@son356657: Single Mother တစ်ယောက်နဲ့ ချစ်ကြိုက်မယ်ဆိုတဲ့ အမျိုးသားတွေကို ပြောချင်တာက… Single Mom တစ်ယောက်ကို တကယ်စိတ်ရင်းနဲ့ ချစ်နိုင်မှ၊ သူ့ရဲ့ ရင်သွေးလေးကို ကိုယ့်သားသမီးလို တန်ဖိုးထားနိုင်မှသာ ပတ်သက်ယူသင့်ပါတယ်။ ကိုယ်က တာဝန်မယူနိုင်ဘူး၊ တန်ဖိုးမထားနိုင်ဘူးဆိုရင် ဘယ် Single Mom ကိုမှ မထိခိုက်ပါနဲ့… မဖျက်ဆီးလိုက်ပါနဲ့။ ရခဲလှတဲ့ လူ့ဘဝမှာ ယောကျာ်းကောင်း မဖြစ်နိုင်သေးရင်တောင် ယုတ်ညံ့တဲ့ လူတော့ မဖြစ်သင့်ဘူးမလား။ Single Mom အများစုက အပြင်မှာ သန်မာနေသလိုပဲ မြင်ရပေမယ့် အတွင်းစိတ်မှာတော့ စိတ်အားငယ်တတ်ကြတယ်… အချစ်ခံချင်ကြတယ်… အရမ်းလည်း အတွေးများတတ်ကြတယ်။ ဒါကြောင့် သူ့ဘဝထဲ ဝင်လာမယ့် အမျိုးသားတစ်ယောက်အနေနဲ့ “ငါ သူ့အတွက် ဘယ်လောက်ထိ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်မလဲ” ဆိုတာကို အမြဲတွေးပေးတတ်ရမယ်။ ကိုယ်က အမျိုးသမီးတွေကို မလေးစားတတ်ရင်တောင် ကိုယ့်ကို မွေးပေးခဲ့တဲ့ မိခင်တစ်ယောက်ကလည်း အမျိုးသမီးပါပဲ။ ဒါကြောင့် ဘဝကံအကြောင်းမလှတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်မယ်ဆိုရင် တကယ်ချစ်တဲ့စိတ်နဲ့မှ ပတ်သက်ပါ။ မဟုတ်ရင် သူတို့ရဲ့ နာကျင်မှုတွေထဲ ထပ်မဖြည့်ပေးပါနဲ့။ နောက်တစ်ခု ပြောချင်တာက… တချို့အမျိုးသားတွေဟာ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေ၊ မွေးရာပါ မကောင်းတဲ့စိတ်ဓာတ်တွေကို အမျိုးသမီးတွေအပေါ် ထပ်ဆင့်ပုံချတတ်ကြတယ်။ ကဲ့ရဲ့တယ်… အပြစ်တင်တယ်… နာကျင်အောင်လုပ်တတ်ကြတယ်။ Single Mother တစ်ယောက်ကို ချစ်မိတဲ့အခါ ပတ်ဝန်းကျင်က “လှည်းကျိုးထမ်းတဲ့နွား” ဆိုပြီး ဝေဖန်ကဲ့ရဲ့လာနိုင်တယ်။ ဒါပေမယ့် လူတွေရဲ့စကားထက် သူမရဲ့ မျက်ရည်တွေကို ပိုနားလည်ပေးပါ။ သူမဘဝကို နွေးထွေးပေးပါ… သူမနဲ့အတူ ပါလာတဲ့ ရင်သွေးရတနာလေးကို ကာကွယ်ပေးပါ… ပထွေးဆိုတဲ့ နေရာကို ကြောက်စရာ လူတစ်ယောက်အဖြစ် မဟုတ်ဘဲ ကလေးအတွက် လုံခြုံရတဲ့ အိမ်တစ်လုံးလို ဖြစ်အောင် နေထိုင်ပေးပါ။ သွေးမတော်ပေမယ့် မေတ္တာနဲ့ချစ်ပေးနိုင်တဲ့ ယောကျာ်းတစ်ယောက်က တကယ့် “ဖခင်ကောင်း” ဖြစ်နိုင်ပါတယ်။ သူမရဲ့သားသမီးကို ဖခင်တစ်ယောက်လို ကာကွယ်ပေးပါ… သူမအားကိုးရတဲ့ လူတစ်ယောက်အဖြစ် ရှင်သန်ပေးပါ… အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အဖြစ်လည်း ပြုမူနေထိုင်ပေးပါ။ အခုနောက်ပိုင်း ပထမအိမ်ထောင်မှာ မသာယာခဲ့သမျှ ဒုတိယအိမ်ထောင်မှာ သာယာပျော်ရွှင်နေကြတဲ့သူတွေ အများကြီးရှိပါတယ်။ အိမ်ထောင်ရေးကံဆိုတာ လူတိုင်းမတူညီကြဘူး။ ဒါကြောင့် ကိုယ်နဲ့ ပတ်သက်လာမယ့် Single Mom တစ်ယောက်ရဲ့ ရင်သွေးလေးကိုလည်း မေတ္တာနဲ့ ပြုစု ပျိုးထောင်ပေးတတ်မယ်ဆိုရင် အဲ့ဒီကလေးဟာ နောင်တစ်ချိန်မှာ လိမ္မာတဲ့သားသမီးကောင်းတစ်ယောက်၊ ကျေးဇူးသိတတ်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ တချို့အိမ်ထောင်တွေဆို Single Mom တစ်ယောက်နဲ့ တွေ့ဆုံပြီးမှ ပိုသာယာတဲ့ မိသားစုဘဝကို တည်ဆောက်နိုင်ကြတာတွေ အများကြီးရှိတယ်။ ခေတ်ကာလက တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲတိုးတက်လာသလို ချောမောလှပတဲ့ အမျိုးသမီးတွေကလည်း ပိုများလာတယ်။ ဒါပေမယ့် စိတ်မယိုင်ဘဲ ကိုယ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်အတွက် ယောကျာ်းကောင်းတစ်ယောက်အဖြစ် ရပ်တည်ပေးနိုင်ဖို့က ပိုအရေးကြီးတယ်။ အားလုံးပဲ ကိုယ်ချစ်ရတဲ့သူအတွက် လုံခြုံမှု ပေးနိုင်တဲ့ ယောကျာ်းကောင်းတွေ ဖြစ်ကြပါစေဗျာ🌼#မူရင်းကိုcrdပေးပါတယ်#ပြည်ပရောက်လူငယ်💔#အမျိိုးသမီးများကိုတန်ဖိုးထားတက်ကြပါစေ#fypシ゚viral
𝙻𝚒𝚗 𝙺𝚑𝚊𝚗𝚝 𝙼𝚊𝚞𝚗𝚐
Region: LA
Saturday 20 June 2026 03:07:22 GMT
Music
Download
Comments
Kyawt Kay Khing 🍀🍀 :
အရာအားလုံးကကောင်းဖို့ဖြစ်လာတာမို့
ထူးထွေပြီး၀မ်းနည်းမနေဘူး
ဘယ်လိုလူနဲ့တွေ့ရပါစေဆိုပြီးလည်းမျှော်လင့်မနေဘူး
Sg mom ဖြစ်လာတဲ့ပုံစံချင်းမတူကြပေမဲ့ အိမ်ထောင်သည်ဘ၀ကို ကြောက်နေလို့
အကောင်းဆုံးနေထိုင်ပြီး အကောင်းဆုံးအပျော်ရွှင်ရဆုံး ဖြစ်အောင် ကိုယ့်စိတ်ကိုယ်မွေးမြူတယ်
Proud of me ပဲ 😉
2026-06-21 00:04:36
109
ᏋᎷᎮᏒᏋᏕᏕ👑 ᎥᏉᎩ🌿 :
sm တစ်ယောက် ဖြစ်ခဲ့တာ တကယ်မေတ္တာ ပေးနိုင်တဲ့သူနဲ့ တွေ့ဖို့ ဖြစ်လာသလိုပါပဲ🥰
2026-06-20 07:11:32
21
Nan Hnow Nwe Ni :
မမျော်လင့်တော့ပါဘူးအေ ရှိလာမှာလည်းမဟုတ်တော့ပါဘူး🥺
2026-06-21 05:04:54
11
Queen :
ရှိမယ်မထင်ပါဘူး😒😔
2026-06-20 13:48:22
7
Daw Thida :
singlemomတေရဲ့ကိုယ်စားဒီစာလေးကိုရေးပေးတဲ့အတွက်ကျေးဇူးပါရှင့်🥰🥰🥰🥰🥰
2026-06-24 11:50:34
7
Ãpřîl Ĥñìñ🥰🥰 :
တန်ဖိုးထားတဲ့ စကားလုံးတွေ တွေ့တော့ ဝမ်းသာမိပါတယ်
ကျေးဇူးလဲတင်ပါတယ် 😊
2026-06-20 10:17:00
7
Phyu Phyu :
စိတ်ဓာတ်လေးကိုလေးစားသွား ပီး အစစအရားးနေလယ်ပေးနိုင်တဲ့သူက ရှိတော့ရှိတယ် ရှာတယ်💯💯💯👍👍👍🥰🥰🥰
2026-06-20 14:59:50
7
Ninth Cloud :
အခု လက်ရှိလည်း ကျတော်အရမ်းချစ်ရတဲ့ sg mother လေးကို ပိုင်ဆိုင်ထားရလို့ အမြဲတန်ဖိုးထားပါတယ် 🥰
2026-06-24 11:14:33
3
Shabana :
sg mom ဖြစ်ပေမယ့် ဘဝကိုအကောင်းဆုံးနေထိုင်ရှင်သန်ပီး စိတ်ဓာက်ခွန်အားသန်မာအောင် ကြိုးစားပါတယ် သားသမီးဆိုတဲ့ ခွန်အားရယ် မိဘဆိုတဲ့ ဘဝကြီးနဲ့ပေါ့💪💪💪💪
2026-06-21 16:29:13
3
Than Zin Cho :
ကျေးဇူးအများကြီးတင်ပါတယ်ရှင်းးးဆရာရေ ကျမတို့အမျိုးသမီးထုတွေအတွက်စာနာ နားလည်ပီးရေးတင်ပေးလို့ ထပ်ဆင့်ကျေးဇူးတင်ပါတယ်ရှင်🥰🥰
2026-06-21 11:21:51
6
-(¯`v´¯)-Kokomi-(¯`v´¯)- :
အဲ့စာသားလေးချပေးတဲ့လူကိုလေးစားမိတယ်🥰🥰🥰🥰🥰
2026-06-20 15:41:25
3
🌻Zin.Nwe.Oo🌻 :
စာတစ်လုံးတိုင်းက.တန်ဖိရှိတဲ့စကားလုံးတွေပါပဲ..ကျေးဇူးအဏမ်းတင်ပါတယ်..အကို
2026-06-21 16:15:31
4
♥️Thuzar Soe♥️ :
ရင်ထဲ့မှာ ပြောချင်နေတဲ့ စကားတွေကို ကိုယ်စားပြောပေးနေတလိုဘဲ့ စကားလုံးတစ်လုံးချင်တိုင်း တန်းဖိုးရှိနေလို့ ကျေးဇူးတင်ပါတယ်ရှင့်
2026-06-21 17:05:32
5
Nway Nway Yada Nar :
ဟာ သူများတေတော့မသိဘူး ကိုယ်တော့ သားနဲ့သမီးတင်ချစ်မဝဘူးမို့ နောက်ထပ် လူအဝင်မခံဘူး🙂
2026-07-01 14:31:13
2
Moe lay :
မုဆိုးမ သားတစ်ယောက်မိခင်တွေအဖို့ နောက်တစ်ယောက်အတွက်မျှော်လင့်ချက်မဟုတ်ပေမဲ့စာလေးကတစ်ဦးတစ်ယောက်ထွေးပွေ့ပေးသလိုနွေးထွေးရတယ်ကျေးဇူးပါ🥰🥰
2026-06-22 01:16:46
2
Hnin Yee :
အဲလိုစိတ်ဓာတ်မျိုးရှိတဲ့အမျိုးသားလေးနဲ့ဆုံဆည်း ကြည့်ချင်ပါသေးတယ်♥️♥️♥️
2026-06-21 03:35:39
2
လွန်မြတ်ကန်ရွာ အရှေ့ပိုင်းသူ :
ကျေးဇူးပါနော် ကျမ ပြောခြင်တာတွေပြောပေးလို့ 🥰
2026-06-21 03:19:46
3
user22801158835601ငါဘုရင်မ :
sg marther တစ်ယောက်မို့ ကျေးဇူးပါ🥰🥰
2026-06-21 03:48:37
2
❤️Yati❤️Sagittarius♐♐ :
ဟုတ်တာပေါ့
2026-06-20 03:15:53
2
@သား🤵ဘုန်းခန့်လေး^မားမား 👸💫 :
ပြန်တင်ခွင့်ပြပါရှင့်❤️❤️
2026-06-21 05:47:21
2
Thu Zar :
Single Mother ဘက်က ရပ်တည်ပေးလို့ ကျေးဇူးပါအကို...ကိုယ်တိုင်ကလည်း ကလေးအမေ ဖြစ်နေလို့ ပါအကို❤️🥰
2026-06-23 18:11:11
2
July.Jue :
Rightအကို
2026-06-20 11:43:01
0
userhninhnin76 :
စာသားလေး ပို့ပေးပါလား ပြန်တင်ချင်လို့ပါ
2026-06-21 13:40:13
3
Paing Lay :
ကျေးဇူးပါအကိုsingle mother တစ်ယောက်ဘက်ကရပ်တည်ပေးလို့ပါညီမကလဲအဲ့လို့လူမျိုးတစ်ယောက်ဖြစ်နေလို့ပါ🥰🥰🥰
2026-06-25 14:23:01
1
💜💜honey 💜💜♒♒💜 :
သားနဲ့ပဲပျော်ရွှငုစွာဖြက်သန်းနေတရ် စိတ်ညစ်မှူမရှိပူးသောကမရောက်ရပူးကို့သားလေးတာရှိရင်ပြည့်စုံပ့ပီ ဘယ်လိုလူရောက်လာပါစေဆိုပီးလည်းမျှော်လင့်မနေတော့ပူး
2026-06-21 06:51:07
1
To see more videos from user @son356657, please go to the Tikwm
homepage.