@way.gyi.1500: ----------------------------------- အချိန်မီမချုပ်နိုင်ခဲ့လို့ အဖက်ဖက်က စုတ်ပျက်နေတဲ့ တို့တိုင်းပြည်မှာ အသက်တွေအထပ်ထပ်နဲ့ ဖာထေးနေရတယ်။ မုဆိုးမအိမ်ရဲ့ ခြံစည်းရိုးလောက်မှ အားမကိုးရတဲ့ တံတိုင်းတွေ အိမ်ရှင်ဆီ ပြန်ပိခဲရှာပေါ့။ မေတ္တာပန်းကို အတ္တဘောင်နဲ့ခတ်လို့ တစ်စက်စက်ကျနေတဲ့ မျက်ရည်တွေနဲ့ပျိုး တို့တိုင်းပြည်ကျောရိုးလည်း အပိုင်းပိုင်း ကျိုးကြေခဲ့ရှာပေါ့။ အိမ်ကြက်ချင်း အိုးမည်းမသုတ်ပဲ အလဲထိုးထိုးကြတဲ့ပွဲမှာ အမိနိုင်ငံကြီးလည်း အထိနာခဲ့ရပေါ့။ အမေ.... မတရားမှုတွေ ကြုံတဲ့အခါ ဘယ်သူ့ကို တိုင်ရမလဲ အမေ။ တရားမှုကိုရော ဘယ်မှာရှာရမလဲ အမေ။ အတ္တဖုံးသွားတဲ့ မြေစာပုံမှာ မေတ္တာတွေ အသက်ရှူကြပ်ခဲ့ရပြီ အမေ ကဗျာတွေသေခဲ့ပြီ အမေ ကဗျာဆရာတွေ သေခဲ့ပြီ အမေ လူငယ်တွေ သေခဲ့ပြီ အမေ လူကြီးတွေလည်း သေခဲ့ပြီ အမေ ကလေးငယ်တွေ သေခဲ့ပြီ အမေ လူ့ဘဝမရောက်သေးတဲ့ သန္ဓေသားတွေ သေခဲ့ပြီ အမေ။ အဖက်ဖက်က ပျက်နေတဲ့ အသုဘတိုင်းပြည်မှာ ခေတ်အဆက်ဆက်က ကျန်ခဲ့တဲ့အမှိုက်တွေကိုတော့ သားတို့ တက်နိုင်သလောက် လိုက်ကောက်နေဆဲပါ အမေ။ -WAY GYI(နှလုံးသားဖြင့် ရင်း၍) #WAYGYI #creatorsearchinsights #poetry #fyp #positivevibes

WAY GYI (နှလုံးသားဖြင့် ရင်း၍)
WAY GYI (နှလုံးသားဖြင့် ရင်း၍)
Open In TikTok:
Region: MM
Saturday 20 June 2026 04:47:18 GMT
25822
1531
57
52

Music

Download

Comments

got.bee09gmail.co
Thinzar Lwin :
အရမ်းကောင်းပါတယ်ရှင့်🥰🥰🥰🥰
2026-06-20 07:37:00
2
hein24625
hein :
ကောင်းလိုက်တဲ့စာသားလေးတန်ဖိုးရှိပါတယ်ဗျာ🥰🥰🥰🥰🥰🥰🥰🥰
2026-06-29 13:38:09
0
user6113434559972
ဇလုံမောင်မောင် :
နှလုံးသားကို ဒုံးကြည်နဲ့အထိမှန်ခံရသလိုပဲ မျက်ရည်ကျမိပါတယ် အမိမြန်မာပြည်ကြီးရယ်
2026-06-20 06:24:52
2
user799069730
Ar kar :
တကယ်ကိုပါပဲဗျာ အမေ့ကိုလဲလွမ်းတယ် အတိတ်ကိုလဲမုန်းတယ် ပစ္စုပ္ပန်ကိုလဲ နာကြည်းတယ် အနာဂတ် ဆိုတာကိုလဲ မတွေးရဲဘူးဗျာ
2026-06-20 06:30:07
2
kaythweaung5522
kaythweaung@552 :
ဘယ်စိတ်နဲ့အားတင်းကြပ့
2026-06-22 01:12:22
1
user220702757
Leopard :
ခြံစည်းရိုးလဲပြိူ ကလေးတွေလဲငိုလို့ပါဗျာ🥺
2026-06-20 19:36:47
2
tun.tun.soe13
H. H. S. :
ရင်ထဲထိတယ်ဗျာ🥺🥺
2026-06-20 13:06:11
1
lwin.thoomung
SATE TA အတ္တဆူးစာတို :
ဟိုတစ်ချိန်ကလို ပျော်စရာ ဆို့မတွေရတဲ့အမီမြေကြီးအခု ဆိုငိုကြွေးခဲ့တာ လူထုအသိပေါ့
2026-06-20 08:31:12
3
user31704795960518
အပြုံးလေး :
ဘာရယ်ကြောင့်မှန်းမသိရင်ထဲမှာတိတ်တိတ်ကလေးဝမ်းနည်းစေတယ်
2026-06-20 04:58:20
2
love.is.blind959
🇱🇷KO CHAN (ရေနံမြေ) :
ရင် ကို နစ်နစ်သွားတယ်😪😪
2026-06-20 20:14:40
1
win.htet.ko355
Win Htet Ko :
အရမ်းကောင်းပါတယ်
2026-06-24 07:47:54
0
loganaathan5
loganaathan :
ရင်ထဲ ထိပြီး ဘယ်လို ပြောရမှန်းမသိတော့ဘူးးး လူ ဖြစ်လာ စောစောနေသလားလို့ ... နောင်မျိူးဆက်အေးချမ်း ဖို့ ဆုတောင်းနေရတယ်
2026-06-26 14:30:03
0
wai.yan.oo0469
Wai Yan Oo :
တရားမှူ့နဲ့ မတရားမှူ့ဆိုပီးခွဲခြား ငွေမြင်တော့လည်း စီးပွားရေးနောက်လိုက်ကုန်တာပါပဲ
2026-06-22 10:09:00
0
zayarhtet035
&!köĥț€t®™ :
ပြန်တင်ခွင့်ပြုပါbro/crdပေးပါတယ်
2026-06-23 03:31:49
0
phone.myat.lin60
Phone Myat Lin :
😳😳😳
2026-06-20 10:54:40
1
kozwe19930
Ko Zwe :
🥺🥺🥺🥺🥺
2026-06-20 05:05:42
1
i.am.the.only.king45
𝐈𝐀𝐌𝐓𝐇𝐄𝐎𝐍𝐋𝐘𝐊𝐈𝐍𝐆 :
🥺🥺🥺
2026-06-20 04:49:45
1
kooo58446
Nwe💞Oo :
🥺🥺🥺
2026-06-20 16:20:41
1
user2265606533699
ဝက္ကေလး🖤🖤 :
❤️❤️❤️❤️❤️
2026-06-24 05:57:55
1
zinlay7485g3
🍒ငယ်မူပိုင်🍒 :
🥰🥰🥰
2026-06-23 01:05:19
1
phyogyi8635
(っ◔◡◔)っ ♥ Gunner♥1642004 :
🥺🥺🥺
2026-06-27 03:47:28
1
nyein.chan.thu671
nyein chan thu :
😥😥😥
2026-06-20 12:33:26
1
user1493531327998
Tin Zar Tun :
🥺🥺🥺
2026-06-20 13:34:22
1
zeus505ko
Zeus :
✋🤚🥹
2026-06-25 18:24:41
1
To see more videos from user @way.gyi.1500, please go to the Tikwm homepage.

Other Videos


About