@antylay72: 1 - စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။ 2 - အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။ 3 - ကိုယ့်အားကိုယ်ကိုးပြီး အရောက်လှမ်းသွားမယ့် ပန်းတိုင်လေးတစ်ခု အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။ 4 - တစ်ခါတလေ ငိုစရာရှိရင် လူမရှိတဲ့ တစ်နေရာသွားပြီး အော်ငိုပစ်လိုက်ပါ ငိုသင့်ရင်လည်း ငိုလိုက်ပါ မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။ 5 - တစ်ခါတလေ ဝမ်းနည်းနေရင်လည်း အားရပါးရ ငိုချပစ်လိုက်ပါ ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။ 6 - အဆင်မပြေရင်လည်း အဆင်ပြေသလိုနေပါ.. တချို့ကျတော့ ကြိုးစားပေမဲ့ အဆင်မပြေပြန်ဘူး... မကြိုးစားဘဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်သွားကြတယ်။ 7 - ထပ်ပြီး ကြိုးစားပါ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင် ဘယ်လောက်ပဲအသက်တွေရရ ဖြစ်လာနိုင်ပါတယ်။ 8 - ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။ 9 - ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။ 10 - လောကမှာ နားမလည်တဲ့ အရာတွေ ရှိနိုင်ပါတယ် အရေးကြီးတာက နားမလည်တာကို နားလည်အောင် ကြိုးစားဖို့ပါ။ 11 - အကောင်းစား ရေမွှေးနံ့တွေ မလိုဘူး ... ကိုယ်ကျင့်တရားကောင်းအောင်နေပါ ကိုယ်ကျင့်တရားကောင်းရင် စိတ်ထားကောင်းရင် ကိုယ်သင်းနံ့မွှေးနေမှာပါ။ 12 - ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့... အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။ 13 - အမှားရှိခဲ့တိုင်းလည်း အပြစ်မဟုတ်ပါဘူး... တချို့အမှားတွေက သန့်ရှင်းပါတယ် လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အဓိကက အမှားတွေကို သင်ခန်းစာအဖြစ်ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့ အမှားထဲမှာ တဝဲဝဲလည် မနေတတ်ဖို့ဘဲလိုတယ်။ 14 - လူလူချင်း စာနာတတ်သူ.. စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ.. နားလည်ခွင့်လွှတ်ပေးနိုင်သူ တစ်ဦးဖြစ်အောင် ကြိုးစားပါ။ 15 - ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့..။ 16 - ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ... ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံ ရှိနေဖို့တော့ လိုတယ်။ 17 - " ချစ်တယ်" ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။ 18 - " ဆောရီး"ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။ 19 - ချမ်းသာတဲ့ သူငယ်ချင်း၊ အပေါင်းအသင်း ရှိဖို့မလိုဘူး … နေပူမိုးရွာ လက်ချင်းတွဲလို့ ... ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့် သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။ 20 - သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းလိုချင်ရင်... သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ကတော့ အဓိကပဲ သူတပါးအပေါ်ကို ကောင်းမှသာသူ့တပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။ 21 - ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် သူများအပေါ်ကိုလည်း ကောင်းလိုက်ပါ တစ်ခါတရံ မကောင်းတဲ့သူမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ …။ ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့ မထိုက်တန်ရင်... မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး မိတ်ဆွေကောင်း မဟုတ်သူတွေကတော့ သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။ 22 - အားနည်းချက်ရှိလို့လည်း စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့... လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့ လူရယ်လို့ လောကမှာ မရှိပါဘူး... ဒါကြောင့် အားငယ်ပြီး စိတ်မပျက်ပါနဲ့... မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။ စိတ်ထားလှရင် ဘဝက လှပပါတယ်…။ #crd_to_owner_with_respect #AT🙆🏼♀️
AT 🙆♀️
Region: MM
Wednesday 17 June 2026 16:24:03 GMT
Music
Download
Comments
Akbarchalki Chalki :
Yes right good post 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-12 12:33:21
0
အဆိုတော်နိုင်ဖြိုး :
အားပေးပါတယ် ကျွန်တော်ကသီချင်းသစ်သုံးပုဒ်ထွက်ထားတဲ့ အဆိုတော်နိုင်ဖြိုးပါခင်ဗျ ကျွန်တော့အကောင့်ထဲဝင်ပြီးကျွန်တော်သီဆိုထားတဲ့သီချင်းတွေနားထောင်ပြီး Follow လုပ်ပေးခဲ့ပါဉီးနော်
2026-08-07 02:27:51
13
Yadanar Soe :
ဟန်ဆောင်မြိုသိပ် ရတာပင်ပန်းတယ်ကွယ်
အပေါ်ယံ သာယာတဲ့ ဘဝကိုပဲ မြင်ကြတာပါ ကိုယ်ပိုင်အိမ်ကြီးနဲ့နေရတာဆိုပေမဲ့
သားသမီး4ယောက်အတွက် ပညာရေး
ကျမ်းမာရေး စားဝတ်နေ ရေးကိုအခုဖြေရှင်းနိုင်ပေမဲ့ ငါ မဖြေရှင်းပေးန်ုင်တဲ့တစ်နေ့လို့သာ----တွေးကြည့်ယုံနဲ့
မျက်ဝန်းက မျက်ရည်က အရင်ပါးပြင်ထက်စီးကျလာပီး မွန်းကျပ်ခဲ့ရပါတယ် အခုဤစာကိုရေးနေရင်းတောင် မျက်ရည်ဝဲမိပါတယ်
ဤ--🙏-မှန်သောသစ္စာ စကားကြောင့်🙏
ကလေးတွေကို--ပျော်ရွှင်အောင်ထားနိုင်တဲ့။ မေမေ ဖြစ်ရပါစေသား🙏
2026-08-21 03:07:17
12
Ko Myo Aung :
Thsnk
2026-08-16 08:21:34
2
💗🍀May_Zar_Pwint_Phyu_Soe🍀💗 :
အကြိုက်ဆုံးသီချင်းလေး💞💞💞
2026-08-16 06:39:26
2
လှဧကရီ🧵🪡 :
အရမ်းကောင်းတယ်စာသားတွေဖက်ပြီတော့ခွန်အားအသစ်တွေလဲအများကြီးရပါတယ်သီချင်းကလဲအရမ်းကောင်ပါတယ်ကျေးဇူပါ
2026-09-05 13:46:05
3
Daw?su :
အရမ်ကိုကောင်းလွန်းတယ်တိုက်ဆိုင်လိုက်တာ
2026-09-10 03:45:41
1
Ah Roi :
အရမ်းကြိုတ်မိတဲ့သီးချင်းလေး🥺
2026-08-16 12:19:12
2
San Tun min :
အချောလေးဒီဘတ်ကိုလှည့်ပါအုန်း
မျက်နာလေးမြင်ကြည့်ချင်လို့
2026-08-16 16:31:48
2
dawlaelaewin401 :
စာသားကအရမ်းကောင်လိုက်တာဒီထက်အောင်မြင်ပါစေ🤣🤣🤣🤣🤣
2026-09-07 12:15:35
1
K :
verry good
2026-08-19 04:42:42
1
Ha Kim :
ကျိုက်တယ်ဗျား
2026-08-16 16:47:11
1
Ko Aung ko :
ကျေးဇူးပါ
အလင်းပြပေးတဲ့အတွက်
2026-08-18 16:52:50
1
Htu Nu :
အရမ်ကြိုက်တယ်
2026-08-16 07:47:08
1
may myat Noe :
❤️❤️❤️
2026-08-16 15:45:54
1
kyawmoe :
မမ်ားပါဘူးငါပေလာက္ခ်စ္လယ္
2026-08-16 16:49:31
1
နိစ္စ🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵 :
ငိုပြီ
2026-08-25 04:21:32
1
San Tun min :
🥰🤣ကျန်တော်အသံလား
2026-08-16 16:25:46
2
Khin Mg :
🥰🥰🥰🥰
2026-08-16 10:44:22
1
Kham Thi Han :
အရမ်းကိုခွန်အားဖြစ်စေရပါတယ်ချစ်
2026-08-29 14:58:58
2
၀၉၆၇၄၆၄၁၇၀၅. ဦးအောင် ၁၅၈၈၉၃ :
အထက်တန်းစားကျွန်ဆိုတယ့်ဘဝက
ဘီလရံနာသူဌေးရယ့်ကျွန်လားဗျ
မသိလို့မေးကြည့်တာပါ
🥰🥰🥰🥰🥰
2026-07-04 13:34:24
3
YanLin TK :
အရမ်းကောင်းတဲ့စာသား
လေးစားပါတယ်
2026-08-16 13:16:30
3
San Tun min :
ကျန်တော်ရေးခဲ့မိတာလား
ကျန်တော်ရေးခဲ့တာလား
ကွန့်မန်းထဲကစာလား
ဖတ်ရတာ ဝမ်းသာမိပါ၏
ဖတ်ရ ရေးရ တာတန်ပါတယ်
2026-08-16 16:29:08
3
Soemoe :
သခြင်းလေးကြိတ်တယ်ဗျ
2026-09-11 13:37:22
1
win :
သီးချင်လေကိုနားထောင်ရတာအဝေရောက်နေတဲသားကိုပိူလွမ်းတယ်
2026-09-05 10:53:58
1
To see more videos from user @antylay72, please go to the Tikwm
homepage.