@tone.tone730: #ပိတောက်ပွင့်ဆဲလသာဆဲဝယ် ဒီ၀တ္ထုကိုဖတ်ပြီးးး ရင်ထဲနင့်နေတာပဲကွယ် ပိုက်ဆံကစကားပြောလာတဲ့အခါ အချစ်ဟာ တိမ်ဖုံးတဲ့လပမာ ညှိုးငယ်သွားရတာပါပဲ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ စား၀တ်နေရေးတွေပါလာတဲ့အခါ လောကဓံဆိုတဲ့ရိုက်ချက်တွေနဲ့ ဝေးကြရတာ မဆန်းပါဘူးလေ မဆန်းပေမယ့် လွမ်းရပြန်လည်း နမ်းဖူးခဲ့တဲ့ပန်းလေးကိုပင် လှမ်းခွင့်မရှိတော့တဲ့ မောင်လေးလှိုင် စွန့်လွှတ်လိုက်ရခြင်းတွေဟာ မတတ်သာလို့ ဝေးဝေးကပဲ ငေးပါတော့ မောင်လေးလှိုင်ရေ ၀တ္ထုဆုံးခါနီးမှာ အိပ်ချင်လာလို့ စွန့်စားဖတ်လိုက်ခါမှ အိပ်မပျော်တော့တဲ့အဖြစ်ပါလား မောင်လေးလှိုင်ရေ ဒီတခါတော့ နှလုံးသားတစ်ခုလုံးမြှုပ်ပြီး ဖတ်ခဲ့ရတယ် နာကျင်လိုက်ရတာကွယ် ချစ်နေတာချင်းတူပါလျက်နဲ့ အခွင့်မသာ သမုဒယဆိုတဲ့ချည်ငင်တွေဟာ ဖိုမအချစ်ကို အနိုင်ယူပါသကောလား မဝေမေ့တော့ တစ်ခါဝေးရတယ် မဝေတွေ့တော့လည်း တစ်ခါဆွေးရတယ် လေးလှိုင်ရေ ပိတောက်ဦးကို တစ်ပါးသူကခူး မထူးလေတော့တဲ့ဘ၀တွေမှာ ဖြစ်သင့်တာကိုပဲ ဦးစားပေးလိုက်တာဟာ သံသရာ၀ဋ်တွေဆပ်တာပဲမှတ်လိုက်ပါတော့ မှတ်ပါတော့.... Tone ( 10:49 pm) #တက္ကသိုလ်ဘုန်းနိုင် #fypage #novel #မောင့်မျက်ရည်ဝိုင်း
Moe🦋👀
Region: MM
Friday 19 June 2026 16:21:04 GMT
Music
Download
Comments
Ame Khant :
သီချင်းလေးကြိုက်တယ် မမရေ🥰🥰
2026-06-19 16:48:10
1
Mayyy :
၀တ္ထုပြီးသွားတဲ့ထိတောင် အောင့်သက်" ကျန်ခဲ့တာ💔
အဲ့တာကြောင့်လည်း ဆရာဘုန်းနိုင်ရဲ့ မေတ္တာစာ သစ္စာစာတွေဟာ ဂန္ဓ၀င်ထိုက်နေပါကောလား🤍🦋
2026-06-19 16:25:41
2
To see more videos from user @tone.tone730, please go to the Tikwm
homepage.