@uzin.myo3: ၃၀။ 'သင်္ကန်းအဓိဋ္ဌာန်တင်နည်း, စောင့်ရှောက်နည်း, စွန့်နည်း'။ 'သင်္ကန်း ၉ ထည်' (အဆက် - ၁။) "မဇ္ဈိမတွင်၊ ထက်၀က်တင်၊ မျက်မြင် ငါတို့မှာ"။ 'ပကတိပုရိသ'။ 'မျက်မြင် ငါတို့မှာ' ဆိုသည်ကား ပကတိ ပုရိသကို ဆိုသတည်း။ မဇ္ဈိမတွင် ထက်၀က် တင်သည်ရှိသော် မဇ္ဈိမ (၂၄)သစ်၊ (၁)တောင် သည် ပကတိ (၃၆)သစ်၊ (၁)တောင့်ထွာဖြစ် သည်။ မဇ္ဈိမ (၁၂)သစ်၊ (၁)ထွာသည် ပကတိ (၁၈)သစ်၊ (၁)ထွာ၊ (၆)သစ်ဖြစ်သည်။ [မဇ္ဈိမနှင့် ၀ဍ္ဎကီကား တူ၏။ 'လက်သမားတောင်' ဟု ခေါ်သည်။] "ဓိဋ္ဌာန်ဝိကပ်၊ လောက်ပြီမှတ်၊ အာပတ် ၀တ္ထုလာ"။ 'ပကတိပုရိသ'ခေါ်သော ငါတို့အတောင် အထွာအားဖြင့် အယုတ်ဆုံး အလျား (၁)တောင့် ထွာ၊ အနံ (၁)ထွာ, (၆)သစ်ရှိသော အ၀တ်ထည် သည် အဓိဋ္ဌာန်လောက်၏၊ ၀ိကပ္ပနာလောက်၏။ သင်္ကန်းသာမညနှင့် စပ်ယှဉ်သော ထိုထိုသိက္ခာ ပုဒ်တို့၌ 'ဝိကပ္ပနုပဂံ ပစ္ဆိမံ စီ၀ရံ = ဝိကပ္ပနာပြု လောက်သော အယုတ်ဆုံး (အငယ်ဆုံး)သင်္ကန်း သည်'ဟူ၍ အာပတ်၀တ္ထုအဖြစ်ဖြင့် လာ၏။ "ကိုယ်ပိုင် သန္တက၊ ရသည်မှ၊ ဒသက ရက်တွင်းမှာ၊ ဓိဋ္ဌာန်တင်မှု၊ ဝိကပ်မှု၊ မပြု အာပတ်လာ"။ မိမိတို့ အတောင်နှင့် အလျား (၁)တောင့်ထွာ၊ အနံ (၁)ထွာ, (၆)သစ်ရှိသော အ၀တ်အထည်မျိုး၊ ထိုထက် အလျား, အနံ ကြီးသော အ၀တ်အထည် မျိုးတို့ကို ကိုယ်ပိုင် သန္တကအဖြစ်နှင့် ရခဲ့သည်ရှိ သော် ရသောနေ့မှစ၍ (၁၀)ရက်အတွင်း၌ အဓိဋ္ဌာန်သော်လည်း တင်ရာ၏၊ ၀ိကပ္ပနာသော် လည်း ပြုရာ၏။ တစ်ခုခု မပြုခဲ့သော် (၁၁)ရက် အရုဏ်တတ်သည်နှင့် တစ်ပြိုင်နက် 'နိဿဂ္ဂိပါ စိတ်အာပတ်' သင့်၏။ (ဤ၌ 'ကထိန်နုတ်ပြီး သည့်နောက်ကို ဆိုလိုသည်'ဟူ၍ သိပါ။) လဆန်း (၁)ရက်နေ့ရလျှင် ထိုရရာရက်၏ လာလတ္တံ့သောအရုဏ်မှစ၍ (၁၀)အရုဏ်လွန် လျှင် (၁၁)ရက်နေ့ဘက် ရောက်လျှင်) 'ဒသာဟာတိက္ကန္တ' ဖြစ်၏။ လဆန်း (၁)ရက်၏ လွန်ပြီးအရုဏ်ကို ထည့်၍မတွက်ရ။ (အဋ္ဌကထာ ၌ '(၁၁)အရုဏ်ဆိုသည်မှာ လွန်ပြီးအရုဏ်ပါ ဆို ခြင်းဖြစ်သည်' ဟူ၍ 'ပါတိမောက်ဘာသာဋီကာ' ၌ ဆို၏။) 'အရုဏ်'ဟူသော စကားဖြင့် တစ်ရက်လုံးကို သိမ်းကျုံးလိုရင်းဖြစ်၏။ ထို့ကြောင့် လဆန်း (၁) ရက်နေ့ မွန်းတည့်အချိန်မှာဖြစ်စေ၊ ညဉ့်သန်းခေါင် စ အချိန်မှာဖြစ်စေ သင်္ကန်းရလာခဲ့သည်ရှိသော် လဆန်း (၂)ရက်နေ့ အရုဏ်တတ်လျှင် ထိုနေ့ ဆုံး ၏။ ထိုအခါမှ လဆန်း (၁)ရက် နံနက်အရုဏ်ကို ထိုသင်္ကန်း ရသည်မည်၏။ ငါ့သင်္ကန်းသည် (၁) အရုဏ် ရပြီဆိုရ၏။ (ဝါဆို ဝါပန်အရာ ပရိဝါသ်, မာနတ် စသည်တို့၌လည်း ဤနည်းအတူ။ ၀ိနယ သံခိပ်ကျမ်း။) အဓိဋ္ဌာန်တင်ခြင်းမှာ 'ငါ့ဥစ္စာ' ဟု အမှတ်ပြုရန်ဖြစ်သည်။ ဝိကပ္ပနာပြုခြင်းမှာ 'ငါ့ ဥစ္စာ'ဟု အာသာမကပ် ကင်းကွာလတ်အောင် ပြု ခြင်းဖြစ်သည်။ "ပရိက္ခာရ၊ စောဠ အမည်၊ သူ့အမည်၊ နှစ်ထည် အဓိဋ္ဌာန်"။ အဓိဋ္ဌာန်တင်နည်းသည် ပရိက္ခာရစောဠအမည် နှင့်တင်နည်း၊ 'သံဃာဋိ, ဥတ္တရာသင်္ဂ, အန္တရဝါသက, ပစ္စတ္ထရဏ' အစရှိသော အသီးသီးသော သူ့အမည် နှင့် တင်နည်း ဟူ၍ တင်နည်း (၂)ပါးရှိ၏။ "ပရိက္ခာရ၊ စောဠ အသုံး၊ ကိုးထည်လုံး၊ ရှေးထုံး အစဉ်အလာ"။ 'ရိက္ခာရစောဠ' ဟူသော အမည်နှင့် အဓိဋ္ဌာန် တင်နည်းသည် သင်္ကန်း (၉)ထည်တို့တွင် သပိတ် အိတ်, ဖိနပ်အိတ် အစရှိသော ပရိက္ခာရစောဠ အထည်မျိုးတို့ ၌သာ တင်ရသည်မဟုတ်၊ (၉) ထည်လုံး၌ပင် တင်လိုသော် တင်ရသော ရှေးထုံး အစဉ်လာသည်။ (ဖုံ, စောင်, ခေါင်းအုံး, ကော်ဇော တို့ကိုမူကား အဓိဋ္ဌာန်တင်ဖွယ် မလိုပြီ။) "ကိုယ်, နှုတ် နှစ်ပြင်၊ တစ်အင်အင်၊ တင်လေ အဓိဋ္ဌာ"။ 'သင်္ကန်းအဓိဋ္ဌာန်တင်နည်းသည် ကိုယ်အင်္ဂါ ဖြင့်တင်ခြင်း၊ နှုတ်အင်္ဂါဖြင့် တင်ခြင်း'ဟူ၍ (၂) ပါး ရှိ၏။ ထို(၂)ပါးတို့တွင် တစ်ပါးပါးဖြင့် တင် လေ' ဟူလိုသည်။ ကိုယ်အင်္ဂါဖြင့်တင်ရာ၌ "ဣမံ စီ၀ရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ"ဟု နှလုံးသွင်းနှင့် တကွ အ၀တ်သင်္ကန်းကို လက်ဖြင့် ကိုင်တွယ်၍ သုံးသပ်ရသည်။ နှုတ်အင်္ဂါဖြင့် တင်ရာကား အ၀တ်သင်္ကန်းကို အာရုံပြု၍ "ဣမံ စီ၀ရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ" ဟု နှုတ်မြွက်ရသည်။ နှုတ်ကလည်းဆို၊ ကိုယ်ကလည်း သုံးသပ်ပေမူ ကိုယ်, နှုတ် (၂)ပါးဖြင့် တင်သည်မည်၏။ 'ဝိနည်းဥပဒေတော်ကြီး၊ စာမျက်နှာ (၂၂၂၊ ၂၂၃။)' (17. 6. 2020) ဝိစာရ (ကွေ့မ) ဒက္ခိဏာရာမကျောင်းတိုက်
Uzin Myo
Region: MM
Wednesday 17 June 2026 14:56:14 GMT
Music
Download
Comments
TN(MWD) :
👍👍👍
2026-06-18 01:32:01
0
TN(MWD) :
🥰🥰🥰
2026-06-18 01:32:08
0
To see more videos from user @uzin.myo3, please go to the Tikwm
homepage.