@zayartbz7news: အာရက္ခတပ်တော် (AA) ဒုစစ်သေနာပတိချုပ်ရဲ့ မွေးနေ့ဆုတောင်းစာအပေါ် သားဖြစ်သူ Kim Aris ကျေးဇူးတင်စကားဆို၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ ဆက်မေးကြရန် တိုက်တွန်း ဇွန် ၂၀၊ ၂၀၂ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကြာတဲ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်ရှိထင်ရှားရှိမှု အခြေအနေနဲ့ ပတ်သက်လို့ လတ်တလော လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သက်သေအထောက်အထား ဘာတစ်ခုမှ မရှိသေးဘူးလို့ သားဖြစ်သူ Kim Aris (ခ) ကိုထိန်လင်း က ဇွန်လ ၁၉ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကိုထိန်လင်းရဲ့ ဆိုရှယ်မီဒီယာပို့စ်ထဲမှာ အာရက္ခတပ်တော် (AA) ရဲ့ ဒုတိယစစ်သေနာပတိချုပ် ဒေါက်တာညိုထွန်းအောင်က ပေးပို့လာတဲ့ မွေးနေ့ဆုတောင်းစာကိုလည်း ရည်ညွှန်းထားပြီး မိခင်ဖြစ်သူကို မမေ့မလျော့ဘဲ ဆက်လက်သတိရ ဆုတောင်းပေးနေကြတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အတွက် အစဉ်တစိုက် အသံထွက်ရပ်တည်ပေးနေကြတဲ့ ပြည်သူလူထုနဲ့ ခေါင်းဆောင်အားလုံးကို ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ကိုထိန်လင်းမှ ဒေါက်တာညိုထွန်းအောင်ထံကို ပေးပို့ခဲ့တဲ့ Alan Clements ရဲ့ စာအုပ်အတွက် ကျေးဇူးတင်ကြောင်း စာပြန်ရင်း ဒေါက်တာညိုထွန်းအောင်က အခုလို မွေးနေ့ဆိုတောင်းနဲ့ အားပေးစကားတွေကို ထည့်သွင်းပြောကြားထားတာပါ။ ဒါ့အပြင် ဒီစာထဲမှာ ဒေါက်တာညိုထွန်း‌အောင်က “ညီအစ်ကိုတို့ရေ အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့လည်း အားတင်းစကားဆိုထားပါတယ်။ ကိုထိန်လင်းအနေနဲ့ကတော့ ဒီနေ့အထိ မိခင်ဖြစ်သူ သက်ရှိထင်ရှား ရှိ၊ မရှိနဲ့ ဘယ်နေရာမှာ ရောက်ရှိနေမှန်း တိတိပပ မသိရသေးတဲ့အတွက် တိကျတဲ့ အဖြေတစ်ခု မရမချင်း "ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ?" ဆိုတဲ့ ရိုးရှင်းတဲ့ မေးခွန်းလေးကို မိမိနဲ့အတူ ကမ္ဘာ့ပြည်သူတွေအားလုံး ဆက်ပြီးမေးမြန်းပေးကြဖို့၊ တစ်နေ့မှာ မိခင်နဲ့ ပြန်လည်ဆုံတွေ့ရမယ်လို့ မျှော်လင့်ထားသလို “ProofOfLife” ၊ “Free Daw Aung San Su Kyi” စတဲ့ လှုပ်ရှားမှုတွေနဲ့အတူ ဆက်လက်တောင်းဆိုသွားကြဖို့ ထပ်မံတိုက်တွန်းနှိုးဆော်ထားပါတယ်။ ဇွန်လ ၁၉ ရက်နေ့က ကျရောက်တဲ့မွေးနေ့မှာ ပြုလုပ်တဲ့ နှင်းဆီလှုပ်ရှားမှုမှာလည်း မြန်မာပြည်သူလူထုတွေသာမက နိုင်ငံတကာကပါ ထဲထဲဝင်ဝင် ပါဝင်အားဖြည့်ပေးကြတာကို တွေ့ရပါတယ်။@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #မြန်မာသတင်း #zayartbz #ဒေသသတင်းရင်းမြစ် #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ပြည်တွင်းသတင်း

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Saturday 20 June 2026 11:34:31 GMT
92939
5662
61
75

Music

Download

Comments

user787425305
t.z.🖤🇲🇲 :
2026-06-20 11:42:31
3
user8476783808
ko zaw :
2026-06-20 13:53:07
1
khin.linn.kyi6
Khin Linn Kyi :
2026-06-20 14:13:52
0
user8504323203485
Yin Yin Htay :
Like
2026-06-20 12:40:30
0
thoonkhinkhin11
Thoon :
2026-06-20 13:20:28
0
mgmgt379
💞💞💞💞💞💞💞💞💞💞💞 :
2026-06-20 12:42:58
1
daw.soe.soe.oo0
Daw Soe Soe Oo :
မင်္ဂလာပါ 🙏🙏🙏
2026-06-20 12:47:12
0
mgje25
👾manz👾 :
first
2026-06-20 11:41:06
0
ayemulay2
user3184814979402 :
ကျေးဇူးတင်ပါတယ်🥰🥰🥰🥰🥰🥰🥰🥰
2026-06-20 12:37:09
0
user8476783808
ko zaw :
2026-06-20 13:53:01
0
rain__067
Rain :
2026-06-20 12:35:34
0
lay.lay1574
Lay Lay :
@အမေစုဘယ်မှာလည်အမြန်လွတ်မြောက်ပါစေ
2026-06-20 13:47:45
0
mobiledownload6
Myint Naing :
2026-06-20 13:21:09
0
zawzaw13582485
ILov U :
❤️❤️❤️
2026-06-20 12:17:03
1
myint2696
myint :
🌹🌹🌹
2026-06-20 12:05:13
1
ko..ok6567
ko. ko :
❤️❤️❤️
2026-06-20 12:09:58
1
user148984824
『MK』๛ɕʉาɛ ꫛ- :
🥰🥰🥰
2026-06-20 12:00:36
1
makuing29
makuing29 :
🥰🥰🥰
2026-06-20 14:51:55
0
thal2184
thal :
🥰🥰🥰🥰🥰🥰🥰
2026-06-20 14:37:15
0
sandarwin1576
san dar win :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-20 15:21:59
0
uthanoohtay
U Than Oo Htay :
🥰🥰🥰🥰🥰
2026-06-20 14:38:57
0
soemaungsoemaung1
soemaungsoemaung1 :
🥰🥰🥰
2026-06-20 14:30:43
0
a10.user5
A10 User :
🥰🥰🥰
2026-06-20 14:30:26
0
new.yi.win0
New Yi Win :
🥰🥰🥰
2026-06-20 11:41:29
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About