@kiko257: လောကမှာ သူတစ်ပါးအပေါ် စေတနာထားရတာ၊ ညှာတာပေးရတာကို သဘောကျွလို့ "လူကောင်း" အဖြစ် နေထိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့ ဘဝ က ပေးတဲ့ သင်ခန်းစာတွေကတော့ အရမ်းကို ရင်နာဖို့ကောင်းပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘက်က အလျှော့ပေးတယ်၊ အလိုလိုက်တယ်၊ အမြဲတမ်း နားလည်ပေးတယ်ဆိုတာ သူတို့ကို တန်ဖိုးထားလွန်းလို့ပါ။ ဒါကို တစ်ဖက်လူတွေက "တန်ဖိုး" လို့ မမြင်ဘဲ " အခွင့်အရေး" လို့ မြင်သွားကြတာ ခံရခက်ပါတယ်။ ငါတို့ဘက်က ဘယ်လောက်ပဲ ကောင်းကောင်း ဒီလူကတော့ ငါ့ကို စိတ်ဆိုးမှာ မဟုတ်ပါဘူး၊ ငါ့အနားက ထွက်သွားမှာမဟုတ်ပါဘူးလို့ သူတို့ စိတ်ချသွားတဲ့ အခါ... စကားပြောတာကအစ၊ ပြုမူဆက်ဆံတာကအစ အလေးအနက်မထား တော့ဘဲ ပေါ့ပျက်ပျက်နဲ့ ဂရုမစိုက်သလို ဆက်ဆံတတ်ကြပါတယ်။ ကိုယ့်ရဲ့ စေတနာတွေကို အဖတ်မလုပ်တာမျိုး ခံရဖူးတဲ့အခါ "လူကောင်းဖြစ်ရတာ တကယ် ကို ပင်ပန်းပါတယ်" ဆိုပြီး စိတ်ကုန်သွားရတာ မဆန်းပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာတော့ ဘယ်သူ့အပေါ် မှ အလွန်အကျွံ ကောင်းမပြတော့ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ "လူဆိုး" တစ်ယောက် မဖြစ်ချင်ပေမယ့်... ကိုယ့်သိက္ခာနဲ့ ကိုယ့်အတိုင်းအတာကို ကျော်ပြီး အနှိမ်ခံရမယ့် "လူကောင်းအနုစား" တော့ အဖြစ်မခံနိုင်တော့ပါဘူး။ ကိုယ့်ရဲ့ စေတနာကို တန်ဖိုးထားတတ်တဲ့သူ၊ ကိုယ့်ကို လေးလေးစားစား ပြန် ဆက်ဆံတတ်တဲ့သူမျိုးကိုပဲ ကောင်းပေးတော့မယ်။ အကောင်းမြင်တတ်တဲ့ ကိုယ့် စိတ်ကို အခွင့်ကောင်းယူပြီး ပေါ့ပျက်ပျက် လုပ်ခွင်တဲ့သူတွေအတွက်တော့... မျက်နှာသာမပေးဘဲ ပြတ်ပြတ်သားသား ကျောခိုင်းတတ်ဖို့ လိုအပ်လာပါပြီ။ လူတိုင်းအပေါ် လိုက်ပြီး ကောင်းပေးနေရလောက်အောင် ငါတို့ဘဝက အချိန်တွေ အလကားရနေတာ မဟုတ်ဘူးလေ...။ #crd #fyp #feelings
Kiko
Region: MM
Wednesday 17 June 2026 12:44:48 GMT
Music
Download
Comments
Hsu🤎 :
Crd ပြန်ယူတင်ပါရစေရှင့်💚
2026-07-02 12:13:51
1
𝓐𝓻𝓴𝓪𝓻 𝓟𝓱𝔂𝓸 :
အမှန်ပဲ စေတနာကလူတိုင်းနဲ့မတန်ဘူးဗျ
2026-06-20 07:09:11
4
🐼💗𝒥𝓊𝓁𝒾ℯ𝓉💗🐼 :
Storyတင်ခွင့်ပြုနော်
2026-07-18 10:17:14
1
Shine Htet :
ပြန်တင်လို့ရမလာ☺☺☺
2026-06-20 00:17:00
1
U Win Htike :
ကောင်းလိုက်တဲစားသား card ပေးပါတယ်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-20 08:32:16
1
MR. T REX 🦖 :
Chou Ben ပေးရတယ်တဲ့💀
2026-06-20 14:45:21
1
🇯🇵jandi🇯🇵 :
သဘာဝတရားတွေကလှလိုက်တာ
2026-06-24 03:02:22
1
🌸Su Pone Chit🌸 :
ပြန်တင်ခွင့်ပြုပါ
2026-06-20 02:08:38
1
~Ĥ👸💫 :
ဟုပ်တယ်😥
2026-06-19 13:40:37
1
ÃÑGÛSTÏÑÒ :
အမှန်တရားတခု☺️
2026-06-20 12:18:08
2
fuck🗣 :
crdပါ🥺
2026-06-20 06:30:04
1
🌸 :
crdပါရှင့် ပြန်ယူတင်မယ်နော်
2026-06-29 04:18:50
1
Y🎸♐ :
11:06
2026-06-19 16:36:18
1
Ei Ei Sandar💕💕 :
စာသားလေးယူသုံးပါရစေရှင့်.🥰🥰
2026-06-19 16:22:47
1
The boys is H'☃️🫧 :
ဟုတ်ပါရဲ့🐣
2026-06-19 06:48:25
1
🌸Su🌸တောင်တွင်းသူလေး :
အမှန်ပါပဲဗျာ 😔😔😔😔😔
2026-06-19 14:00:49
1
Phyo♓ :
storyလေးတင်ခွင့်ပြုပါ🥰
2026-06-19 14:53:52
1
💙♥️Thiri🍓🍓 :
repost လေးပြန်လုပ်ပါရစေ
2026-06-19 14:11:16
1
PPW :
story တင်ခွင့်ပြုပါရှင့်။
2026-06-19 14:41:46
1
Thet🩵 :
ယူသုံးမယ်ဗျာ
2026-06-20 00:10:06
1
မောင် ရှီယူ🩶 :
sty bro😳
2026-06-20 08:31:19
1
lai234 :
စာသားလေးယူခွင့်ပြုပါ
2026-06-19 13:11:15
1
✨ :
crdပါဗျာ ပြန်ယူတင်မယ်နော်🥰
2026-06-20 07:44:08
1
To see more videos from user @kiko257, please go to the Tikwm
homepage.