@uregyi: တစ်ချိန်ချိန်မှာအားလုံးနဲ့ ခွဲခွာပြီး သံသရာတစ်လျှောက် ကိုယ်ပြုလာခဲ့တဲ့ ကုသိုလ်ကံနှင့် အကုသိုလ်ကံ တွေကိုသာ အဖော်မွန်ပြုလို့ ဘဝသံသရာပြီးဆုံးသည့် နိဗ္ဗာန်ရောက်သည်အထိ ဘဝသံသရာခရီးကို ကိုယ်တစ်ယောက်တည်း သွားရမှာပါ။ မနက် က •• ဒကာတစ်ယောက်က လျှောက်တယ်။ သူက မိသားစုနဲ့ ခွဲသွား ရနိုင်တဲ့ ကျန်းမာရေး အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့ ဆိုတယ်။ ဆေးရုံ တက်နေချိန် မှာဆို ရှင်ကွဲ၊ ကွဲနေရတယ်။ ဆေးရုံက ပြန်မလာ နိုင်တော့ရင် သေကွဲ၊ ကွဲရတော့မယ့် အခြေအနေလို့ ဆိုတယ်။ သုံးနှစ်အရွယ် သမီးငယ်လေးက သူ ဆေးရုံ၊ ဆေးခန်း သွားရခါနီးတိုင်း ငိုတယ် တဲ့။ ဒါကြောင့် သူ့ကို စိတ်အား ရှိစေမယ့် တရားဓမ္မ ဟောကြားပေးပါလို့ လျှောက်ထား လာတယ်။ ဟိုတုန်းက •• သူရူး တစ်ယောက်က ရေအိုင်စပ်မှာ ထိုင်နေတုန်း ရေအိုင်ထဲကို တောဘဲအုပ်ကြီး ကျလာတယ်။ သူက တောဘဲအုပ်ကြီးကို သူပိုင်တဲ့ ဘဲတွေလို့ သတ်မှတ်ပြီး တုတ်တစ်ချောင်းကိုင်ပြီး ဘဲကျောင်း နေခဲ့တယ်။ ငါ့ဘဲတွေလို့ စိတ်ကူးယဉ် ကောင်းနေတုန်း ညနေ အချိန်ကို ရောက်လာတယ်။ ညနေ ရောက်တော့ •• တောဘဲတွေက ကောင်းကင်ပျံတက်ပြီး အိပ်တန်းဆီ ပြန်ကြတယ်။ အဲဒီ အခါမှာ •• သူက တုတ်တစ်ချောင်းကိုင်ပြီး ငါ့ဘဲတွေ၊ ငါ့ဘဲတွေ ဘယ်သွား ကြတာလဲ လို့ အော်ရင်းနဲ့ ဘဲအုပ်ကြီးနောက်ကို ပူဆွေးစွာနဲ့ ပြေးလိုက်သွားတယ်။ တကယ်က သူ့ဘဲတွေမှ မဟုတ်ဘဲ။ လူကောင်း ဆိုရင်လည်း တောဘဲအုပ်ကို ကိုယ့်ဘဲအုပ်လို့ ထင်ပါ့မလား။ မထင် ပါဘူးနော်။ ဘဝ တစ်ခုမှာ •• ခဏတာ တွေ့ဆုံ၊ ကြုံကြိုက်ရတဲ့ သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်းကို လူတွေက ကိုယ့်အပိုင်လို့ ထင်နေကြတယ်။ တကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ မပိုင်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင် ပါဘူးနော်။ သေရင် ထားခဲ့ ရမှာပဲ မဟုတ်ပါလား။ အကြောင်း သင့်တုန်းလေးမို့ •• တဒင်္ဂ ပေါင်းဆုံ နေကြရတာ ဖြစ်တယ်။ အကြောင်း မသင့်တဲ့တစ်နေ့ သေခွဲ၊ မဟုတ်ရင် ရှင်ခွဲ၊ ခွဲကြ ရမှာဘဲ။ ဒါက •• ကိုယ့်တစ်ယောက်ထဲဘဲ ဖြစ်နေတာလား ဆိုတော့ မဟုတ်ဘူး။ (၃၁)ဘုံလုံး ဖြစ်နေကြတာ။ ကိုယ့်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒါက (၃၁)ဘုံမှာ ရှိတဲ့ သတ္တဝါတွေ အားလုံးအတွက် ဖြစ်ရိုးဖြစ်စဉ် တစ်ခုမျှသာ ဖြစ်တယ်။ သို့သော်လည်း •• ကိုယ့်ဘဲအုပ်ကြီးလို့ စိတ်ကူးယဉ် ကောင်းနေတုန်းမှာ ရုတ်တရက် ခွဲရတော့ အတော် ခံစား ကြရတယ်နော်။ သတင်းစာတွေရဲ့ •• နောက်ကျောမှာ ပါတဲ့ ကိုယ်နဲ့ သိကျွမ်းခြင်း မရှိတဲ့ သူတွေရဲ့နာရေး သတင်းတွေကို ဖတ်မိတဲ့ အခါမှာ ဘာ ခံစားရလဲ။ ဘာမှ မခံစားရဘူး မဟုတ်ပါလား။ ကိုယ်နဲ့ ဆိုင်တယ်၊ ကိုယ်ပိုင်တယ် လို့ သတ်မှတ် မထားလို့ပေါ့နော်။ ကိုယ်ပိုင်တယ်၊ ကိုယ်နဲ့ ဆိုင်တယ် လို့ သတ်မှတ်ထားရင် ခံစား ကြရတယ်။ ဒီတော့ •• သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်းတွေကို ကိုယ်ပိုင်တယ်၊ ကိုယ်ဆိုင်တယ် ဆိုတဲ့ အထင်၊ အမြင် မှားနေမှုကို သတိလေးနဲ့ လျော့ချရမယ်။ ကိုယ် မထားခဲ့လဲ တစ်နေ့မှာ သူတို့က ကိုယ့်ကို ထားခဲ့မှာဘဲ။ ဒီသဘာဝကို နားလည်၊ လက်ခံ နိုင်ရမယ်။ ကိုယ်တကယ် ပိုင်တာ၊ ကိုယ်တကယ် ဆိုင်တာက သံသရာတစ်လျှောက် ကိုယ်ပြုလာခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေပဲ ဖြစ်တယ်။ ကိုယ့်ဘဝ သံသရာရဲ့အဖော်မွန် အစစ်ဆိုတာ ကိုယ်ပြု ထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေသာ ဖြစ်တယ်။ သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်း ဆိုတာက သုဿ န် ဟိုဘက်အထိ လိုက်လို့ မရဘူး။ ကိုယ်ပြုထားတဲ့ ကံတွေကတော့ ကိုယ်သွားရာ သံသရာကို နိဗ္ဗာန် မရောက်မချင်း အရိပ်လို လိုက်ပါ နေကြမှာ ဖြစ်တယ်။ လူဆိုတာ •• အကြောင်းဆုံလို့ ပေါင်းဆုံ ရတဲ့အခါမှာ အကောင်းဆုံးနဲ့ ပေါင်းဆုံ ခဲ့ကြသလို အကြောင်း မဆုံတော့လို့ ခွဲကြ ရတော့မယ် ဆိုရင်လည်း အကောင်းဆုံးနဲ့ ခွဲနိုင်ဖို့ လိုတယ်။ ကိုယ်က •• သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်း တွေကို စွဲလမ်း၊ တပ်မက်စိတ်နဲ့ သေတယ်ဆိုရင် မကောင်းတဲ့ ဘုံဘဝကို လားရောက် ရမယ်။ ကိုယ့်ရဲ့ •• စွဲလမ်း၊ တပ်မက်စိတ်က သူတို့ကို ကောင်းကျိုး တစ်စုံတစ်ရာ ပြုနိုင်သလား ဆိုတော့ မပြုနိုင်ဘူး။ ကိုယ့်အတွက် •• ကောင်းကျိုး ပြု သလား ဆိုတော့လည်း မပြုပါဘူး။ နှစ်ဖက်ရှုံး၊ ရှုံး စေတယ်နော်။ ဒါကြောင့် •• နှစ်ဖက်ရှုံး၊ မရှုံး ရအောင် ဒီအချိန်က စလို့ မိသားစုကို ငါတကယ် မပိုင်၊ ငါတကယ် မဆိုင်ဘူးလို့ နားလည်၊ လက်ခံပါ။ ဒီ အခြေအနေက •• ငါ့တစ်ယောက်ထဲ ကြုံနေရတာ မဟုတ်ဘူး ဆိုတာကိုလည်း နားလည် လက်ခံပါ။ မိသားစုကို ချစ်သလို၊ ငါ့ကိုယ် ငါလည်း ချစ်မှ တော်မယ်လို့ တွေးပြီး ဒါန၊ သီလ၊ ဘာဝနာ အမှုတို့ကို ဘဝသံသရာမှ လွတ်မြောက်နိုင်သည့် နိဗ္ဗာန် ရောက်သည်အထိ ရည်မှန်းပြီး စွမ်းအား ရှိသလောက် ပြုလုပ်၊ အားထုတ်ပါ။ မိသားစုဆိုတာ တစ်ချိန်ချိန် မှာတော့ ကိုယ် မခွဲရင်လည်း သူတို့က ကိုယ့်ကို ခွဲခဲ့ မှာဘဲနော်။

U RE☸
U RE☸
Open In TikTok:
Region: MM
Thursday 18 June 2026 07:23:42 GMT
66640
3158
33
163

Music

Download

Comments

yaminpo20
Po Po :
စာသားလေးcopy ချပေးပါနော်
2026-07-02 04:13:14
0
chit.ko.oo0637
Chit Ko Oo :
ဘယ်သူလည်းဘုရား
2026-06-18 07:25:52
1
phyopyaeaung579
U pyae phyo Phyo :
သီချင်းနံမည်လေး
2026-06-19 16:28:46
0
ashinkaw3
🚬ဦးဂျက်🚬 :
စာသာလေး ချပေးပါလား plz
2026-06-20 12:38:28
0
ko.htwe4861
Aung Ko Htwe :
🥺😥😭 အဲ့လိုဖြစ်ချင်နေတာ 😞
2026-06-20 13:45:07
0
thiha.phyo6074
thiha phyo :
စာသားလေး လိုချင်လို့ပါဗျ
2026-06-20 12:19:24
0
nyi.nyi.zin09
Nyi Zin 🤠 :
copy လေးချပေးပါလားဗျာ
2026-06-20 07:02:13
0
khinmaythein06
🌹May🌹 :
စာသားလေးcopyချပေးပါလား🥰🥰🥰
2026-06-22 07:43:12
1
trizer.maharthwin
🌻khit khit May May♉🌻🍀🐉 :
အဲ့လိုဘဲ ပီးဆုံးလိုက်ချင်တယ် ပင်ပန်းလိုက်တာ😔😔😔
2026-06-30 05:09:38
0
user497959891
Si Thu :
လူ့ဘဝအရမ်းပင်ပန်းပါတယ် ငွေရှိတဲ့သူတွေအတွက်ကတော့ လူ့ဘဝကိုအရှည်ကြီးဆွဲဆန့်ချင်ကြတာပါ😭
2026-06-19 03:10:10
2
myatpankhin86
ပန်းချစ်သူ86 :
တချိန်က အဲ့တရားလေးနဲ့ တခြားသူကိုတရားချခဲ့ပေမဲ့ အခုသေတော့မလိုကြုံခဲ့ရပြီး ဒီတရားကိုပြန်မြင်ရတယ်
2026-06-19 03:30:58
1
zero.to.hero999
MNL 😊 💙 🇲🇲🇲🇲 :
လူ့ဘဝဆိုတာခဏတာသာ။ခဏတာအတွက်လူတွေဟာဒုက္ခသုခမျိုးစုံအောင်ခံစားရချိန် ကုသိုလ်သာပါအောင်လုပ်သွားကြဖို့လိုပါတယ်
2026-06-20 13:47:53
0
phyopyaeaung579
U pyae phyo Phyo :
သီလျ
2026-06-19 16:28:28
0
nainghtet743
Naing :
ထပ်ပြီးမနာကျဥ်ရတော့ဘူးပေါ့လေလွတ်လပ်သွားပြီ
2026-07-01 06:17:09
0
drruby_jane04
R ᴜ ʙ ʏ 🧸 :
နောက်တစ်ဘဝက ဘာမှန်းမသိနိုင်ပေမယ့် ဒီတစ်ဘဝတော့ အမြန်ပြီးချင်ပြီ . မွေးဖွားလာပြီး ချစ်ချင်းမခံရတဲ့လောကဟာ ငြီးငွေ့စရာပါ
2026-06-23 17:05:33
0
laypyayhlaine
Lay PyayHlaine👑(OFFICIAL)🌸❤❤ :
ပူလောင်မှုတွေချုပ်ငြိမ်းသွားတာပါ
2026-06-26 12:26:15
0
htet.phyo.aung268647
HTET PHYO AUNG (မောင်စောင်း) :
😳😳😳
2026-06-18 07:28:56
1
usoemoeaung86
😊 U Oo Smile 😊 :
🙏🙏🙏
2026-06-18 08:28:41
1
zinko1393
Zin Min Aung :
🥺🥺🥺
2026-06-20 07:03:22
0
pnaneisan
ရေပြင်ထက်ကလရိပ် :
😳😳😳
2026-06-24 17:37:50
0
user399194909
လပြည့်လေး123 :
♥️♥️♥️
2026-06-27 06:58:52
0
To see more videos from user @uregyi, please go to the Tikwm homepage.

Other Videos


About