@aye11525q3p: #🙂:ဘယ်အရာကြောင့်ဆိုပြီး ခေါင်းစဥ်တပ်လို့ မရတော့လောက်အောင် အရာရာက ပြေးထွက်ချင်နေမိတဲ့အထိ ကျွန်မ ပင်ပန်းနေခဲ့ပြီ ထင်တယ် ။ အဆင်ပြေလာမှာပါဆိုပြီး လျှောက်လာရင်းက တစ်နေရာရာမှာ လဲကျလို့ရရင် ကောင်းမယ်ဆိုပြီး တွေးနေမိတဲ့အထိ ကျွန်မ စိတ်ကော လူကော နွမ်းနေခဲ့ပြီ ။ ပုံမှန်ဆို ကျွန်မ သိပ်သန်မာချင်ယောင်ဆောင်တတ်တာ ။ တော်ရုံတန်ရုံ ဒုက္ခမျိုးလောက်နဲ့ ထူးပြီး ညည်းပြနေတတ်တဲ့ လူတစ်ယောက်မဟုတ်ဘူး ။ ပြီးတော့ သိပ်အဆင်ပြေချင်ယောင်ဆောင်တတ်တာ ။ ဘယ်သူ့ကိုမဆို ကိုယ့်ကြောင့် ပူသွားပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ဘယ်အဆင်မပြေမှုကိုမဆို သိမ်းထားပြီး ပြုံးပြုံးလေး ရင့်ကျက်ပြခဲ့တာလေ ။ ဒီအချိန်မှာတော့ အဆင်ပြေရဲ့လားဆိုပြီး မေးမယ့် တစ်စုံတစ်ယောက်ကို တောင့်တနေမိတယ် ။ အဲ့ဒီမေးခွန်းလေးရဲ့အဆုံးမှာ ဘာတစ်ခုမှ အဆင်ပြေမနေတဲ့အကြောင်းကို ငိုပြီး ပြောလို့ရရင် ပြောပြချင်နေမိတယ် ။ တစ်ကြိမ်တစ်ခါမှ ဒီလောက်ထိ မပြိုလဲခဲ့ဖူးသလို အဆင်ပြေသွားမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် မညာနိုင်တဲ့အထိ ရုပ်မပျက်ခဲ့ဖူးဘူး ။ လုပ်လက်စ အလုပ်တွေကိုလေ ဖြစ်နိုင်ရင် နားထားချင်မိတဲ့အထိ စိတ်ကော လူကော ပင်ပန်းလို့ ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို မတွေးချင်တဲ့အထိ အရာရာက ခဏပဲဖြစ်ဖြစ် အနားယူနေချင်မိတာ ။ ကျွန်မ ပင်ပန်းနေပြီ ။ ဒီအချိန်မှာ တစ်ခုခုကသာ အဆင်ပြေနေဦးမယ်ဆိုရင် အရာရာကို ကျော်လွှားနိုင်တဲ့အထိ ကျွန်မ သန်မာမှာပါ ။ ဒါပေမယ့် ဘယ်အရာကိုပဲ ငေးကြည့်ငေးကြည့် မပျော်စရာတွေ များနေတဲ့အခါ မျက်ရည်တွေပဲ ပျော်ကျလာရတယ် ။ ဒီရက်ထဲ ... သတိမေ့တာတွေ များလာတယ် ။ တစ်ခုခုဆို မျက်ရည် လွယ်လာတယ် ။ ထစ်ကနဲရှိ ဒေါသထွက်လွယ်နေတယ် ။ တစ်နေရာရာကို အကြာကြီး ငေးပြီး ဘာတွေးနေမိတာလဲ ပြန်တွေးမရတာတွေ ရှိလာတယ် ။ ကိုယ့်နာမည်ကို သုံးလေးခါခေါ်မှ ကြားရတဲ့ ရက်တွေရှိလာပြီး အလုပ်တွေ လုပ်နေရင်းက အတွေးတွေဟာ များလာနေတယ် ။ ကျွန်မ ... တကယ် ပင်ပန်းနေပါပြီ ။ စိတ်ကော လူကော ပေါ့ ။ ဒီအချိန်မှာ အဆင်ပြေသွားမှာပါဆိုပြီး နှစ်သိမ့်ပေးတဲ့ စကားလုံးမျိုးပဲဖြစ်ဖြစ် ငိုချလိုက်ဆိုပြီး မြှောက်ပေမယ့် ပုခုံးမျိုးပဲဖြစ်ဖြစ် လိုနေမိတယ် ။ ငယ်ငယ်တုန်းကလိုပေါ့ အမေ ဥုံဖွလုပ်ပေးရင် ပျောက်သွားမယ့် အနာတရမျိုး ဖြစ်ချင်တယ် ။ ကိုယ်မသိတဲ့အရပ်ကို ခရီးတွေထွက်ရင်း ဘယ်သူမှ မရှိတဲ့အရပ်မှာ ပန်းတွေပျိုးရင်း ကိုယ်ဟာ မနက်ဖြန်ကို စိတ်မပူပဲ ဖြတ်သန်းချင်လာမိတယ် ။
Layeik
Region: SG
Friday 19 June 2026 01:14:30 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @aye11525q3p, please go to the Tikwm
homepage.