@marlarmyint.mm: ကံသုံးပါးမှာ ကာယကံ..ဝစီကံ.. မနောကံရယ်လို့ရှိပါတယ်…။ ကိုယ်ပြုမူလိုက်တဲ့ အလုပ်လေးတစ်ခု…ကိုယ်ပြောလိုက်တဲ့စကားလေးတစ်ခွန်း..ကိုယ်တွေးလိုက်တဲ့အတွေးလေးတစ်ခုကနေ ကံတွေဖြစ်ဖြစ်သွားတတ်ပါတယ်…။ ကိုယ်က ကောင်းတဲ့အပြုအမူလေးတစ်ခု လုပ်လိုက်တယ်ဆိုရင် ကောင်းတဲ့ကုသိုလ်ကံလေးတစ်ခု စုမိလိုက်တာပါပဲ..။ သူများကို စိတ်စေတနာကောင်းလေးနဲ့ ကူညီလိုက်တာမျိုး..ဒါနကုသိုလ်အလုပ်ကလေးတစ်ခု လုပ်လိုက်တာမျိုး..ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနေထိုင်တာမျိုး… ဘာဝနာအလုပ်.. ဝိပဿနာအလုပ်တွေကို နေ့စဉ်ပုံမှန် ကျင့်ကြံနေထိုင်တာမျိုး စသဖြင့် ဘာလေးပဲလုပ်လုပ် ကောင်းတဲ့စိတ်စေတနာလေးနဲ့ လုပ်နေသမျှ ကောင်းတဲ့ကံတွေ စုဆောင်းနေမိတာဖြစ်ပါတယ်..။ ဝစီကံဆိုရင်လည်း ဘာလေးပဲပြောပြော စကားပြောရင် သူများနားဝင်ချိုအောင် ယဉ်ကျေးချိုသာစွာပြောမယ်.. သူစိတ်ချမ်းသာစေတဲ့ အသုံးအနှုန်းလေးတွေ သုံးမယ်..သူ့ကောင်းကျိုးကို လိုလားတဲ့ အကြံကောင်းဥာဏ်ကောင်းလေးတွေပေးမယ်…ကိုယ်တတ်နိုင် သမျှ သူအဆင်ပြေသွားအောင် နှုတ်နဲ့ဆောင်မကူညီပေးလိုက်မယ်ဆိုရင် ကောင်းတဲ့ဝစီကုသိုလ်ကံလေးတွေ စုဆောင်းနေတာပဲဖြစ်ပါတယ်…။ မနောကံဆိုရင်လည်း ကိုယ်တွေးနေတဲ့အတွေးလေးတွေဟာ သိပ်အရေးကြီးပါတယ်..။ ကိုယ့်ရဲ့အတွေးတွေကို အမြဲသတိလေးကပ်ပြီး စောင့်ကြည့်တတ်တဲ့အကျင့်လေး လုပ်ထားဖို့လိုပါတယ်..။ ကိုယ် ဘာတွေတွေးနေသလဲဆိုတာကို အမြဲဆန်းစစ်ပြီး မကောင်းတဲ့အတွေးဆိုးတစ်ခုခု.. သူတစ်ပါးကို မကောင်းမြင်တာ.. မုန်းနေတာ..သူရဲ့ပျက်ဆီးခြင်းကို တွေးနေတာ.. စသဖြင့် အတွေးဆိုးဝင်လာတာနဲ့ ချက်ချင်းသိပြီး ချက်ချင်းဖယ်နိုင်လေလေ ကိုယ့်ရဲ့မနောကံကို ထိန်းသိမ်းစောင့်ရှောက်နိုင်လေပါပဲ…။ ကောင်းတဲ့အတွေးလေးတွေ… ကုသိုလ်ရစေမယ့်အတွေးလေးတွေ… မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံပြုနေခြင်းဟာ ကိုယ့်ရဲ့ဝဇီကံကုသိုလ်လေးတွေ စုဆောင်းနေခြင်းပဲဖြစ်ပါတယ်..။ လူတစ်ယောက် ကံကောင်းတယ်ဆိုတာ.. သူ့ရဲ့ကံသုံးပါးကို ကောင်းတဲ့ကုသိုလ်အာရုံတွေနဲ့ အမြဲထုံမွမ်းထားလို့သာဖြစ်ပါတယ်…။ #လွန်းထားထား #လှအောင်နေပါမိမိကိုယ်ကိုယ်ချစ်ပါ #လှအောင်နေတတ်ထိုင်တတ်ဖို့လိုပါတယ် #🍀 #ကံသုံးပါး

🌸Mar Lar Myint🌸
🌸Mar Lar Myint🌸
Open In TikTok:
Region: AU
Friday 19 June 2026 11:16:02 GMT
471742
40518
655
1760

Music

Download

Comments

ko.tar12
Ko Tar :
ဒီဘဝတောင် ဒီလောက်လှနေတာ နောင်ဘဝဆို ဒီထက်ပိုမှာပါ အမ
2026-06-20 14:50:25
31
jing._j
Su Mon :
ဒီအစ်မ မျက်နှာ ကျက်သရေရှိလိုက်တာ
2026-06-20 06:39:37
17
than.than.win954
Than Than Win :
သာဓုသာဓုသာဓု
2026-08-07 12:41:52
1
nyonyo_1231
Nan Win Bo :
အေးချမ်းလှပနေရော🥰🥰🥰
2026-08-07 05:51:27
1
nanmoon169
Nan Moon :
ကျက်သရေရှိလိုက်တာ အေးချမ်းလိုက်တာရှင့်🥰🥰🥰🙏🙏🙏
2026-06-20 13:33:27
11
user501338782
Moe Moe :
ကြက်သရေရှိချင်းနဲ့လှတာပါရှင့် ကိုလဲလှချင်လိုက်တာ🥰
2026-07-02 05:49:37
2
daw.thida.myint30
Thida Myint :
နာကြားရတာတန်ဖိုးရှိလှပါတယ်ဘုရား
2026-06-20 06:40:10
4
tintinwin_753
Daw Lay :
မဂ်လာပါကျက်သရေမဂ်လာအပေါင်းတို့နှင့်ပြီးပြည့်စုံနေလိုက်တာလေးစားပါတယ်
2026-06-21 02:04:43
4
nang.ying.kham1
💛💚❤️ၼၢင်းယိင်းၶမ်း💛💚❤️ :
လှလိုက်တာရှင့်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-22 02:25:56
3
mon.thi86
Mon Thi :
ကျက်သရေမဂ်လာပေါင်နဲပြည်စုံစေသောအလှတရားလေပါးဂုဏ်ယူပါတယ်ရှင်။
2026-06-21 15:32:07
2
user4532999030502
ခန့်ချောကြီး :
🙏🙏🙏
2026-06-20 05:25:37
1
u.hnin.hlaing2
U Hnin Hlaing :
သမီဘေးကင်းကျန်းမာအသက်ရှည်ငြိမ်းချမ်ပါစေ၊၊🥰🥰🥰🥰🥰
2026-06-21 13:41:56
2
ei08869
Nandarsunflower🌻သမီး၂ယေက်မေမေ :
အေးချမ်းပီကျက်သရေရှိလိုက်တာ❤️❤️❤️
2026-06-20 11:49:32
2
myamyathi3
Mya Thi :
မှန်ပါတယ်ဘုရား
2026-06-19 23:06:36
2
oothetnaing53
OoThetNaing :
♥️♥️သာဓုသာဓုသာဓုပါ ♥️
2026-06-20 02:14:16
1
channyein675
Hsu Mhol Mhol🤓 :
ဘယ်အချိန်ကြည့်ကြည့် အကြည်ဓာတ်လေးနဲ့ ကျက်သရေရှိပြီးအေးချမ်းလိုက်တာ တီတီရေ 🙏🥰
2026-06-21 09:01:11
1
khinmarsi62
khinmarsi :
မဂ်လာပါ🙏🙏🙏
2026-06-21 00:32:39
1
loveapplemobile
LoveApple :
အဆင်းကောအခြင်းကောပြည့်စုံပါဘိဗျာ့👍👍
2026-06-22 09:33:06
1
ngal.ngal937
Eaindray Myint Moh & Mommy :
ကျက်သရေရှိပြီးအေးချမ်းနေရောမရယ်
2026-06-20 17:26:36
10
khin.myo.lwin89
Khin Myo Lwin :
သာဓုသာဓုသာဓုပါ
2026-06-22 03:11:50
1
popa.mg
Popa Mg photography :
🙏🙏🙏 သာဓုပါဗျ ဗုဒ္ဓမြတ်စွာဘုရား၏တန်ခိုးကြောင့် လိုရာပြည်စုံပါစေဗျ အေးချမ်းလိုက်တာ သာသနာ့တွေထပ်ခါထပ်ခါပြုနိုင်ကြပါစေဗျ🙏🙏🙏
2026-06-21 05:12:48
1
tmafl6
Daw MaMa :
ကျက်သရည်ရှိတာလှတာ🥰🥰🥰🥰🥰
2026-06-20 01:11:19
1
sinmathar
ဆင်မသား :
သာဓု သာဓု သာဓု ပါ ခင်ဗိာ
2026-06-20 14:06:03
1
kyweyoke5
𝓀𝓎𝓌ℯ ~💞~𝓎ℴ𝓀ℯ🤟💫 :
မျက်နှာလေးကအကြည်ဓာတ်လေးပါလားအမရယ်..ကျက်သရေရှိလိုက်တာ
2026-06-21 09:05:49
1
cando.basa8
Cando Basa :
အမှန်တရားပဲ
2026-06-21 04:06:49
0
To see more videos from user @marlarmyint.mm, please go to the Tikwm homepage.

Other Videos


About