@bae78893: ချစ်လို့ စိတ်ကောက်ပြရင် ကိုယ့်မျက်နှာလေးညှိုးသွားတာနဲ့တင် ပျာပျာသလဲ လာချော့မယ့်လူမျိုးလို့ မျှော်လင့်ခဲ့မိတာ။ ဒါပေမဲ့ "စိတ်ကောက်ကြည့်ပြီးပြီ... ဘယ်တုန်းကမှ အချော့မခံခဲ့ရဘူး။" ကိုယ်က စိတ်ကောက်ရင် သူကပါ လိုက်ကောက်ပြီး ပွဲပြတ်သွားတတ်လွန်းလို့ နောက်ပိုင်း စိတ်ပင်ပန်းလွန်းလို့ ကိုယ်ပဲ အလျှော့ပေးပြီး မျက်နှာချို သွားသွင်းခဲ့ရတာ အကြိမ်ကြိမ်ပဲ။ ကိုယ်လည်း လူသားတစ်ယောက်မို့ မခံမရပ်နိုင်ဖြစ်ပြီး "စိတ်ဆိုးကြည့်ပြီးပြီ... ပစ်ထားခံရတယ်။" ကိုယ်ဘယ်လောက်ထိ ဝမ်းနည်းနေမလဲ၊ ဘယ်လောက်ထိ မျက်ရည်ကျနေမလဲဆိုတာကို သူ တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ဘူး။ ပစ်ထားလိုက်ရင် အချိန်တန် ကိုယ့်ဘက်ကပဲ အောက်ကျို့ပြီး ပြန်လာမယ်ဆိုတာကို သူ အပိုင်တွက်ထားသလိုမျိုး၊ ရက်စက်လွန်းတဲ့ ဥပေက္ခာတွေနဲ့ပဲ ကိုယ့်ကို တုံ့ပြန်ခဲ့တယ်။ ကိုယ်ချင်းစာတရားနည်းပါးလွန်းတဲ့ သူ့အပြုအမူတွေကြောင့် စိတ်မချလို့၊ ဂရုစိုက်စေချင်လို့ "ရစ်ကြည့်ပြီးပြီ... အအော်ခံရတယ်။" "နင်က သိပ်အတ္တကြီးတာပဲ၊ အလုပ်ရှုပ်အောင် လုပ်တယ်" ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေ၊ စိမ်းသက်တဲ့ အော်ဟစ်သံတွေပဲ ပြန်ရခဲ့တယ်။ ကိုယ့်ရဲ့ ရစ်ခြင်းနောက်ကွယ်မှာ "ငါ့ကို အချိန်လေးနည်းနည်းပေးပါဦး" ဆိုတဲ့ တောင်းဆိုချက်ကို သူ ဘယ်တော့မှ မမြင်ပေးခဲ့ဘူး။ သူ့အနားမှာ တခြားသူတွေ ရှိနေတာ မြင်ရင် ရင်ထဲ မီးလိုပူပြီး "သဝန်တိုကြည့်ပြီးပြီ... နောက်ဆုံးတော့ ငါ့အမှားပဲ ဖြစ်သွားခဲ့ရတယ်။" ကိုယ့်ရဲ့ သဝန်တိုမှုကို အပြစ်ရှာတာ၊ လိုက်ချုပ်ချယ်တာ၊ လူမဆန်တာဆိုပြီး ပုံဖျက်ပစ်လိုက်တာ... ဇာတ်သိမ်းတိုင်းမှာ ကိုယ်ပဲ တောင်းပန်ရတဲ့ တရားခံ အမြဲဖြစ်ခဲ့ရတယ်။ ဒီလောက်အထိ နှိမ့်ချပြီး အောက်ကျို့ချစ်ခဲ့တာတောင် အဖတ်ဆယ်လို့မရအောင် ပျက်စီးနေတဲ့ ဒီဆက်ဆံရေးမှာ ငါ ဆက်နေဖို့ လိုသေးရဲ့လား။ ကိုယ့်ကို အလေးမထားတဲ့သူ့အနားမှာ လူပိုတစ်ယောက်လို ခံစားနေရတာထက်၊ နှလုံးသားတစ်ခုလုံး ကြေမွမတတ် နာကျင်နေရတာထက်... တစ်ယောက်တည်းပဲ လွတ်လပ်စွာ ငိုကြွေးလိုက်ရတာက ပိုပြီး သိက္ခာရှိဦးမယ် ထင်ပါရဲ့....🥀 #crd
ညို 🤎
Region: SG
Saturday 20 June 2026 08:42:32 GMT
Music
Download
Comments
❤အိမ့်အိမ့်♥️ :
ငါပြန်ယူတင်လည်းသူမှဝင်မကြည့်တာငါ့ခံစားချက်ကိုဘလိုလုပ်သိမာလည်း😳
2026-06-21 13:32:58
46
su su :
ငိုရင်ရှုံးမှာစိုးလို့အားတင်းထားတဲ့ကြားက
ဒီပိုစ့်ကိုမြင်ပီး အလိုလိုမျက်ရည်ကျရတယ်
ကိုယ်ကပဲအန်ိုင်လိုချင်ခဲ့တာ ကိုယ်ကပဲအရှုံးပေးနေရတယ်😔
2026-06-21 15:34:31
15
💞that💗htar :
ကိုယ်တွေကအချစ်ခံရတဲ့ထဲပါမနေဘူးလေ😌😌😌
2026-06-22 03:04:45
8
1234SanSan@ :
ဒီစာသားကျွန်မနဲ့ကွက်တိဘဲ
2026-06-22 03:33:22
6
🅗𝒏𝒏𝒊𝒏 🅦𝒖𝒕𝒕𝒚𝒊 𝒛𝒂🅦 :
copyရမလားရှင်😟🥹
2026-06-20 11:29:49
4
🌻MA🌻M🌻A🌻Y🌻 :
စာလေးcopy ယူခွင့်ပေးပါလား
2026-06-20 17:29:42
2
꧁♡✿Yahmone✿♡꧂ :
ကမ္ဘာပေါ်ရှိအမျိုးသမီးတိုင်းအချစ်ခံရပါစေ
2026-06-21 16:15:23
12
Winengal :
🥺 ငါ့ကို pressure လာမပေးနဲ့ဆိုတာကပါသေး
2026-06-20 11:08:45
12
✍️🍃Than dar 🌿🌿 :
ကိုယ့်ခံစားချက်ကို ပြန်ဖတ်နေရသလိုပဲ
2026-06-21 13:59:21
6
🌻l a e 🦋l a e🌻 :
စာကြောင်းတိုင်းအကုန်မှန်နေတော့ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူးကိုယ့်အတွက်ရေးထားတာလားတောင်ထင်ရတယ်🥺
2026-06-23 16:52:18
3
Ei Ei Hlaing🙆 :
😂ဟားဟား ရီနေရင်းငိုချလ်ုက်ပိလေကွာ🥺သိပ်ကိုမှန်တာပဲ ခုကအဲ့လိုဖစ်နေတယ်🥺
2026-06-21 03:27:09
4
😘Teachel Thet Thet😘 :
ဟန်ဆောင်ချစ်ပြတဲ့သူတေကများတယ်😊
2026-06-21 01:04:02
3
Ei Nay Zin :
ကျမဘဝလေးနဲ့ထပ်တူကျနေလိုက်တာနော်
2026-06-21 10:01:35
5
ThaeThae :
သဘောကျတယ်စာသားလေးပြန်တင်ခွင့်ပြုပါ
2026-06-21 05:30:48
2
single mather :
ကိုယ်သာအကောင်ဆုံပါ ကိုယ်ကိုသာချစ်
2026-06-22 08:09:43
2
May Tha Zin Oo🍓(✿◠‿◠) :
နောက်ဆုံတော့ ကိုယ့်အပစ်ဖြစ်သွားရော😅
2026-06-20 15:06:03
3
Han♐ :
༎ຶ ‿ ༎ຶ
2026-06-21 12:47:15
1
Sandar Myint :
ငိုနေပါပီ
2026-06-21 16:17:08
1
Y🐰 :
တကယ်အကုန်လုံးက ကိုယ့်ကို ကြည့်ပီးပြောနေသလိုဘဲ လက်မလွှတ်နိုင်တော့လဲ အရာအားလုံးသည်းခံနေရတာပါဘဲ ကိုယ်မှ အက်မျက်ဝန်းတေကို မမေ့နိုင်သေးတာ
2026-06-23 04:17:10
1
Khin Zar Zar :
ဘဝနဲ့စာသားထက်တူကြနေတယ်
2026-06-20 10:10:36
1
🌻Inn Thu Ma Lay🌻 :
ဘာပဲလုပ်လုပ်ဘယ်လိုပဲနေနေငါပဲမှားခဲ့တာ😔
2026-06-21 10:04:06
1
Mon Mon :
ပြန်တင်ခွင့် ပြုပါနော်🥰
2026-06-20 16:57:55
1
thar thar :
copyမရဘူး
2026-06-21 07:47:00
1
Nan Nan Aung :
အမှန်ပါဘဲ
2026-06-20 15:55:40
1
To see more videos from user @bae78893, please go to the Tikwm
homepage.