@urfav_brunette417:

phoebe_douroux801
phoebe_douroux801
Open In TikTok:
Region: US
Thursday 18 June 2026 15:28:32 GMT
162
6
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @urfav_brunette417, please go to the Tikwm homepage.

Other Videos

မြို့ထဲ ဆွမ်းခံကြွနေတုန်း  နောက်ကျောကို လိုက်ရိုက်သည့် ပုဏ္ဏား ​ ​အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် သာဝတ္ထိပြည်၌ သီတင်းသုံးနေစဉ်၊ လူအများက မထေရ်မြတ်ကြီး၏ သည်းခံနိုင်မှုစွမ်းအားကို နှုတ်ဖျားဝယ် အထပ်ထပ်အခါခါ ချီးမွမ်းပြောဆိုနေကြသည်။ ထိုအခါ သာဝတ္ထိမြို့ထဲက ပုဏ္ဏားတစ်ယောက်သည်
မြို့ထဲ ဆွမ်းခံကြွနေတုန်း နောက်ကျောကို လိုက်ရိုက်သည့် ပုဏ္ဏား ​ ​အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် သာဝတ္ထိပြည်၌ သီတင်းသုံးနေစဉ်၊ လူအများက မထေရ်မြတ်ကြီး၏ သည်းခံနိုင်မှုစွမ်းအားကို နှုတ်ဖျားဝယ် အထပ်ထပ်အခါခါ ချီးမွမ်းပြောဆိုနေကြသည်။ ထိုအခါ သာဝတ္ထိမြို့ထဲက ပုဏ္ဏားတစ်ယောက်သည် "ဒီမထေရ်ကြီးက သည်းခံတယ်ဆိုပဲ၊ လူတွေရဲ့ နှုတ်ဖျားမှာလည်း သည်းခံတဲ့အကြောင်းတွေ အတန်တန် ပြောနေကြတယ်။ ဒီမထေရ် ဘယ်လောက်သည်းခံတယ်ဆိုတာ ငါစူးစမ်းချင်သေးတယ်၊ ငါလေ့လာချင်တယ်၊ စမ်းသပ်ချင်တယ်" ဟု ကြံစည်လေသည်။ ​သီလ၊ သမာဓိ၊ ပညာ ဖြစ်ထွန်းရန်အတွက် ခန္တီ (သည်းခံခြင်း) သည် အဓိကပဓာန ဖြစ်သည်။ သည်းခံခြင်းမရှိဘဲနှင့် သီလဖြစ်ဖို့မလွယ်၊ သည်းခံနိုင်မှုစွမ်းအားမရှိဘဲနှင့် သမာဓိဖြစ်ဖို့မလွယ်၊ သည်းခံနိုင်မှုစွမ်းအားမရှိဘဲနှင့် ပညာရဖို့လည်း မလွယ်ကူကြောင်း မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့သည်။ မှန်လှပါပေသည်၊ ဗိုက်ဆာတာမျှကိုပင် သည်းမခံနိုင်လျှင် ရှစ်ပါးသီလထိန်းဖို့ မဆိုထားနှင့်၊ တစ်ဖက်သားကို မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ရန်အတွက်ပင် သည်းခံနိုင်စွမ်းမရှိပါက သီလဆောက်တည်ရန် မလွယ်ကူချေ။ ​ထို့ကြောင့် သီလဆိုသည်မှာ သည်းခံမှုအပေါ်၌ မူတည်နေသဖြင့် သည်းခံမှုသည် အလွန်အရေးကြီးသည်။ ပညာသင်ယူရာ၌လည်း ဤအတိုင်းပင်ဖြစ်ရာ ဆရာသမားများ၏ ငေါက်ငမ်းမှုကို ခံနိုင်ရည်ရှိခြင်း၊ အချိန်နာရီအလိုက် စာပေသင်ကြားရခြင်းတို့၌ သည်းမခံနိုင်သော ပုဂ္ဂိုလ်သည် ပညာရရန် မလွယ်ကူနိုင်ပေ။ သမာဓိထူထောင်သည့် ဝိပဿနာတရား အားထုတ်နေသော ပုဂ္ဂိုလ်များလည်း ထို့အတူပင် ခန္တီမပါဘဲနှင့် သမာဓိဖြစ်ရန် မလွယ်ကူသည့်အတွက်ကြောင့် မြတ်စွာဘုရားရှင်က "သီလသမာဓိပညာနံ ခန္တီ ပဓာနကာရဏံ" ဟု ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ ​မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်အခိုက်၊ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို ကြည်ညိုလေးစားကြသည့် ဒကာ၊ ဒကာမအပေါင်းတို့က "တို့မထေရ်မြတ်ကြီးက အရမ်းသည်းခံတယ်၊ သည်းခံမှုကြီးမားတဲ့နေရာမှာ တို့မထေရ်ကြီးက နံပါတ်တစ်ပဲ" ဟု အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် သည်းခံခြင်း၏ စွမ်းအားကို ချီးမွမ်းကြလေသည်။ ​ထိုသို့ ချီးမွမ်းကြစဉ် ပုဏ္ဏားကြီးသည် စမ်းသပ်လိုသောစိတ်ဖြင့် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး သာဝတ္ထိမြို့ထဲ ဆွမ်းခံကြွနေတုန်း နောက်ကျောကို လိုက်ပြီး အားပြင်းစွာ ရိုက်နှက်လိုက်လေသည်။ ရိုက်လိုက်သည့်အခါ အရှင်သာရိပုတ္တရာကြီး ရှေ့သို့ ယိုင်သွားသော်လည်း နောက်သို့လည်း လှည့်မကြည့်၊ "ငါ့ကို ဘယ်သူရိုက်တာလဲ၊ ဘာဖြစ်လို့ ရိုက်တာလဲ" ဟု ဒေါသမျက်လုံးနှင့် ပြန်ကြည့်ခြင်းလည်းမရှိ၊ ဘာမျှမပြောဘဲ ပုံမှန်အတိုင်း ရှေ့သို့ ဆက်လက်ကြွမြန်းတော်မူသည်။ ​ရိုက်နှက်ခြင်းခံရသည့် မထေရ်မြတ်ကြီးကမူ သည်းခံပြီး အ ရှေ့ဆအေးအေချမ်းချမ်းဖြင့်က်ကြွသွားသော်လည်း၊ ရိုက်လိုက်သည့် ပုဏ္ဏားကြီးမှာမူ တစ်ကိုယ်လုံး ပူလောင်လာကာ လေပူများထွက်လာတော့သည်။ ထိုအခါ ပုဏ္ဏားကြီးက "အို... အရှင်သူမြတ်ကြီးသည် တကယ့်ဂုဏ်နဲ့ ပြည့်စုံပေစွတကား၊ သည်းခံမှုစွမ်းအားနဲ့ ပြည့်စုံပေစွတကား၊ ငါနာကျင်အောင်ရိုက်တယ် သူ မနာကျင်ဘူး၊ ငါစိတ်ဆိုးအောင်ရိုက်တယ် သူ မစိတ်ဆိုးဘူး" ဟု ဆင်ခြင်မိကာ တစ်ကိုယ်လုံး ပူလောင်လွန်းသဖြင့် မနေနိုင်တော့ဘဲ ရှေ့သို့ ပြေးသွားလေသည်။ ​ပုဏ္ဏားကြီးသည် မထေရ်မြတ်ကြီး၏ ရှေ့သို့ပြေး၍ "ဂမ္မထ ဘန္တေ၊ ဂမ္မထ ဘန္တေ" ဟု ဆိုကာ "အရှင်ဘုရား၊ သည်းခံတော်မူပါဘုရား" ဟု ရှိခိုးတောင်းပန်သည်။ မထေရ်ကြီးက "ဟဲ့ ဒကာ၊ ဘာလဲ၊ ဘာကို သည်းခံရမှာလဲ" ဟု မေးရာ၊ "အရှင်ဘုရားကို ရိုက်တာ တပည့်တော်ပါဘုရား၊ ရိုက်မိတဲ့အတွက် တပည့်တော်ကို သည်းခံတော်မူပါဘုရား" ဟု လျှောက်ထားရာ မထေရ်ကြီးက "အေး... သည်းခံတယ်၊ သည်းခံတယ်" ဟု မိန့်တော်မူသည်။ အရှင်သာရိပုတ္တရာကြီးက လွယ်လွယ်နှင့် သည်းခံလိုက်သည့်အခါ ပုဏ္ဏားကြီးသည် ပို၍ပင် သံဝေဂရကာ ပူလောင်လာပြီး "အရှင်ဘုရား၊ တပည့်တော်ရဲ့ အပူတွေငြိမ်းအောင်၊ တပည့်တော် အပူသက်သာအောင် တပည့်တော်အိမ်ကိုကြွပြီး ဆွမ်းလေး အလှူခံတော်မူပေးပါဘုရား" ဟု လျှောက်ထားသဖြင့် မထေရ်မြတ်ကြီးက သပိတ်ကို ပေးအပ်ကာ ပုဏ္ဏားကြီးအိမ်သို့ ဆွမ်းခံကြွတော်မူသည်။ ​အိမ်သို့ရောက်သောအခါ ပုဏ္ဏားကြီးက ဆွမ်းကျကျနန လောင်းလှူပြီး ရိုသေစွာ ရှိခိုးလေသည်။ ဆွမ်းဘုဉ်းပေးပြီးနောက် အရှင်သာရိပုတ္တရာကြီး ပြန်ကြွအထွက်၊ အိမ်ပေါက်ဝတွင် ပုဏ္ဏားကြီးက သပိတ်ကို ကိုင်ထားတုန်း ရှိသေးစဉ်၊ တစ်ရပ်ကွက်လုံးရှိ လူအများက အုန်းအုန်းကြွက်ကြွက်ဖြင့် ဝိုင်းအုံလာကြသည်။ "ငါတို့ မထေရ်မြတ်ကြီးကို ရိုက်တဲ့ပုဏ္ဏား၊ ဒီပုဏ္ဏား ငါတို့အကြောင်းသိစေရမယ်၊ မထေရ်ကြီးက သည်းခံသော်လည်း တို့ကသည်းမခံနိုင်ဘူး၊ ရိုက်မယ် နှက်မယ် သတ်မယ် ဖြတ်မယ်" ဟု ဆိုကာ "အရှင်ဘုရား၊ ပုဏ္ဏားလက်ထဲက သပိတ်ကို မြန်မြန်ယူလိုက်ပါ၊ တပည့်တော်တို့ အဲဒီပုဏ္ဏားကို ရိုက်မလို့ပါဘုရား" ဟု ဝိုင်းအော်ကြလေသည်။ ​#buddhism #ဗုဒ္ဓံသရဏံဂစ္ဆာမိပါဘုရား #buddha #ဗုဒ္ဓဘာသာအမွေထွန်းလင်းနိုင်ပါစေ🙏🙏🙏

About