@kohtet121pathein: သူခိုးလုပ်ဖို့ လိုတယ် တစ်ခါက ချမ်းသာတဲ့သူဌေး တစ်ယောက်ရှိတယ်။ သူ့လုပ်ငန်းကို ဝန်ထမ်းပေါင်း (၅၀၀) ကျော်နဲ့ လည်ပတ်လျှက်ရှိတယ်။ ဒါပေမယ့် ထူးဆန်တာက သူ့ဝန်ထမ်းတွေက အရမ်းအလုပ်လုပ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက သူဌေးတစ်ယောက်လို မနေဘူး။ ခေါင်းဆောင်တစ်ယောက်လိုဘဲ အလုပ်လုပ်နေတာကြောင့်ဖြစ်တယ်။ သူ့ဝန်ထမ်းတွေကို တာဝန်ကိုယ်စီ ပေးပြီး တာဝန်တစ်ခုပြီးမြောက်အောင် အမြဲတမ်း ဦးဆောင်ခဲ့တယ်။ နေရာတကာမှာ သူကိုယ်တိုင် ဝင်ပါခဲ့တယ်။ အကုန်လုံး ဆန်းစစ်ခဲ့တယ်။ ဒါပေမယ့် တစ်ချို့ဝန်ထမ်းတွေက သူတို့ကို ဖိအားပေးနေတယ်လို့ ယူဆပြီး ထွက်သွားကြတာလည်းရှိတယ်။ တစ်ချို့က မလုပ်နိုင်ဘူးဆိုပြီး ထွက်သွားကြတယ်။ သူဌေးကတော့ ဝန်ထမ်းသာပြောင်းနေကြတာ သူ့စည်းကမ်းကိုတော့ မပြောင်းခဲ့ဘူး။ ဝန်ထမ်းထဲမှာ မောင်မောင်ဆိုတဲ့ ဝန်ထမ်းတစ်ဦးကတော့ နှစ်အတော်ကြာကြာ လုပ်ကိုင်နေခဲ့တယ်။ သူဌေးရဲ့ ဖိအားကိုလည်း ခံခဲ့ရတယ်။ ဦးဆောင်မှုနောက်ကိုလည်းလိုက်ခဲ့ရတယ်။ သူဌေးက သူ့ကို အာရုံစိုက်ပြီး ပြောခဲ့တာကိုလည်း ခံရတယ်။ အဆဲလည်းအများဆုံး ခံခဲ့ရတဲ့ လူတစ်ယောက်ပေါ့။ တစ်နေ့တော့ မောင်မောင်က ''သူစဉ်းစားမိလာတာ တစ်ခုက ငါ ဒီအလုပ်ကို ဆက်လုပ်နေရင် ငါ့တွက်အဆင်ပြေပါတယ်။ ဒါပေမယ့် ငါ့ရဲ့ အနာဂတ်တိုးတက်မှုအတွက် နှောင်းနေးသွားစေနိုင်တယ်။ မနက်မိုးလင်းတာနဲ့ သူဌေးအတွက် အလုပ်လုပ်ပေးရတယ်။ ညနေမိုးချုပ်တာနဲ့ အိမ်ကိုပြန်တယ်။ ငါ့ရဲ့ အရေးကြီးဆုံးအချိန် အစိတ်အပိုင်းဟာ သူဌေးကိုရောင်းစားနေရသလို ဖြစ်နေတယ်။ မဖြစ်သေးဘူး ကိုယ်ပိုင်စီးပွားရေး တစ်ခု စလုပ်မှ ရတော့မယ်''ဆိုပြီး စဉ်းစားမိလာတယ်။ မောင်မောင်က နောက်ထပ် နစ်အနည်းငယ်အကြာမှာ လက်ရှိအလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါကို သူ့ သူဌေးနဲ့သူ့ရဲ့ မိဘက အားမပေးခဲ့ဘူး။ မောင်မောင်ကတော့ လက်မခံဘူး။ အကုန်ငြင်းပြီး ကိုယ်ပိုင်စီးပွားရေး တစ်ခုကို အာရုံစိုက်လာခဲ့တယ်။ နောက် ၅ - နှစ်အကြာမှာ မောင်မောင်ရဲ့ စီးပွားရေးဟာ အလွန်တိုးတက်နေပြီဖြစ်တယ် ထိုအချိန်မှာ အရင် သူ့ သူဌေးက သူနဲ့ အလုပ်တွဲလုပ်ဖို့ meeting ခေါ်ခဲ့တယ်။ meeting ရောက်ရောက်ချင်း ပထမဆုံးမှာ သူ့ သူဌေးက သူ့ကို မေးခွန်း တစ်ခုမေးလိုက်တယ်။ ''မောင်မောင် မင်းဘာဖြစ်လို့ ဒီလောက်ထိ အောင်မြင်တာလဲ။ ငါ ရဲ့ကုမ္ပဏီကနေ ထွက်သွားတဲ့ လူတော်တော်များများဟာ အခုချိန်ထိ ဝန်ထမ်းဘဝကနေ မလွတ်နိုင်ကြသေးဘူး။ မင်းဘာဖြစ်လို့ ထူးထူးဆန်းဆန်း အောင်မြင်နေတာလဲ" လို့မေးလိုက်တော့ မောင်မောင်က သူဌေးကို ပြုံးပြီး ဖြေလိုက်တယ်။ ''ကျွန်တော် သူဌေးဆီက အဖိုးတန်တဲ့အရာတွေကို နေ့စဉ်နေ့တိုင်း ခိုးယူနေလို့ပါ ''ဆိုပြီး ပြန်ဖြေလိုက်တယ်။ ထိုအချိန်မှာ သူဌေးက ''ငါ့ရဲ့ ရွှေ ငွေ တွေ မင်းခိုးတာလား''လို့ စိတ်ဆိုး မာန်ဆိုးနဲ့ အော်မယ်၊ ငေါက်မယ် လုပ်တုန်း ''သူဌေးဆီက ရွှေ ငွေ တွေ ခိုးသွားတာ မဟုတ်ဘူး။ ရွှေ ငွေ ထက် အဖိုးတန်တဲ့ အရာတွေကို ခိုးယူခဲ့တာပါ။ အဲ့တာ ဘာလဲဆိုတော့ သူဌေးရဲ့ လုပ်ငန်းအပေါ် သဘောထားမှု ၊ ခေါင်းဆောင်မှု ၊အတွေ့အကြုံအားလုံးကို အချိန်ရှိရင် ရှိသလို ခိုးယူခဲ့တာပါ"လို့ မောင်မောင်က အေးအေးဆေးဆေးလေးနဲ့ ပြန်ဖြေခဲ့တယ်။ ထိုအချိန်မှာ သူဌေးက အရမ်းသဘောကျပြီး မောင်မောင်နဲ့ အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ် လိုက်တော့တယ်။ ဒီနေရာမှာ။ ။"လူငယ်တွေကို ပြောချင်တဲ့ အကြောင်းအရာလေးက အောင်မြင်ချင်ရင် အောင်မြင်တဲ့လူ လုပ်ဆောင်တဲ့အတိုင်း လိုက်ပြီး အတုခိုးပါ။ ***အောင်မြင်တဲ့လူ ပြောတဲ့စကားကို ယုံကြည်ပါ။*** ***ပြီးရင် လိုက်နာ ကျင့်သုံးပါ။*** ***"မအောင်မြင်တဲ့လူ ပြောတဲ့စကား၊ပေးတဲ့ အကြံတွေကို ဂရုမစိုက်ပါနဲ့။''*** "အခုလုပ်နေတဲ့ အလုပ်အပေါ် ကိုယ့်ထက် ရာထူးကြီးတဲ့လူ ပေးတဲ့ အကြံ ၊ သူဌေးတွေ က အလုပ်ကို ဘယ်လိုလုပ်နေသလဲ ဆိုတာကို လေ့လာပြီး ကိုယ့်ရဲ့ အရည်အချင်းကို ပုံသွင်းပါလို့ အကြံပေးချင်တယ်။ #စာတို #ဘဝစာပေ #motivation

Ko Htet တောင်ဒဂုံ
Ko Htet တောင်ဒဂုံ
Open In TikTok:
Region: MM
Friday 19 June 2026 10:37:01 GMT
101
19
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @kohtet121pathein, please go to the Tikwm homepage.

Other Videos


About