@ko225321az7: #..အတူတူ စာဖတ်ပါ"📚 #ပျင်းနေမယ့်..အတူတူ စာဖတ်ပါ"📚 ======================== စာမဖတ်ရင် အကန်းဘဝ ရောက်သလို စာမဖတ်ရင် လူစင်မမှီတဲ့ ဘဝရောက်တတ်တယ် ဘယ်လောက်အဆင့်မြင့် ဘွဲ့ ဒီဂရီ တွေ ရ ရ ဘယ်လိုအဆင့်မြင့် ရာထူး ကိုင်ထား ကိုင်ထား ဘယ်လောက်ပဲ ကျိကျိတက် ချမ်းသာ ချမ်းသာ စာပေအဟာရ လုံလောက်အောင် ဖြည့်မထားလျှင် အတွေးအခေါ် အယူအဆ တွေ အဆင့်မမှီရင် အများနဲ့ စကားပြောတဲ့အခါကျရင် အကျိုးအကြောင်း မဆီလျော် ဆုံးဖြတ်ချက်တွေချဖို့ တွေဝေနေလိမ့်မယ် လုပ်ငန်းခွင်မှာ အလုပ်တွေ မပြောက်မြောက်နိုင်ဘူး ကိုယ်တိုင်ဖြတ်သန်းလာခဲ့ ဘဝအတွေ့အကြုံအရ လူတစ်ယောက်ရဲ့ ဘဝတိုးတက်အောင်မြင်ရေးမှာ စာဖတ်ခြင်းက"ခွန်အားဆိုတာ"သိလာခဲ့တယ် ဒါကြောင့် မိမိရောက်တဲ့ နိုင်ငံခြား နေရာတိုင်းမှာ လူငယ်ရော လူကြီးတွေပါ စာဖတ်ဖို့ တိုက်တွန်းပါတယ် ခေတ်ဟာ အမြဲတိုးတက် ပြောင်းလဲနေတယ် ဒါကြောင့် လူဟာလည်း တိုးတက်ပြောင်းလဲနေဖ်ို့ လိုပါတယ် အနားယူတာနဲ့ ပျင်းတာ ကွဲပြားဖို့ လိုပါတယ် မလုပ်နိုင်တာနဲ့ မလုပ်ချင်တာ ကွဲပြားဖို့ လိုပါတယ် ဝေဖန်တာနဲ့ အပြစ်ရှာတာ ကွဲပြားဖို့ လိုပါတယ် သုံးတာနဲ့ ဖြုန်းတာ ကွဲပြားဖို့ လိုပါတယ် သတင်းနဲ့ အတင်း ကွဲပြားဖို့ လိုပါတယ် တာဝန်နဲ့ အာဏာ ကွဲပြားဖို့ လိုပါတယ် လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားဖို့ လိုပါတယ် ဘာပဲလုပ်လုပ် အမြဲသတိနဲ့ အသိ ရှိပါ ကောင်းတဲ့အရာတွေကိုသာ ပိုကောင်းပါစေ ဆိုးတဲ့အရာတွေကိုတော့ ပိုဆိုးမလာပါစေနဲ့ သိချင်ရင် အမြင်ကျယ်ချင်ရင် စာဖတ်ပါ တော်ချင်ရင် တတ်ချင်ရင် စာဖတ်ပါ လိမ္မာချင်ရင် ယဉ်ကျေးချင်ရင် စာဖတ်ပါ ငွေမရှိလဲ လူ့အောက်မကျချင်ရင် စာဖတ်ပါ ဘဝကို ရဲရဲဝံ့့ဝံ့ ဖြတ်သန်းချင်ရင် စာဖတ်ပါ ဘဝ အဆင့်အတန်း မြင့်ချင်ရင် စာဖတ်ပါ မအချင်ရင် အညာမခံချင်ရင် စာဖတ်ပါ အနိုင်ကျင့် စော်ကားမခံချင်ရင် စာဖတ်ပါ အဆင့်ရှိရှိ စကားပြောတတ်ချင်ရင် စာဖတ်ပါ ဟန်မဆောင်ပဲ ပြုံးတတ်ချင်ရင် စာဖတ်ပါ ခေါင်းဆောင်ကောင်း ဖြစ်ချင်ရင် စာဖတ်ပါ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုဘဝ မရောက်ချင်ရင် စာဖတ်ကြပါ ကြားသမျှ လိုက်ပြောတဲ့ သာလိကာလို အာမညောင်းရအောင် စာဖတ်ကြပါ မစူးစမ်းမဆင်ခြင်တဲ့ ယုန်စသူငယ်လို ဦးနှောက်မမဲ့အောင် စာဖတ်ကြပါ ဆီဆုံမှာ တပ်ထားတဲ့ နွားတို့လို အလှည့်အပတ်မခံရအောင် စာဖတ်ကြပါ မျက်မမြင် ပုံဏ္ဏားတွေလို အမြင်မရှိပဲ ရမ်းမတုတ်ရအောင် စာဖတ်ကြပါ လေယူရာ ယိမ်းတဲ့ကောက်ပင်လို သူများဆွယ်တိုင်း မပါရအောင် စာဖတ်ကြပါ ဦးနှောက်မရှိတဲ့ ကော်ပတ်ရုပ်လို ထားရာနေရတဲ့ ဘဝမရောက်အောင် စာဖတ်ကြပါ စာဖတ်ပါ။ အတွေးတွေ လေးနက်လာလိမ့်မယ် စာဖတ်ပါ။ စကားလုံးတွေ ကျစ်လျစ်လာလိမ့်မယ် စာဖတ်ပါ။ လုပ်ငန်းစွမ်းဆောင်ရည်တွေ မြင့်တက်လာလိမ့်မယ် စာဖတ်ပါ။ အရာရာကိုတိုးတက်ပြောင်းလဲနိုင်စွမ်းရှိပါတယ် ဒါကြောင့်.....မိတ်ဆွေတို့အတွက် "ကျွန်တော်"ရဲ့ စကားလက်ဆောင်ဆိုရင် "စာဖတ်ဖို့ "အချိန်ပေးပါ။ စာဖတ်ပါ ဘယ်တော့မှ ဘက်မလိုက်တဲ့ အရာတစ်ခုရှိတယ် အဲဒါကို အချိန်လို့ ခေါ်တယ် ဘက်မလိုက်သလိုပဲ ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှလည်း ပြန်မရနိုင်ဘူး ပြန်တော့မှ ရပ်တန့်မနေအောင် လူကို တွန်းအားပေး တိုးတက်ပြောင်းလဲစေတဲ့ အရာ တစ်ခု ရှိတယ် အဲဒါကို"စာဖတ်ခြင်း" လို့ ခေါ်ပါတယ် ရှင်သန်နေသမျှ မိတ်ဆွေနဲ့ အနီးဆုံးမှာ ရှိပေးနိုင်တာ ခွန်အားပေးနိုင်တာဆိုလို့ ( စာအုပ် စာပေ)တွေပါပဲ။ #ဆရာအောင်သင်း #crd #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙
✍️စာတို✍️
Region: MM
Saturday 20 June 2026 01:35:45 GMT
Music
Download
Comments
K :
ဖတ်တယ် ပြန်မေ့တယ်
2026-06-29 11:54:59
7
Ko Ko :
စာဖတ်ပါလို့ တိုက်တွန်းတဲ့ အတွက်
ကျေးဇူးအရမ်းကို တင်ပါတယ်
2026-06-20 14:07:09
13
🌑 :
But one thing can't be undeniable is that reading is useless without actions 😌🥺
2026-06-29 12:03:19
1
𝒜.ℳ.𝒵 :
ကျေဇူးအများကြီတင်ပါတယ်🙏
2026-07-11 22:23:19
3
Yar Zar :
2026-06-20 08:49:11
3
Wan :
ပြန်မျှပါရစေစာတု်ဥိးညိုကြိးရှင့်🙏
2026-06-26 15:03:21
2
Rain Audacious :
စာဖတ်ရင်အောင်မြင်ရောလား အောင်မြင်သူတိုင်းစာဖတ်ရောလား စာသားတိုင်းမှာအောင်မြင်ကြီးပွားမှု့ပါလား
2026-06-30 14:53:10
2
Mia mozinzin :
ပြန်တင်မယ်နော်
2026-06-22 03:53:42
4
@[?]:@爱|•༆𝑭𝒍𝒂𝒔𝒉 𝑩𝒐𝒚༄ :
အရမ်းကြိုက်တယ်🥰🥰🥰🥰🥰
2026-06-20 12:55:33
1
Aung Ko Lynn :
အမြဲတမ်းဖတ်ဖြစ်တယ်ခင်မျှ🙏🙏🙏🙏🙏
2026-06-21 02:14:30
3
Poe Poe chit :
စာဖတ်တဲ့သူပါစာတွေများများတင်ပေးပါအုံ
2026-06-22 02:37:11
2
khinkhin :
စိတ်ခွန်အားဖြစ်စေတဲ့စာသားမို့ကျေးဇူးတင်ပါတယ်🥰🥰🥰🥰🥰
2026-07-26 13:53:56
1
Wine May :
ကျေးဇူးတင်ပါတယ်😍🥰
2026-06-22 14:00:29
2
user5095560749313ဇာနီးမြင့်မို :
မှန်တယ် စားဖက်ရတောမပြင်တောဘူး
2026-07-04 13:45:30
2
Zay Yan🌪️ :
ဘယ်လိုစာမျိုးဖတ်ရမှာလဲဗျ
2026-07-27 15:28:41
1
HaNi HaNi TAZE :
ဘဝအတွက်ခွန်အားပါ ဒါပေမယ့် ခုချိန်ကျမလဲကျနေတဲ့အတွက်တိုင်ပင်ဖော်တစ်ယောက်ရချင်မိတယ်
2026-07-26 15:15:03
1
🥰🥰🥰🥰 :
ဟုတ်
2026-07-25 15:00:33
1
အရေးမပါ အရာမရောက်ခြင်းရဲ့ ရသ :
စာပေ၏ အဖိုးတန်ပုံ၊ စာဖတ်ခြင်းက လူတစ်ဦးတစ်ယောက်၏ ဘဝအပေါ် သက်ရောက်သည့် ကြီးမားသော အပြုသဘောဆောင်သည့် တန်ခိုးစွမ်းအ thật ကို ထိမိပီပြင်စွာ တင်ပြထားသော ကောင်းမွန်လှသည့် ရေးသားချက်တစ်ခု ဖြစ်ပါသည်။
📖 စာဖတ်ခြင်းမှ ရရှိမည့် အနှစ်သာရများနှင့် တိုက်တွန်းချက်များ
အတွေးအခေါ် မြင့်မားရေး: ဘွဲ့ဒီဂရီများ၊ ငွေကြေးဓနများ မည်မျှပင် ပြည့်စုံစေကာမူ စာပေအာဟာရ လုံလောက်စွာ မရှိပါက အတွေးအခေါ်နှင့် ဆုံးဖြတ်ချက်များတွင် အားနည်းချက်များ ရှိလာနိုင်ပါသည်။
အသိတရားနှင့် ဆင်ခြင်တုံတရား: ဘဝတွင် မရှိမဖြစ် ကွဲပြားခြားနားမှုကို သိရှိရန် လိုအပ်ချက်များ (ဥပမာ- အနားယူခြင်းနှင့် ပျင်းခြင်း၊ သတင်းနှင့် အတင်း၊ လိုအပ်တာနဲ့ လိုချင်တာ စသည်တို့) ကို ခွဲခြားဆင်ခြင်နိုင်ရန် စာဖတ်ခြင်းက အဓိက အခန်းကဏ္ဍမှ ပါဝင်ပါသည်။
အလိမ်အညာ ကင်းဝေးစေခြင်း: တစ်ပါးသူ၏ လှည့်ဖျားမှု၊ အလွယ်တကူ အညာခံရခြင်း၊ ဦးနှောက်မရှိသကဲ့သို့ လေယူရာယိမ်းခြင်းတို့မှ ကင်းဝေးစေရန် စာပေဖြင့် ဗဟုသုတများကို ဖြည့်ဆည်းထားရန် လိုအပ်ပါသည်။
ဘဝအတွက် အကောင်းဆုံး ခွန်အား: အချိန်ဆိုသည်မှာ ဘက်မလိုက်ဘဲ ကုန်ဆုံးသွားသကဲ့သို့ ထိုအချိန်များကို အကျိုးရှိစွာ အသုံးချကာ မိမိဘဝကို တိုးတက်ပြောင်းလဲစေနိုင်သည့် အကောင်းဆုံး မိတ်ဆွေမှာ "စာအုပ် စာပေ" ပင် ဖြစ်ပေသည်။
"ရှင်သန်နေသမျှ မိတ်ဆွေနဲ့ အနီးဆုံးမှာ ရှိပေးနိုင်တာ ခွန်အားပေးနိုင်တာဆိုလို့ ( စာအုပ် စာပေ)တွေပါပဲ။@credit
2026-07-28 09:35:48
1
Mg Mg Swe :
ကျေးဇူးတင်ပါတယ်
2026-06-26 06:19:30
1
𝓚𝓸 𝓜𝓸𝓮 (စာပေ ပရဟိတ) :
ကျေးဇူးပါ မိတ်ဆွ
2026-06-24 13:05:23
2
Moe Moe :
အရင်တိုန်းကဆိုဘာမှမတွေ့တတ်တလူတစ်ယောက်ပါ
ခုဆိုတစ်ဖြေးဖြေးနက်စာဖတ်နေပါပြီး
ကျေးဇူးတင်ပါတယ်
နောက်လဲ့များများတင်ပေးစေချင်ပါတယ်
2026-06-28 11:42:30
1
လက်သုတ်ပဝါ :
ရသလောက် ဖတ်ပါတယ်ဗျ🙏🙏🙏
2026-07-01 15:06:32
1
kalay :
ကျေးဇူးတင်ပါတယ်
2026-06-26 14:40:32
1
ma thae war :
ကျေးဇူးတင်ပါတယ်🥰🥰🥰
2026-06-26 11:55:57
1
တစည ချမ်းမြသာစည် :
အလိမ္မာ...စာပေမှာရှိ...လို့
ဆိုပါတယ်....တန်ဘိုးထား
လေးစားရပါသည်....
လေးစားလိုက်နာ..ကျင့်သုံး
ခြင်းဖြင့်...လူ့ဘဝကိုလျှောက်လှမ်းနေပါသည်..မဂ်လာပါ...
ဦးဆန်းအောင်...😂😅😁🥰
2026-06-23 14:54:26
1
To see more videos from user @ko225321az7, please go to the Tikwm
homepage.