@tulipflower154: #သံမဏိနှင်းဆီ 🌹🌹🌹🌹🌹 "စု" ဆိုပေမဲ့ သူတစ်ယောက်တည်းရတဲ့ဆု မဟုတ်၊ ပြည်သူသန်းပေါင်းများစွာရဲ့ မျှော်လင့်ချက်ဆုတံဆိပ်ပဲ။ တစ်နေ့နေ့မှာ ရင်ဖုံးအင်္ကျီလေးနဲ့၊ ချိတ်ထမီလေးနဲ့ ပြန်လာမယ့်လမ်းတစ်လျှောက် နှင်းဆီနီနီတစ်ပွင့်ကိုင်ပြီး ကျွန်တော်တို့ စောင့်ကြိုနေဦးမယ်။ ကြွေစေချင်လို့ ချွေကြပေါ့၊ ချွေတဲ့လက်တွေသာ ကြွေသွားမယ်။ နှင်းဆီကတော့ ရနံ့မပျောက်ဘဲ ရဲရဲပွင့်နေဦးမှာဘဲ မွှေးရနံ့သင်းပျံ့မှာစိုးလို့ လှောင်ပိတ်ထားကြပေမဲ့ ရနံ့ဆိုတာ ချုပ်ထားလို့မရ၊ တစ်တိုင်းပြည်လုံးမှာ မွှေးမြနေဆဲပဲ။ မုန်တိုင်းတွေ ဘယ်လောက်ကြမ်းကြမ်း ဒူးမထောက်ခဲ့တဲ့ အမေ၊ ခေါင်းမငုံ့ခဲ့တဲ့ အမေ၊ နှလုံးသားနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ အမေဟာ #ယနေ့လည်းနှင်းဆီ၊ နောင်လည်းနှင်းဆီ၊ ထာဝရလည်းနှင်းဆီ... HAPPY BIRTHDAY 81 YEAR OF. COURAGE 81 YEAR OF. HOPE 81 YEAR OF. INSPIRATION YOU ARE NOT ALONE THE WORLD. STAND WITH YOU #May our beloved Mother be blessed with a long and fulfilling life. #May she enjoy many more years of strength, peace, and happiness. #May she always remain healthy, safe, and free from all dangers. With love and gratitude, we wish her a life filled with blessings and enduring joy. 🌹🌹🌹🌹🌹❤❤❤❤❤