@khaingmyel20824: "ဗုဒ္ဓကမိန့်တယ်'' ပေးစပ်စရာ ဝဋ်ကြွေးတွေကုန်သွားတဲ့အခါ လမ်းခွဲခြင်းနဲ့ခွဲခွာခြင်း တွေဟာ သူ့အလိုလို ဖြစ်သွားပါလိမ့်မယ်တဲ့... ချစ်သောရေ... တကယ်လို့ မင်း ငါ့ထက်ပိုကောင်းတဲ့လူနဲ့ တွေ့ခဲ့ရင်လေ ..အဲ့ဒီပိုကောင်းတဲ့လူအနားမှာပဲနေပါ ကိုယ်ကဘာပဲဖြစ်ဖြစ် ရပါတယ်.... ဘာကြောင့်လဲ ဆိုတော့ အစကတည်းက ''စော်ပစ်ကောင်လေ'' ..တကယ်တော့ဒီစကားကို ပြောထွက်ဖို့လွယ်မယ်ထင်လား...ကိုယ်အရမ်းချစ်တဲ့သူကို... တခြားလူတစ်ယောက်နဲ့ပျော်နေတာ မြင်ရတာက ရင်ထဲမှာ အရမ်းနာကြင်ခံစားရတယ်သိလား...ဒါပေမဲ့ ကိုယ်က မင်းပျော်နေတာကိုပဲ မြင်ချင်ခဲ့တာလေ...ဟိုး..အရင်ကဆို 'Lunch'အတူ နေ့တိုင်းစားခဲ့ကျတာမှတ်မိသေးလား.. YBSစီးပြီး ကိုယ့်ရုံးကနေ မင်းရှိတဲ့နေရာဆီအပြေးလာခဲ့ရသေးတယ်လေ...မိုူးရှာနလေဲအတူတူထီးစောငျးပွီး.. ဘဝကိုကျေနပ်စွာ ဖြတ်သန်းခဲ့တယ်နော်...အားရပါးရမင်းရဲ့ ရယ်သံတွေအခုထိနားထဲမထွက်သေးဘူး...မင်း ချွေးတွေပြန်ပြီး..မောနေခဲ့တာဆံနွယ်လေးတွေ ရှုပ်ပွနေပေမယ့်.. ..အချစ်စိတ်ကြောင့်ကိုယ့်အမြင် လှနေတုန်းပဲလေ...မင်းရယ်နေတာကိုမြင်ရရင် ကိုယ့်ရင်ထဲက နာကျင်မူတွေတောင်ခဏတော့ မေ့သွားတက်တယ်... တကယ်ချစ်တဲ့သူဆိုတာ ကိုယ်ပိုင်ဆိုင်ရဖို့ထက် အဲ့ဒီလူပျော်ရွှင်နေတာကိုပဲ ပိုလိုချင်နေတာမျိူး... ကိုယ်သိပါတယ် ..ကိုယ်ကမင်းအတွက် အကောင်းဆုံး မဟုတ်ခဲ့ဘူးဆိုတာ ကိုယ့်ဆီမှာ မင်းလိုချင်တဲ့အရာတွေ မရှိခဲ့ဘူးလေ..မင်းအတွက် အချိန်အများကြီး မပေးနိုင်ခဲ့ဘူး.. မင်းလိုအပ်နေတဲ့ညတွေ.. အခက်ခဲဖြစ်တဲ့အချိန်တွေမှာ.. ကိုယ့်ဘက်ကဘာမှလုပ်မပေးနိုင်ခဲ့ဘူး...ဒါပေမဲ့ ကိုယ်မင်းကိုချစ်ခဲ့တာတော့ တကယ်ပါ....မင်းဝမ်းနည်းနေရင် ကိုယ်ရင်ထဲက ပိုနာကျင်ရတယ် မင်းပျော်နေရင်ကိုယ်လည်းပျော်ခဲ့တယ်... အဲ့လောက်ထိ....ကိုယ်...မင်းကိုချစ်ခဲ့တာ... တချို့ညတွေမှာ...ကိုယ်တွေးမိတယ် "ငါသာ ဒီထက်ပိုကောင်းခဲ့ရင်.. "သူကိုဆုံးရူံးရမှာ မဟုတ်ဘူးထင်တယ်...ဆိုပြီး.. ဒါပေမဲ့...အချစ်ဆိုတာ အမြဲတမ်း ကိုယ်ချစ်သလောက် ပြန်ရတာမှ မဟုတ်တာ တခါတလေ အရမ်းချစ်ရတဲ့ သူတွေကို လက်လွှတ်ပေးရတာမျိူးလည်းရှိတယ် ကိုယ့်ကို မရွေးချယ်ခဲ့လို့...မုန်းမနေပါဘူး... ကိုယ်က မင်းကိုအခုထိ ချစ်နေတုန်းပဲ...ဆိုတာမင်းသိပါစေ..မင်းရဲ့ကိုယ်စောင့်နတ်ကိုလဲ ကိုယ်အမြဲဘုရားရှစ်ခိုးတိုင်း မေတ္တာပို့သနေပါတယ်...မင်းရောက်တဲ့နေရာမှာ... အေးချမ်းပါစေလို့... ဒါကြောင့်..တကယ်လို့ ကိုယ့်ထက် ပိုကောင်းတဲ့လူကို တွေ့ခဲ့ရင် အဲ့ဒိလူ အနားမှာပဲ ပျော်ပျော်ရွှင်ရွှင်နေပါ...ကိုယ်ကတော့...အဝေးကနေ တိတ်တိတ်လေး လွမ်းနေမယ်..အဝေးဆိုတာ.. ဒီကမ္ဘာကြီးထဲမှာ အတူနေထိုင်နေပေမယ့်...ရေမြေတော့ခြားသွားခဲ့ပြီလေ...နေထွက်ချိန်...နေဝင်ချိန်နဲ့..လသာတိုင်း ကိုယ်အဝေးကနေ.. ပြုံးပြုံးကြီး..မင်းပျော်ရွင်နေတာကို.. မြင်တွေ့ပါရစေ... ချစ်သောရေ... Khaing Myel (Vocalist ) #မြင်ပါများပြီးချစ်ကျွမ်းဝင်အောင်လို့ #ရောက်ချင်တဲ့နေရာရောက်👌 #myanmartiktok🇲🇲🇲🇲 #fffffffffffyyyyyyyyyyypppppppppppp #myanmarsong
Khaing Myel(Vocalist&Composer)
Region: MM
Saturday 20 June 2026 06:55:08 GMT
Music
Download
Comments
Shwe Theingi Makeup Artist :
တကယ်ချစ်တဲ့သူတွေပဲနာကျင်နေရတယ်😔😔
2026-06-21 06:06:49
2
Mar Mar :
နာကျင်မူတွေကင်းဝေးပါစေအစ်ကို
2026-06-28 08:33:17
1
Su lay :
အဆင်ပြေပါစေ🥰🥰🥰🥰
2026-06-28 12:09:31
1
𝐖𝐮𝐭 𝐘𝐢 𝐀𝐮𝐧𝐠 💫🐼 :
အဆင်ပြေပါစေ ကျွန်တော့်အစ်ကိုကြီး🥰🥰
2026-06-20 11:36:12
1
👑🌻ငြိမ်း🌻👑 :
တကယ်ချစ်တဲ့သူတွေပဲနာကျင်ရတယ်😔😔😔
2026-07-05 08:44:49
1
Baby pwa si :
2026-06-20 10:19:41
1
@ Regen Cy🌹💙💞💙2005..🦋 :
အမှန်ပါ🥰
2026-07-01 14:52:27
0
သူရိယစန္ဒာ :
ဘာတွေ့ဖြစ်
2026-06-20 09:31:28
1
Oo Maung :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-23 00:17:47
1
@Nway (ကြာပန်းလေး) :
🥺
2026-06-21 23:25:05
1
Nu Nu Yee :
💔💔💔
2026-06-20 07:13:15
1
LLwinMaung :
🥰🥰🥰👍👍👍
2026-07-04 04:57:55
1
To see more videos from user @khaingmyel20824, please go to the Tikwm
homepage.