@user5267433128467: အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး မိစ္ဆာဒိဋ္ဌိကြီးတဲ့ ​ ​“အရှင်သာရိပုတ္တရာ အရှင်သူမြတ်ကြီးဟာ မိစ္ဆာဒိဋ္ဌိကြီးတဲ့၊ ကနေ့တိုင်အောင်လည်းပဲ အရည်းကြီးဆရာမ အကျင့်တရားအတိုင်း ကျင့်သို့သွားတဲ့အခါမှာ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတွေကို ရှိခိုးနေတုန်းပဲ” တဲ့။ သူတော်ကောင်းတို့ ဒီလိုစွပ်စွဲကြတယ်ဗျာ။ ​အရှင်သာရိပုတ္တရာ အရှင်သူမြတ်ကြီးဟာ ရောက်ရာအရပ် ဘယ်နေရာပဲရောက်ရောက် သူ့ဆရာသမားရှိတဲ့ဘက်ကို မှန်းဆတမ်းတပြီးတော့မှ ရှိခိုးလေ့ရှိတယ်။ သူ့ရဲ့ဆရာ ဘယ်နားမှာရှိသလဲ၊ သူ့ရဲ့ဆရာရှိတဲ့နေရာကို မှန်းဆပြီးတော့ သူလက်အုပ်ချီတယ်၊ ရှိခိုးတယ်။ သူ့ဆရာဆိုတာ ဘယ်သူလဲမေး ဘုရားလားဆိုတော့ မဟုတ်ဘူး။ ဘုရားရဲ့ရှေ့ သူ့ကို သောတာပန်တည်အောင် ဟောပေးတဲ့ ပုဂ္ဂိုလ်ရှိသေးတယ်။ ​အဲ့ဒါက ပဉ္စဝဂ္ဂီငါးဦးထဲမှာ အငယ်ဆုံးဖြစ်တဲ့ အရှင်အဿဇိ။ အရှင်အဿဇိ အရှင်သူမြတ်ထံမှာ သူတရားနာပြီးတော့ သောတာပန်တည်တာ။ သောတာပန်ဆိုတာ သူတော်ကောင်းတို့တတွေ ဦးဇင်းတို့ ဗုဒ္ဓသာသနာတော်မှာ ပထမဆုံးတွေ့တဲ့စခန်းဟာ သောတာပန်စခန်း။ ​အဲ့ဒီ သောတာပန်စခန်းကနေ လှမ်းကြည့်လိုက်မှသာလျှင် နိဗ္ဗာန်က မြင်ရတာ။ ဦးဇင်းတို့နယ်ပယ် ပုထုဇဉ်နယ်ပယ်ကနေ နိဗ္ဗာန်ကို မမြင်ရတာ။ သောတာပန်စခန်းကနေ လှမ်းကြည့် နိဗ္ဗာန်ကို မြင်ပြီ။ နိဗ္ဗာန်ကို မြင်လိုက်ရတဲ့ပုဂ္ဂိုလ်ကလည်း “ဟာ... နိဗ္ဗာန်ကြီးက ပျင်းစရာကြီးပဲ” ဆိုပြီးတော့ သောတာပန်ဖြစ်ပြီးတော့ သောတာပန်ဖြစ်ရတာ မှားလိုက်တာဆိုတဲ့ ပုဂ္ဂိုလ်မရှိဘူး။ သောတာပန်ဖြစ်ပြီးတော့ ပုထုဇဉ်ပြန်ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်လည်းမရှိဘူး။ ​သောတာပန်ဖြစ်ပြီး သကဒါဂါမ်၊ သကဒါဂါမ်ဖြစ်ပြီး အနာဂါမ်၊ အနာဂါမ်ဖြစ်ပြီး ရဟန္တာ ဖြစ်ချင်ကြတာပဲ။ အဲ့တော့ သောတာပန်စခန်းရောက်ပြီဆိုရင်လည်းပဲ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကင်းကွာပြီးတော့ အပါယ်တံခါးပိတ်တယ်၊ အပါယ်တံခါးပိတ်တယ်။ ဘဝမှာ ထောက်တည်ရာ ရသွားပြီ သူတော်ကောင်းတို့တွေ။ ​အပါယ်တံခါး ပိတ်သွားပြီဆိုတော့ ဟာ... သိပ်ပြီးတော့ ကျေနပ်စရာကောင်းတာ။ မသေရာတရားကို ရှာနေကြတဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလန်တို့ စောစောစီးစီး ဒီလိုသေတောင် နောက်ထပ် ခုနစ်ဘဝလောက်ပဲ သေရတော့မယ်ဆိုတာ သိရတော့ ကျေနပ်တာပေါ့။ ဟာ... ဒီလိုဆရာမျိုးကို သူတို့ဘယ်တော့မှမမေ့ဘူး။ ယဿာ ဒိသာယံ ဝိဟရတိ အာစရိယော မဟဒ္ဓိကော၊ တဿာ ဒိသာယံ အဉ္ဇလိံ ပဂ္ဂယှ။ အကျင့်ရက်မှာ ဆရာသမားနေတယ်၊ အဲ့ဒီဆရာသမားနေတဲ့နေရာကို ဘာလုပ်တုန်းမေးရင် ရှိခိုးတယ်။ တတ္ထ ဝါသံ ကပ္ပေတိ၊ သီသံ ကတွာန နိပဇ္ဇတိ တဲ့၊ ဆရာသမားရှိတဲ့နေရာကိုပဲ ဦးခေါင်းပြုပြီးတော့ အိပ်တယ်။ ​အဲ့ဒါကိုကြည့်၊ အဲ့ဒါကိုသိတဲ့ သံဃာတော်တွေက “ဟာ... ဒီမထေရ်ကြီးက မနေ့က အရှေ့ရှိခိုး၊ ကနေ့တောင်အရပ်ရှိခိုး၊ ကနေ့နောက်ရက် အနောက်ရှိခိုး၊ ဟိုတစ်နေ့က မြောက်အရပ်ရှိခိုးနဲ့ အရပ်လေးမျက်နှာ၊ တစ်ခါတစ်ခါ အရပ်ရှစ်မျက်နှာ လှည့်ပြီးတော့ ရှိခိုးနေတော့ သာရိပုတ္တရာသည် မိစ္ဆာဒိဋ္ဌိကော” တဲ့။ မိစ္ဆာဒိဋ္ဌိကြီးပဲ။ “မိစ္ဆာဒိဋ္ဌိကော သာရိပုတ္တော၊ ဣဿာပိ ဒီဝသံ ဘာဂေါ၊ သာရိပုတ္တော-ရှင်သာရိပုတ္တရာ မထေရ်သူမြတ်ကြီးသည်၊ မိစ္ဆာဒိဋ္ဌိကော-မိစ္ဆာဒိဋ္ဌိကြီးပါပဲ၊ ဣဇ္ဇာပိ ယနေ့တိုင်အောင်၊ ဒိသာယံ-အရပ်မျက်နှာတို့ကို၊ နမဿမာနော-ရှိခိုးလျက်၊ ဝိစရတိ-လှည့်လည်ပြီးတော့နေတယ်”။ “အရှင်သာရိပုတ္တရာ အရှင်သူမြတ်ကြီးဟာ မိစ္ဆာဒိဋ္ဌိကြီးတဲ့၊ ကနေ့တိုင်အောင်လည်းပဲ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတွေကို ရှိခိုးနေတုန်းပဲ” တဲ့ သူတော်ကောင်းတို့ ဒီလိုစွပ်စွဲကြတယ်ဗျာ။ ​စွပ်စွဲတဲ့အခါ အရှင်သာရိပုတ္တရာ ဘာမှမတုံ့ပြန်ဘူး။ သံဃာတော်တွေက မတုံ့ပြန်တဲ့မထေရ်ကို ဘာမှမပြောဘဲနဲ့ မြတ်စွာဘုရားသွားလျှောက်တယ်။ မြတ်စွာဘုရားသွားလျှောက်တော့ မြတ်စွာဘုရားထံ ရှင်သာရိပုတ္တရာကြီးကို မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကြီးကို ခေါ်ပြီးတော့ မေးတယ်။ “ချစ်သား သာရိပုတ္တရာ... သံဃာတွေကပြောတယ်၊ မင်းက အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတွေ ရှိခိုးနေတော့ မိစ္ဆာဒိဋ္ဌိလို့ ပြောနေကြတယ်ကွယ်တဲ့၊ မင်းအဲ့ဒါ ဟုတ်ပါသလား” ပေါ့။ ​“ဘန္တေ မယှံ ဒိသာနံ နမဿနံ ဝါ အနမဿနံ ဝါ တုမှေဝ ဇာနာထ၊ ဘန္တေ မယှံ ဒိသာနံ ဘန္တေ မယှံ ဒိသာနံ နမဿနံ ဝါ အနမဿနံ ဝါ တုမှေဝ ဇာနာထ”။ “ဘန္တေ-အရှင်ဘုရား၊ မယှံ-တပည့်တော်ရယ်၊ ဒိသာနံ-အရပ်မျက်နှာတွေကို၊ နမဿနံ ဝါ အနမဿနံ ဝါ-ရှိခိုးတယ် ရှိမခိုးဘူးဆိုတာ၊ ရှိခိုးတယ် ရှိမခိုးဘူးဆိုတာ၊ တုမှေဝ ဇာနာထ-အရှင်ဘုရားတို့ ကောင်းကောင်းသိကြပါတယ်ဘုရား”။ ဒီလိုလျှောက်တာ။ “တပည့်တော် အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတွေကို ရှိခိုးတယ် ရှိမခိုးဘူးဆိုတာ မြတ်စွာဘုရားအသိဆုံးပါဘုရား” တဲ့ ဒီလိုလျှောက်တယ်။ ​အဲ့တော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒါဟာ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတွေကို ရှိခိုးနေတာမဟုတ်ဘူး၊ သူရှိခိုးနေတာ ဆရာသမားရှိရာအရပ်ကို မှန်းဆတမ်းတ ရှိခိုးနေတာပဲလို့ ဘုရားကိုယ်တော်တိုင်ကလည်း သိနေတော့ သံဃာတော်အရှင်သူမြတ်တွေကို အဲ့ဒီမှာ မြတ်စွာဘုရားက တရားဟောတယ်။ #ဗုဒ္ဓဘာသာအမွေထွန်းလင်းနိုင်ပါစေ🙏🙏🙏 #buddha #ဗုဒ္ဓံသရဏံဂစ္ဆာမိပါဘုရား #buddhism

ဗုဒ္ဓ မြတ်ဘုရား၏ တရားတိုများ
ဗုဒ္ဓ မြတ်ဘုရား၏ တရားတိုများ
Open In TikTok:
Region: MY
Saturday 20 June 2026 03:39:51 GMT
1950
362
16
11

Music

Download

Comments

minlwin.oo62
MinLwin Oo :
သာဓုသာဓုသာဓုပါဘုရား
2026-06-20 15:52:02
1
mmk55259
mmk552 :
သာဓု သာဓု သာဓု
2026-06-20 03:56:12
1
kyaw.zaw.aung171
Kyaw Zaw Aung :
🙏🙏🙏
2026-06-20 16:47:57
1
win.aung.min3
Mg WinAung Min :
🙏🙏🙏🙏🙏
2026-06-20 20:25:30
1
www.tiktok.comkoye5
KoYe :
🙏🙏🙏
2026-06-20 03:49:33
1
aung.kyaw4596
aung kyaw :
😍😍😍
2026-06-20 17:39:39
1
thoonyati773
Thaung Zaw :
🙏🙏🙏
2026-06-20 14:54:34
1
16.2.20252
အချစ်နတ်ဆိုး :
👍👍👍
2026-06-20 14:17:57
1
chaung.oo.thar
Chaung Oo Thar :
🙏🙏🙏
2026-06-20 21:57:15
0
yoon181222.com
Ko Naing Win :
🥰🥰🥰
2026-06-21 00:08:02
0
yoon181222.com
Ko Naing Win :
👍👍👍
2026-06-21 00:07:54
0
oolay789yre3
/ Oo lay :
🥰🥰🥰🥰🥰
2026-06-20 13:33:19
1
yoon181222.com
Ko Naing Win :
😁😁😁
2026-06-21 00:07:57
0
yoon181222.com
Ko Naing Win :
😂😂😂
2026-06-21 00:08:09
0
yoon181222.com
Ko Naing Win :
👍👍👍
2026-06-21 00:10:46
0
kyaw.san.htun07
Kyaw San Htun :
🙏🙏🙏
2026-06-20 11:19:00
1
To see more videos from user @user5267433128467, please go to the Tikwm homepage.

Other Videos


About