@kaungmobile.4085x86: အထင်လွဲခံရပြီး ဘာမှ ပြန်မပြောခြင်းဟာ သဘောထား ကြီးမှု တစ်မျိုးပါ အဖြစ်အပျက် အမှန်ဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ် စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ စိတ်ရင်းကောင်းမှုတမျိုးပါ မေတ္တာ ရဲ့ အအေး အနွေး ဟာ အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ် အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တမျိုးပါ အကျင့် ကောင်းတယ် မကောင်းဘူး ဆိုတာ အချိန်က ရှင်းလင်း ပေးသွားပါလိမ့်မယ် ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနှင့် ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနှင့် နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ် သလို...... နားမလည်ချင်တဲ့ သူအတွက် ရှင်းပြလည်း အပို ဖြစ်နေတတ်တယ် စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့ ပါးစပ် ပိတ်တတ်ဖို့ သင့်တစ်တသက်တာ ကြိုးစား ကြည့်လိုက်ပါဦး 🤫 ဝမ်းနဲစရာ ကောင်းတာက အခုထက်ထိ ပါးစပ်က လွှတ်ခနဲ ဖြစ်လို့ကောင်းတုန်း ဘဝ🤫 အမြင့်ဆိုတာ... ပညာ ဘယ်လောက်တတ်တယ် ဗဟုသုတ ဘယ်လောက် ရှိတယ်ဆိုတာနဲ့ မသက်ဆိုင်ပါ ဒေါင်ကျကျ ပြားကျကျ အပြုံး မပျက်တဲ့ မဟာ သဘောထား မျိုးကို ဆိုလိုပါတယ် စိတ်သဘောထား ကြီးတယ်ဆိုလဲ သင် လူဘယ်လောက်များများ သိတယ် ဘယ်လောက်များများ ခင်မင် တာနဲ့လဲ မသက်ဆိုင်ပါ.... သင်လူ ဘယ်လောက်များများ ကို လက်ခံခွင့်လွှတ်နိုင်တာနဲ့ ပိုမိုသက်ဆိုင်ပါတယ် လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ နောက်ဆုံးမှာ တကယ်မနစ်နာသလို ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ နောက်ဆုံး တကယ် မရှုံးပါဘူး ကိုယ့်ကိုကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်✍️ #ကြိုးစားနေတယ် #လူငယ်များဆီသို့ #တိပ်စိတ်စွာနေထိုင်ပါ🤫 #ဘဝတူညီကိုများ #🇯🇵kaungmobile🍎
🇯🇵Kaung mobile 🍎
Region: MM
Wednesday 17 June 2026 15:20:45 GMT
Music
Download
Comments
👉A Z P👈 :
အရမ်းကောင်းတာဗျာ
2026-06-18 02:29:56
1
🅐.🅝.🅦 𝑫𝑰𝑨𝑹𝒀 ♍ :
အထင်အမြင်တွေကို ငြိမ်ခံပြီး
အချိန်ကို စောင့်နေရုံနဲ့တော့
အမှန်တရားဆိုတာ သူ့အလိုလို ထွက်မလာဘူး
ကိုယ့်ဘက်က ရဲရဲဝံ့ဝံ့ ရှင်းပြမှသာ
ဝါးမြိုခံထားရတဲ့ အမှန်တရားတွေ
အသက်ဝင်လာမှာပါbro
စိတ်ဒဏ်ရာရတိုင်း နှုတ်ပိတ်နေတာဟာ
သဘောထားကြီးတာ မဟုတ်ဘူး
ကိုယ်တိုင်ခံစားရတဲ့ မတရားမှုတွေကို
တိတ်တိတ်လေး အားပေးလိုက်တာနဲ့ အတူတူပဲ
အစော်ကားခံရတိုင်း ခွင့်လွှတ်ခြင်းဆိုပြီး
အပြုံးနဲ့ တုံ့ပြန်ဖို့ဆိုတာ
ထိုက်တန်သူနဲ့ မထိုက်တန်သူဆိုတာရှိတယ်
ကိုယ့်သိက္ခာကို ကာကွယ်ဖို့အတွက်
တစ်ခါတလေမှာ အသံထွက်ပြီး ပြန်ပြောဖို့က
အရေးကြီးတဲ့ အရည်အချင်းတစ်ခုပါ
ရှင်းပြဖို့ မလိုဘူးဆိုတာ
အကြောက်တရားရဲ့ နောက်ကွယ်က အကြောင်းပြချက် ဒါကိုယ့်ခံယူချက်
ကိုယ့်ဘက်က မှန်တယ်ဆိုရင်
ကြားမယ့်သူရှိရှိ၊ မရှိရှိ
အမှန်တရားကိုတော့ ထုတ်ဖော်ပြသသင့်တယ်
ပါးစပ်ပိတ်ဖို့ ကြိုးစားတာထက်
တချို့ ကိုယ့်အမှားကို သူ့အမှားဖြစ်အောင်
ပြောတတ်တဲ့ သူတွေနဲ့ တွေ့ရင်
မတရားမှုတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြနိုင်ဖို့က
ပိုပြီးတော့ ခက်ခဲသလို ပိုပြီးလည်း တန်ဖိုးရှိတယ်
အမြင့်ဆိုတာ...
အရာရာကို ခေါင်းငုံ့ခံပြီး
မုန်တိုင်းကို အေးဆေးကြည့်နေတာ မဟုတ်ဘူး
ကိုယ်တိုင် မုန်တိုင်းထဲမှာ ရပ်တည်ပြီး
မှန်ကန်ကြောင်း သက်သေပြနိုင်တဲ့ စိတ်ဓာတ်ပါ
စိတ်သဘောထား ကြီးတယ်ဆိုတာ
လူတိုင်းကို ခွင့်လွှတ်ပေးလိုက်ခြင်းမဟုတ်၊
ကိုယ့်တန်ဖိုးကို ဘယ်သူမှ မထိပါးရအောင်
စည်းခြားပြီး ရပ်တည်နိုင်ခြင်းသာ ဖြစ်တယ်
အတွေ့အကြုံ သင်ခန်းစာမှာ
ကိုယ်တိုင်သည်းခံဖူးလို့
အလွန်အကျွံ သည်းခံနေရင်
နောက်ဆုံးမှာ လူမိုက်စာရင်းဝင်တတ်တယ်
အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တုံ့ပြန်သူဟာ
နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာရှိရှိ ပြန်လည်အနိုင်ယူနိုင်ပါတယ်
2026-06-17 16:11:54
4
Thein Zaw :
🥰🥰🥰
2026-06-18 07:40:51
1
Aung Thuyi Ya :
🥰🥰🥰
2026-06-18 08:19:33
1
Hnin Aye Laing :
😔
2026-07-09 02:16:31
0
aung nyie htwe :
🥰🥰🥰
2026-06-22 05:59:30
0
To see more videos from user @kaungmobile.4085x86, please go to the Tikwm
homepage.