှင့် အာဏာကို အသုံးပြုကာ အမှုမှန်ကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည့်အပြင် ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်သမားများကိုပါ တရားပြန်စွဲရန် လုပ်ဆောင်နေကြောင်း ကားတိုက်ခံရသည့် ကျောင်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီခန့်အချိန် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ပင်လုံအိမ်ရာရှေ့တွင် အထက (၁) မြိတ် ၌ ပညာသင်ကြားနေသည့် ကျောင်းသား ၃ ဦး စီးနင်းလာသော ဆိုင်ကယ်ကို ကားက ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်မိပြီးနောက် ကားသမားသည် ဒဏ်ရာရရှိသူများကို ကူညီခြင်းမပြုဘဲ တာဝန် မဲ့စွာ ပစ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါ ကားသမားက အမှန်တရားကို ဖုံးကွယ်ရန်အတွက် ဆိုင်ကယ်က ကားကို ဝင်တိုက်ခြင်း ဖြစ်သည်ဟု သတင်းလွှင့်နေသည့်အပြင်၊ ဒဏ်ရာရရှိသွားသည့် ကျောင်းသားလေးများကို တရားခံအဖြစ် ပြောင်းလဲကာ တရားပြန်လည်စွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။ "လူကတော့ မသေဘူး။ အတိုက်ခံရတာက ကျွန်တော့်တူပါ။ အခုက ဆိုင်ကယ်ကို တရားပြန်စွဲနေလို့ ကားသမားက ငွေနဲ့ အမှန်တရားကို ဖုံးကွယ်ထားလို့ပါ။ မြိတ်မြို့မရဲစခန်းကလည်း ကျွန်တော်တို့ဘက်က သွားဖွင့်တာကို အမှုမဖွင့်ပေးဘူး" ဟု ထိခိုက်ခံရသည့် ကျောင်းသားတစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ လက်ရှိတွင် ကျောင်းသားမိဘများ၏ အမှုဖွင့်ရန်တိုင်ကြားချက်ကို ရဲစခန်းက အမှုဖွင့်ပေးရန် ငြင်းဆန်နေပြီး ကားသမားဘက်က ငွေအားသုံး၍ အမှုမှန်ကို လိမ်လည်ရန် ကြိုးစားနေသည့်အတွက် အခင်းဖြစ်ပွားရာ နေရာအနီးရှိ ဗီဒီယို (CCTV မှတ်တမ်း) များကို ကြည့်ရှုပြီး အမှန်တရား ပေါ်ပေါက်လာစေရန် ဝိုင်းဝန်းကူညီပေးကြပါရန် ကျောင်းသားများ၏ မိဘများက တောင်းဆိုထားကြသည်။@ZayarTBZ 7.1News🍉 @ZayarTBZ 11 News #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ပြည်တွင်းသတင်း #ဒေသသတင်းရင်းမြစ် #zayartbz #မြန်မာသတင်း
ZayarTBZ 7 News
Region: TH
Wednesday 17 June 2026 11:34:22 GMT
Music
Download
Comments
ပန်းချစ်သူ :
2026-06-17 12:36:36
0
user1493799098805 :
မဟုတ်ဘူးဘာပဲဖြစ်ဖြစ်ဆိုင်ကယ်မှားတယ်
2026-06-17 12:11:38
18
Ba Thaung :
ဆိုင်ကယ်မှားပါတယ်
2026-06-17 13:18:25
1
Sex boy(♒)Official53916 :
ဆိုင္ကယ္က မွားတယ္
2026-06-17 13:09:26
0
နှင်းဆီ :
😭😭😭
2026-06-17 14:02:33
0
ဇွဲထက်နိုင် :
🥰🥰🥰
2026-06-17 11:57:43
0
မောင်မောင်ဂျေ :
😳😳😳
2026-06-17 13:09:19
0
Aung Naing :
😳😳😳
2026-06-17 11:58:19
0
makuing29 :
🥺🥺🥺
2026-06-17 12:48:28
0
zaw moe :
🥰🥰🥰
2026-06-17 12:29:29
0
user4477923983 :
❤️❤️❤️
2026-06-17 11:58:26
1
Okehd Okfhd :
🥰🥰🥰
2026-06-17 12:49:05
0
thaungoo55 :
🥰
2026-06-17 12:49:41
1
To see more videos from user @zayartbz7news, please go to the Tikwm
homepage.