@rohannar.r: ယနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေရဲ့ ရင်ထဲက၊ လူငယ်တွေရဲ့ နှလုံးသားထဲက လေးစားချစ်ခင်ရတဲ့ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မင်္ဂလာ ကျရောက်တဲ့ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။ မိခင်တစ်ယောက်လို နွေးထွေးမှု၊ ခေါင်းဆောင်တစ်ယောက်လို ခိုင်မာမှုတွေနဲ့ ပြည်သူ့အကျိုးကို သက်ဆုံးတိုင် ထမ်းရွက်နေတဲ့ အမေစုရဲ့ မွေးနေ့မြတ်မှာ ကျွန်တော်တို့ လူငယ်အချို့ကနေပြီး မွေးနေ့ဆုမွန်ကောင်း တောင်းပေးချင်ပါတယ်.....။ အမေစု ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါဘယတွေ ကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အားလုံးကနေလည်း အမြန်ဆုံး ကင်းလွတ်ပါစေ။ အဓိကအနေနဲ့ မိသားစု၊ ပြည်သူတွေနဲ့ ဝေးကွာနေရတဲ့ အချုပ်အနှောင် အနှောင်အဖွဲ့ အားလုံးကနေ အမြန်ဆုံး လွတ်မြောက်ပြီး ပြည်သူ့ရင်ခွင်ဆီကို ကျန်းကျန်းမာမာ၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်လည်ရောက်ရှိလာပါစေလို့ ကျွန်တော်တို့ မျှော်လင့်တောင့်တရင်း ရိုးသားစွာ ဆုတောင်းပေးလိုက်ပါတယ်.....။ အမေစုရဲ့ ခံယူချက်တွေ၊ လမ်းညွှန်မှုတွေဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေဆဲ ဖြစ်ပါတယ်။ အမေစု ကျန်းကျန်းမာမာနဲ့ ပြည်သူ့အလယ်ကို ပြန်လည်ရောက်ရှိလာမယ့် နေ့ရက်ကို ကျွန်တော်တို့ လူငယ်တွေ သစ္စာရှိရှိနဲ့ စောင့်ကြိုနေပါမယ်။ အမေစု သက်တော်ရာကျော် ရှည်ပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အမြန်ဆုံး လွတ်မြောက်ပါစေ အမေ.....။ #သူပုန် #rohan #foryou #tiktok #fypシ
𝐑ᴏʜᴀɴ
Region: MM
Thursday 18 June 2026 21:52:31 GMT
Music
Download
Comments
😻Thang Myu Mang🌹💞 :
ဆုတောင်းစာသားလေး ယူသုံးမယ်နော်🥹🙏
2026-06-19 04:13:12
1
Ei Hlyan Tun :
သက်ရှည်ကျန်းမာပါစေ အမေ😘🙏🙏🙏
2026-06-19 06:04:16
1
Min Kyaw Thu :
happy birthday ပါအမေစု
2026-06-19 02:56:23
1
Hay Mar🇲🇲ပုသိမ်သူ🇹🇭 :
အမေကျန်းမာပါစေ🥰🥰🥰
2026-06-19 03:35:57
1
ဝေမာဦး :
အမေကျန်မားပါစေသက်တော်ရာကျော်ရှည်ပါစေ🥰🥰🥰
2026-06-18 23:41:51
1
aye mi mi myat :
အမေကျန်မာပါစေ
2026-06-18 22:15:54
1
𝐑ᴏʜᴀɴ :
Happy Birthday Mother Daw Aung San Su Kyi❤
2026-06-18 22:00:01
1
May Thandar Oo :
Happy brithday. အမေသက်ရှည်ကျန်းမာပါစေ🙏🙏🙏🙏
2026-06-18 22:20:35
1
Shwe Zar :
🥰 Happy Birthday Mother Daw Aung San Su Kyi 🥰
2026-06-18 22:21:42
1
🌻A🌻♉ :
ပြန်ယူခွင့်ပြုပါ
2026-06-19 11:22:17
0
🌷🌷Myat Noemaymay🍓🍓 :
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
2026-06-19 03:35:08
0
🌷🌷Myat Noemaymay🍓🍓 :
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
2026-06-19 03:34:38
1
Khêt Khët Wãr :
🥰🥰🥰
2026-06-19 10:46:40
1
To see more videos from user @rohannar.r, please go to the Tikwm
homepage.