@dhammapiya3: မြတ်စွာဘုရားက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု၊ တခြားသူအပေါ် နှိမ်လိုမှုဆိုတဲ့ မာန်မာနနဲ့ ပတ်သက်ပြီး လောကမှာ လိုက်နာဖို့ ဟောထားတာ အလွန်မှတ်သားစရာ ကောင်းတယ်။ ကိုယ်တိုင် လိုက်နာကျင့်သုံးဖို့ပဲလိုတယ်ပေါ့…နော်။ မြတ်စွာဘုရားက “ငါသည်သာ မြတ်၏၊ ငါသည်သာ သိ၏၊ ငါ့ထက်သာသူ မရှိ” ဆိုပြီး စိတ်ထဲမှာ မာနတက်လာလို့ရှိရင် စိတ်ချမ်းသာမှု ပျောက်ဆုံးသွားလိမ့်မယ်။ ဒါက သတိထားရမယ့် အချက်နော်။ ကိုယ့်ရဲ့ မာန်မာနကို ချဖို့ဆိုတာ ကျင့်ဖို့တော့ မလွယ်တော့ မလွယ်ဘူးပေါ့။ လူတွေက ထင်တယ်၊ တပည့်တော် မာနမတက်ဘဲ မနေနိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတာပဲလို့ဆိုပြီး။ မာနနဲ့ ဂုဏ်ယူတာ မတူဘူးလေ။ မာနဆိုတာ စိတ်ကို ဖောင်းပွပြီး ကြမ်းတမ်းစေတာ။ နေနိုင်အောင် အတွေးတစ်ခုနဲ့ လိုက်နာကျင့်သုံးရမယ်။ အဲဒီတော့ မြတ်စွာဘုရားက “လောကအလယ်မှာ ကိုယ့်ကိုယ်ကိုယ် ကြီးမြတ်လှပြီဆိုတဲ့ အထင်နဲ့ မာန်မာနတွေ တက်မလာစေနဲ့၊ ငါ့ထက် နိမ့်ကျပါတယ်ဆိုပြီး တခြားသူအပေါ် နှိမ်ချချင်တဲ့ စိတ်တွေ မဖြစ်စေနဲ့တဲ့၊ မဖြစ်အောင် ထိန်း” လို့ ဆိုလိုတယ်။ မထိန်းရင် ဘာဖြစ်မလဲဆိုတော့ မြတ်စွာဘုရားက “အေး... မထိန်းနိုင်ဘူး၊ မာနတွေ ကြီးစိုးနေမယ်ဆိုလို့ရှိရင် မင်းရဲ့ ရင်ထဲမှာ ဘယ်တော့မှ စိတ်ချမ်းသာမှုကို ရလိမ့်မှာ မဟုတ်ဘူး၊ တိုးတက်လမ်းတွေ ပိတ်သွားလိမ့်မယ်”တဲ့။ မြတ်စွာဘုရားက “မာနဖြစ်နေမယ်ဆိုရင် ဒီမာနက မင်းအတွက် စိတ်ဆင်းရဲစရာ အန္တရာယ်ချည်းပဲ” လို့ ပြောတာ…နော်။ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်ပြီး မာနတက်နေပြီဆိုလို့ရှိရင် ဒါ ကိုယ့်ရဲ့ စိတ်ဓာတ် ပျော့ညံ့မှုနှင့် ကိုယ့်ရဲ့ စိတ်ဓာတ် ညစ်နွမ်းသွားမှုဆိုတာ ဒါ ကိုယ့်အတွက် စိတ်ဆင်းရဲမှုအန္တရာယ်တစ်ခုပဲ။ မကောင်းကျိုးပေးဖို့ရာ ကိုယ့်ရင်ထဲမှာ အဆိပ်ဝင်လာသလိုပဲ၊ ကိုယ့်သွေးသားထဲမှာ အဆိပ်တွေ ရောက်လာသလိုပဲ။ မာနဆိုတဲ့ တရားကို ကိုယ်က လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ထိုမာနက ကိုယ့်ကို အမြဲတမ်း ပူလောင်စေပြီး စိတ်ဆင်းရဲစေမှာ သေချာတယ်လေ။ ဒါကြောင့်မို့လို့ မာန်မာနတွေ ကြီးနေမယ်ဆိုရင် မင်းပဲ စိတ်ဆင်းရဲရမယ်၊ မာန်မာနချနိုင်မှသာလျှင် စစ်မှန်တဲ့ ရင်တွင်းအေးချမ်းမှု၊ စိတ်ချမ်းသာမှုကို ရရှိမှာ။ ဘုန်းကြီးတို့တတွေ လောကအလယ်မှာ အဆင်ပြေပြေ နေထိုင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ မာနကို နှိမ့်ချထားနိုင်ဖို့ လိုတယ်။ မာနကြီးတဲ့သူမှာ ဘာမှမဖြစ်သေးခင် ကိုယ့်မှာ မာနထောင်လွှားလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်အတွက် စိတ်အေးချမ်းမှုတွေ၊ စိတ်ကောင်းနှလုံးကောင်းတွေ၊ သူတော်ကောင်းတရားတွေ ဆုံးရှုံးသွားတာတွေ ဒီလို ဖြစ်သွားနိုင်တယ်” လို့ ဒီလိုဆိုလိုတယ်နော်။ #မာန်မာနချမှစိတ်ချမ်းသာရ #ရင်တွင်းအေးချမ်းမှု #စိတ်ချမ်းသာခြင်း #သူတော်ကောင်းတရား #မာန
🍂☸️ Dhamma talk 🍂☸️
Region: MM
Thursday 18 June 2026 00:36:52 GMT
Music
Download
Comments
Daw Khin Ou :
မှန်လှပါဘုရား
2026-06-27 11:14:03
1
Moe Kyi :
မှန် လှပါဘုရား🙏🙏🙏
2026-06-20 15:31:43
1
🥃🥃🥃 :
🙏🙏🙏
2026-06-18 05:16:51
1
my eye on she didn't know 🤭🤗 :
🙏🙏🙏
2026-07-12 08:13:13
0
U Zaw Min Oo :
🙏🙏🙏
2026-06-20 01:58:52
1
Aung Lynn :
🙏🙏🙏
2026-07-08 05:28:48
1
user7437522769515 :
🙏🙏🙏
2026-06-20 16:12:10
1
ukyaw8992 :
🥰🥰🥰
2026-06-24 14:34:04
1
Kyal. Lay. Grandramother :
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
2026-07-05 04:21:54
1
ခင်များတို့ရဲ့ကိုကြီး :
🙏🙏🙏
2026-06-20 16:18:44
1
Aye Aye Myint1 :
🙏🙏🙏
2026-06-19 06:00:31
1
ko,zaw :
🙏🙏🙏
2026-06-20 16:02:30
1
kaung Htet Naing :
🥰🥰🥰
2026-07-09 05:08:48
1
thin :
🙏🙏🙏
2026-06-18 12:31:40
1
888888 :
👏👏👏👏👏
2026-06-20 14:27:10
1
Sayar Lay :
🥰🥰🥰
2026-06-18 14:46:18
1
Min Thu kha 1348 :
🙏🙏🙏🙏🙏
2026-06-18 09:00:28
1
📷 Ru📷 jyin📷 :
🥰🥰🥰
2026-06-18 02:29:36
1
yy :
🙏🙏🙏
2026-06-18 02:00:19
1
Zaw Win Tun :
🙏🙏🙏
2026-06-18 01:33:20
1
kan nyunt :
🥰🥰🥰
2026-07-10 04:29:32
1
To see more videos from user @dhammapiya3, please go to the Tikwm
homepage.