@thanakumar2: #onthisday

Thana Kumar12:17
Thana Kumar12:17
Open In TikTok:
Region: MY
Friday 19 June 2026 02:34:36 GMT
8094
768
0
4

Music

Download

Comments

There are no more comments for this video.
To see more videos from user @thanakumar2, please go to the Tikwm homepage.

Other Videos

၂၀၀၄ ခုနှစ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျ​နေ​တော့ ​​ဒေါ်​အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ မြန်မာပြည်သူတွေအတွက်ရည်ရွယ်ပြီးတော့ ကမ္ဘာကျော်ဂီတသမားတွေက For The Lady လို့အမည်ရတဲ့အယ်လ်ဘမ်တစ်ချပ်ကို ထုတ်ခဲ့ဖူးပါတယ်။ For The Lady အယ်လ်ဘမ်ထဲမှာ U2, Coldplay, Pearl Jam, R.E.M, Paul McCartney, Damien Rice, Eric Clapton, Avril Lavigne တို့လို ကမ္ဘာ​ကျော်အဆိုတော်တွေရဲ့သီချင်း​တွေပါဝင်ပြီး​တော့ မြန်မာနိုင်ငံကအဆိုတော် ဦးမွန်းအောင်ရဲ့
၂၀၀၄ ခုနှစ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျ​နေ​တော့ ​​ဒေါ်​အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ မြန်မာပြည်သူတွေအတွက်ရည်ရွယ်ပြီးတော့ ကမ္ဘာကျော်ဂီတသမားတွေက For The Lady လို့အမည်ရတဲ့အယ်လ်ဘမ်တစ်ချပ်ကို ထုတ်ခဲ့ဖူးပါတယ်။ For The Lady အယ်လ်ဘမ်ထဲမှာ U2, Coldplay, Pearl Jam, R.E.M, Paul McCartney, Damien Rice, Eric Clapton, Avril Lavigne တို့လို ကမ္ဘာ​ကျော်အဆိုတော်တွေရဲ့သီချင်း​တွေပါဝင်ပြီး​တော့ မြန်မာနိုင်ငံကအဆိုတော် ဦးမွန်းအောင်ရဲ့"သွေးမုန်တိုင်း" သီချင်းလည်း ပါဝင်ခဲ့ပါတယ်။ "သွေးမုန်တိုင်း" သီချင်းကို​​တော့ ဦးမင်းကိုနိုင်က ရေးထားတာပါ။ အယ်လ်ဘမ်ထဲမှာပါဝင်တဲ့ တစ်ချို့သီချင်းတွေက ဒေါ်အောင်ဆန်းစုကြည်အတွက်ရည်ရွယ်ပြီး ရေးထားတာဖြစ်ပေမယ့် တစ်ချို့သီချင်းတွေကျတော့ အယ်လ်ဘမ်ဖြစ်မြောက်ရေးအတွက် ကူညီလှူဒါန်း​ပေးထားကြတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ နာမည်အကြီးဆုံးသီချင်းကတော့ လူတိုင်းသိကြတဲ့ U2 ရဲ့ "Walk On" သီချင်းပါပဲ။ ၁၉၈၉ ခုနှစ်ကတည်းက နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတဲ့ ဒေါ်​အောင်ဆန်းစုကြည်အကြောင်းကိုရေးဖွဲ့ထားတဲ့ U2 တို့ရဲ့ Walk On သီချင်းရာဇ၀င်ကိုပြောရရင် Walk On သီချင်းပါဝင်တဲ့ U2 တို့ရဲ့အယ်လ်ဘမ် All That You Can't Leave Behind ကို ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး​တော့ အဆိုပါအယ်လ်ဘမ်ကို စစ်အစိုးရက မြန်မာပြည်ကိုတင်သွင်းခွင့်ပိတ်ပင်ခဲ့ပါတယ်။ အဲ့ဒီခေတ်တုန်းက All That You Can't Leave Behind အယ်လ်ဘမ်ကို တင်သွင်းတဲ့မည်သူမဆို ထောင်ဒဏ် (၃)နှစ်ကနေ အနှစ်(၂၀)အတွင်းကျနိုင်တယ်လို့ ပြောကြပါတယ်။ Walk On သီချင်းရဲ့ Music Video မှာ အဆိုတော် Bono က ​ဒေါ်​အောင်ဆန်းစုကြည်ရုပ်ပုံပါဝင်တဲ့အင်္ကျီကို ၀တ်ဆင်ခဲ့ပြီး​တော့ ဒီသီချင်းနဲ့ပဲ U2 တို့ဟာ (၄၄)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ Record of The Year ဆုကို ရရှိခဲ့ပါတယ်။ Folk ဂီတသမား Damien Rice ကလည်း Lonely Soldier သီချင်းနဲ့ For the Lady အယ်လ်ဘမ်မှာ ပါဝင်အားဖြည့်ခဲ့ပါ​သေးတယ် ။ ဒါ​ပေမယ့် Lonely Soldier သီချင်းဟာ ​​ဒေါ်​အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီးရေးထားတာမဟုတ်ပါဘူး။ For the Lady အယ်လ်ဘမ်ထွက်ပြီး ​နောက်(၈)လ​လောက်ကြာတဲ့အခါမှ Damien Rice ဟာ ဒေါ်အောင်ဆန်းစုကြည်အသက်(၆၀)ပြည့်မွေးနေ့အတွက်ဆိုပြီး​တော့ Unplayed Piano ဆိုတဲ့သီချင်းကို သီးသန့်ထုတ်​ဝေခဲ့ပါတယ်။ Unplayed Piano သီချင်းဟာ ​ဒေါ်​ဆောင်ဆန်းစုကြည်အကျယ်ချုပ်ကျနေစဉ်ကာလအတွင်း သူမရဲ့ခံစားချက်တွေကိုဖွင့်ထုတ်ဖို့အတွက်တီးလေ့ရှိတဲ့ ပီယာနိုအကြောင်းကိုရေးထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက သူမရဲ့အိမ်နားက ဖြတ်သွားဖြတ်လာတွေပြောလေ့ရှိတာက အိမ်ထဲကနေပီယာနိုသံကြားနေရသေးတယ်ဆိုရင် သူမအသက်ရှိနေသေးတယ်လို့ မှတ်ယူကြတယ်ဆိုပြီး ​ပြောကြပါတယ်။ အ​မေရိကန်​ရော့ခ်တီးဝိုင်း R.E.M တို့ရဲ့ Drive သီချင်း live version လည်း အယ်လ်ဘမ်ထဲမှာပါခဲ့ပါတယ်။ Drive သီချင်းဟာလည်း ​ဒေါ်​အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီးရေးထားတဲ့သီချင်းမဟုတ်ဘူးဆိုပေမယ့် ဒီအမျိုးသမီးကြီးကို လေးစားတဲ့ R.E.M တို့ရဲ့ အဆိုတော် Michael Stipe ဟာ ၂၀၀၅ ခုနှစ် ဇွန်လ ၁၉ရက်​နေ့မှာ သူမအသက်(၆၀)ပြည့်မွေးနေ့အတွက်ရည်ရွယ်ပြီး​တော့ R.E.M တို့ရဲ့ Dublin မှာလုပ်တဲ့ရှိုးပွဲမှာ Find The River သီချင်းကို သီဆို​ဖျော်​ဖြေခဲ့ပါတယ်။ Find The River သီချင်းရဲ့အဆိုပါ​ live ကို ဂြိုလ်တုရုပ်သံတွေကနေတစ်ဆင့်ထုတ်လွှင့်ခဲ့ပေမယ့် မြန်မာပြည်သူတွေ ကြည့်ခွင့်မရခဲ့ကြပါဘူး။ For The Lady အယ်လ်ဘမ်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး​တော့ မြန်မာစစ်အစိုးရဟာ U2 ရဲ့ All That You Can't Leave Behind အယ်လ်ဘမ်လိုပဲ အဆိုပါအယ်လ်ဘမ်ကိုလည်းမြန်မာပြည်ထဲ တင်သွင်းခွင့်ပိတ်ပင်ခဲ့ပါတယ်။ For The Lady အယ်လ်ဘမ်ထဲမှာပါဝင်တဲ့သီချင်း​တွေကို ​အောက်မှာ​ဖော်ပြ​ပေးထားပါတယ်။ Tracklist 1. U2 - Walk on 2. Pearl Jam - Better Man (Live) 3. Coldplay - In My Place 4. Ani DiFranco - In the Way 5. Bright Eyes - No Lies, Just Love 6. R.E.M. - Drive 7. Avril Lavigne - Complicated 8. Talib Kweli featuring John Legend - Around My Way 9. Lili Haydn - Unfolding Grace 10. Peter Gabriel - Here Comes the Flood 11. Natalie Merchant - Motherland 12. Maná - Cuando Los Angeles Lloran 13. Rebecca Fanya - Paper Airplanes 14. Ben Harper - Oppression (Live) 15. Paul McCartney - Freedom 16. The Nightwatchman - Let Freedom Ring 17. Eric Clapton - Wonderful Tonight 18. Sting - Fragilidad 19. Bonnie Raitt - Angel from Montgomery 20. Damien Rice - Lonely Soldier (Live) 21. Travis - The Cage 22. Guster - Keep It Together 23. Hourcast - Memories and Lies 24. Indigo Girls - Perfect World (Live) 25. Better Than Ezra - Get You In (Live) 26. Matchbox Twenty - So Sad, So Lonely 27. Mun Awng - Tempest of Blood #fortheladyalbum #aungsansuukyi #u2 #walkon #indierium

About