@sitisuhaibah287: #Khit Thit သတင်းဌာန၏ ဇွန် ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပွားနေပေမယ့် တရုတ်နိုင်ငံအနေနဲ့ကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မူဆယ်-မန္တလေး ရထားလမ်း အပါအဝင် အဓိကစီမံကိန်းတွေ ဆက်လက် အကောင် အထည်ဖော်မယ်ဆိုပြီး ယမန်နေ့ကပဲ တရုတ် နဲ့ မြန်မာစစ်အုပ်စု နှစ်နိုင်ငံပူးတွဲ ကြေညာချက် ထုတ်ပြန်လာပါတယ်။ ချင်းပြည်နယ် တောင်ပိုင်း တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်တပ်က အထိနာနေပြီး လေယာဉ်နဲ့ လူအင်အားဖြည့်တင်းတာတွေနဲ့ ဒဏ်ရာစစ်သားတွေကို ပြန်သယ်တာတွေလုပ်နေတယ်လို့ ယောအလင်းတန်း တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ စစ်တပ်က အထိနာနေတဲ့အတွက် KIA/PDF ဝတ်စုံတွေပါ ဝတ်ဆင်ပြီး တိုက်ပွဲ ဖော်ဆောင် ရတဲ့အခြေနေအထိ ဖြစ်နေတယ်လို့ ရွှေကူ PDF တပ်ရင်းက ဇွန်လ ၁၇ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ ထုတ်ပြန်လာပါတယ်။ အမေရိကန်နဲ့ အီရန်နိုင်ငံအကြား ရရှိထားတဲ့ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်အရ အီရန်ဟာ နူကလီးဗုံးထုတ်နိုင်တဲ့ သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုတွေကို လျှော့ချ ဖို့ သဘောတူညီလိုက်ပါတယ်။ ဒါဟာ "အမေရိကန် ပြည်ထောင်စုအတွက် အရမ်းကို ကြီးမားတဲ့ အောင်ပွဲတစ်ခုဖြစ်တယ်" လို့ အမေရိကန် အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။ @💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Region: MY
Thursday 18 June 2026 06:27:22 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @sitisuhaibah287, please go to the Tikwm
homepage.