@erin.cloudy:

Erin
Erin
Open In TikTok:
Region: US
Thursday 18 June 2026 19:04:11 GMT
57
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @erin.cloudy, please go to the Tikwm homepage.

Other Videos

#creatorsearchinsights  🙏🙏🙏
#creatorsearchinsights 🙏🙏🙏" အရမ်းကြပ်နေတဲ့ ဖိနပ်ကို ဆက်မစီးပါနဲ့ 🩴 လူတစ်ယောက်ဟာ အရမ်းကြပ်နေတဲ့ ဖိနပ်ကို စီးထားရင် ခြေလှမ်းတိုင်းမှာ နာကျင်ရတယ်။ ဒါပေမဲ့ တချို့က "အသစ်ဝယ်ထားတာပဲ" "နှမြောလို့" "နောက်တော့ ပြေလည်သွားမှာပါ" ဆိုပြီး ဆက်စီးနေတတ်ကြတယ်။ လူ့ဘဝမှာလည်း အဲဒီလိုပါပဲ။ ကိုယ့်ကို မပျော်ရွှင်စေတဲ့ ဆက်ဆံရေးတစ်ခု၊ ကိုယ့်တန်ဖိုးကို မမြင်ပေးတဲ့ လူတစ်ယောက်၊ ကိုယ့်စိတ်ကို နေ့စဉ်ပင်ပန်းစေတဲ့ အခြေအနေတစ်ခုကို "တစ်နေ့တော့ ပြောင်းလဲလာမှာပါ" ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ဖက်တွယ်ထားမိတတ်ကြတယ်။ တကယ်တော့... ဖိနပ်ကြပ်နေတာက ကိုယ့်အပြစ်မဟုတ်သလို၊ ကိုယ့်အရွယ်အစားနဲ့ မကိုက်ညီတဲ့ အရာတစ်ခုကို အတင်းအကျပ် ဆက်သုံးနေတာကသာ ကိုယ့်ကို ပိုနာကျင်စေတာ ဖြစ်တယ်။ ဘဝမှာလည်း ကိုယ့်အတွက် မသင့်တော်တော့တဲ့ လူတွေ၊ နေရာတွေ၊ အခြေအနေတွေ ရှိလာတဲ့အခါ စွန့်လွှတ်ရဲဖို့ လိုတယ်။ စွန့်လွှတ်ခြင်းဆိုတာ ရှုံးနိမ့်ခြင်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ပေးခြင်း ဖြစ်တယ်။ တစ်ခါတစ်လေမှာ ဘဝက ပိုကောင်းတဲ့ လမ်းကြောင်းကို လျှောက်ဖို့အတွက်၊ အရင်ဆုံး အရမ်းကြပ်နေတဲ့ ဖိနပ်ကို ချွတ်ပစ်ဖို့ လိုအပ်တယ်။ မနှမြောပါနဲ့။ မတွယ်ကပ်ပါနဲ့။မဖြစ်နိုင်တာကို အတင်းမဆွဲထားပါနဲ့။ ကိုယ့်အတွက် သင့်တော်တဲ့ ဖိနပ်တစ်ရံ ရှိနေသလို၊ ကိုယ့်တန်ဖိုးကို နားလည်ပေးမယ့် လူတွေ၊ ကိုယ့်ကို ပျော်ရွှင်စေမယ့် နေရာတွေ၊ ကိုယ့်နဲ့ ထိုက်တန်တဲ့ ဘဝတစ်ခုလည်း ရှိနေပါတယ်။ဒါကြောင့်...အရမ်းကြပ်နေတဲ့ ဖိနပ်ကို ဆက်မစီးပါနဲ့။ နာကျင်မှုကို သည်းခံနေတာထက်၊ ကိုယ့်ဘဝကို ပိုကောင်းတဲ့ လမ်းပေါ် လျှောက်ခွင့်ပေးလိုက်ပါ။🩵🩵🩵 လဝန်းဖြူ🌙🌙🌙

About