@phyuphway.1992: အားထုတ်တဲ့နေရာမှာ အပင်ပန်းခံပြီး အားထုတ်နိုင်မှ "အစ" နဲ့ "အလယ်" ကြားမှာ #အများကြီး_မှတ်လို့ရတယ်၊ ဥာဏ်အား ကောင်းလာရင် ပြောတာ။ "အစ"နဲ့ "အလယ်"ကြားမှာ - အချက် တစ်ရာလောက် မှတ်လို့ရတယ်။ "အလယ်"နဲ့ "အဆုံး" ကြားမှာ - အချက် တစ်ရာလောက် မှတ်လို့ရတယ်။ မယုံမရှိနဲ့၊ တကယ် မှတ်ရင် ရတယ်၊ ရလို့ ပြောတာ၊ စိတ်ကူးယဉ်ပြီး ရမ်းသမ်း ပြောတာ မဟုတ်ဘူး၊ မယုံရင် စမ်းကြည့်၊ ဗုဒ္ဓတရားတော် ဆိုတာ အစစ်ဆေး ခံနိုင်တယ်၊ မယုံရင် လက်တွေ့ လုပ်ကြည့်ပါ။ တကယ် ရှုမှတ်လို့ "သမာဓိ " အားကောင်းလာတဲ့ အခါကျတော့ "ဖောင်းစ" နဲ့ "ဖောင်းလယ်" ကြားမှာ ဖောင်းတာကို ငါးဆယ်,တစ်ရာလောက် မှတ်လို့ရတယ်။ "ဖောင်းလယ်" နဲ့ "ဖောင်းဆုံး" ကြားမှာ ဖောင်းတာကို ငါးဆယ်,တစ်ရာလောက် မှတ်လို့ရတယ်။ အဲဒီလိုပဲ "ကြွစ" နဲ့ " ကြွဆုံး" ကြားမှာ အများကြီး မှတ်လို့ ရတယ်၊ ငါးဆယ်, တစ်ရာလောက် မှတ်လို့ ရတယ်။ အဲဒါ စိတ်အလုပ်၊ "သမာဓိ" အားကောင်းလာရင် သိတာပဲ၊ "သမာဓိ" ရှိတဲ့ အခါကျတော့ စိတ်က လှစ်လှစ်ကလေး ရယ်ဗျ။ "ဖောင်းတယ် ပိန်တယ်" မှတ်ရင်းက နာတာတွေရော ယားတာတွေရော ရွတာတွေရော ကြားတာတွေရော အကုန် သိတယ်။ လှုပ်ရှားတာနဲ့ မှတ်ပြီးသား၊ လှုပ်ရှားတာနဲ့ မှတ်ပြီးသား၊ "ဓမ္မဗျာပါရ" ဖြစ်သွားတယ်။ ပထမ မှတ်ခါစ ကတော့ "ပုဂ္ဂလဗျာပါရ" လုပ်ပြီးတော့ မှတ်ရတယ်။ ဥာဏ်အားတွေ တက်လာပြီး အားထုတ်တဲ့အခါမှာ သင်္ကန်း ရမ်းလိုက်ရင် မှတ်ပြီးသား၊ လမ်းသွားတာနဲ့ မှတ်ပြီးသား၊ ဖိနပ် စီးတာနဲ့ မှတ်ပြီးသား ယူတာနဲ့ မှတ်ပြီးသား။ မြတ်စွာဘုရားရဲ့ တရားတော်ဟာ တကယ်လုပ်ရင် တကယ်ရတဲ့ တရား။ အဲ့ဒီလို, "စေ့စေ့စပ်စပ်" ကနေ, "စိပ်စိပ်ကလေး" မှတ်နိုင်လာပြီ ဆိုရင်၊ "မဂ်ဥာဏ် , ဖိုလ်ဥာဏ် " နား နီးသွားပြီ..။ 🙏🏻မြစိမ်းတောင် ဆရာတော်ဘုရား။🙏🏻 #crd #Khinthidakhaing ❣

Phyu Phway
Phyu Phway
Open In TikTok:
Region: MM
Friday 19 June 2026 01:35:11 GMT
5502
569
15
21

Music

Download

Comments

user43652887240082
ကိုလှခိုင် :
သာဓု သာဓု သာဓု ပါ
2026-06-19 08:21:49
0
kyawminoo1131442405
Kyaw Min Oo :
သာဓု သာဓု သာဓုပါ
2026-06-19 06:50:01
0
naniraksi
Pyae Bhone Oo :
good so good
2026-06-19 08:58:10
0
thantun3139
thantun :
🙏🙏🙏သာဓု🙏သာဓု🙏သာဓု🙏🙏🙏
2026-06-19 05:12:58
0
dawthida.mya0
DawThida Mya :
သာဓု သာဓု သာဓု ပါ ဘုရား။
2026-06-19 03:53:33
0
thura.thura8895
Thura Thura :
ဟုတ်
2026-06-19 04:08:08
0
soe.aung.tun8
Soe Aung Tun :
သာဓု သာဓု သာဓု
2026-06-19 03:04:06
0
user201883249
ZawZaw :
🙏🙏🙏🙏🙏
2026-06-19 06:44:39
0
user4460174067585
စိမ့်စမ်း ရေ :
🙏🙏🙏
2026-06-19 04:00:25
0
user4460174067585
စိမ့်စမ်း ရေ :
🥰🥰🥰
2026-06-19 04:00:04
0
thuyatun9492
thuyatun :
🙏🙏🙏
2026-06-19 02:59:28
0
myo.min.tun5752
Myo Min Tun :
🙏🙏🙏
2026-06-19 02:36:59
0
thaw.tar515
Thaw Tar :
🙏🙏🙏
2026-06-19 01:49:27
0
lwin.thit.min.maun
Lwin Thit Min Maung :
🙏🙏🙏
2026-06-19 01:45:00
0
uthanaung.uthanau4
Uthanaung Uthanaung :
🥰🥰🥰
2026-06-19 09:03:28
0
To see more videos from user @phyuphway.1992, please go to the Tikwm homepage.

Other Videos


About