@eyebrowtattoobyaye7: ❤: ကိုယ်နဲ့ မထိုက်တန်တဲ့ နာကျင်မှုတွေကို လက်ခံခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကိုယ့်ရဲ့ အချိန်နဲ့အင်အားတွေကို တခြားသူတွေ စိတ်ကျေနပ်ဖို့အတွက်ပဲ ပုံအောပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကျတော့ မေ့လျော့နေခဲ့မိလို့ တောင်းပန်ပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးကို တခြားသူတွေရဲ့ နှုတ်ထွက်စကားတွေ၊ ဝေဖန်အကဲဖြတ်မှုတွေအပေါ်မှာပဲ အဆုံးအဖြတ်ပေးခွင့် ပြုခဲ့မိလို့ တောင်းပန်ပါတယ်။ Boundaries စည်းတွေ မထားခဲ့ဘဲ ကိုယ့်ရဲ့ အေးချမ်းမှုကို အလွယ်တကူ အဖျက်ဆီးခံခဲ့မိလို့ တောင်းပန်ပါတယ်။ ကိုယ့်ကို တဖြည်းဖြည်း လောင်မြိုက်စေတဲ့ အခြေအနေတွေကို မစွန့်လွှတ်နိုင်ဘဲ ဆွဲကိုင်ထားမိခဲ့တဲ့အတွက်ရော၊ ကိုယ်နဲ့တကယ် ထိုက်တန်တဲ့ ပျော်ရွှင်မှုကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ပါ ကိုယ့်ကိုယ်ကိုယ် တောင်းပန်ပါတယ်။ တကယ်တော့... ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်အပေါ် သိပ်ပြီး ရက်စက်ခဲ့မိကြတာပဲနော်။ ဒါ့ကြောင့် ဒီနေ့ကစပြီး... ကိုယ်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်စေမယ့်သူ မဟုတ်တော့ဘူးလို့ ဆုံးဖြတ်ကြည့်ရအောင်။ တခြားသူတွေကို ပေးခဲ့ဖူးတဲ့ အနှိုင်းမဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုမျိုးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုစားမယ်။ ကိုယ့်တန်ဖိုးကို အသိအမှတ်မပြုတဲ့ နေရာတွေ၊ ၊ ကိုယ့်ကို သေးသိမ်သွားအောင် လုပ်တဲ့ ဆက်ဆံရေးတွေကနေ အသာအယာ လှည့်ထွက်သွားဖို့ ကိုယ်တိုင် ရွေးချယ်မယ်။ ဒီနေ့မှာတော့... နှစ်ပေါင်းများစွာ ပင်ပန်းခဲ့ရတဲ့ ကိုယ့်ရဲ့ စိတ်လေးကို "အခုထိ ကြံ့ကြံ့ခံပေးခဲ့လို့ ကျေးဇူးတင်ပါတယ်" လို့ တိုးတိုးလေး ပြောရင်းနွေးထွေးမေတ္တာထားရှိနိုင်ပါစေရှင်။ #crd

Than Than Aye 🦋
Than Than Aye 🦋
Open In TikTok:
Region: MM
Sunday 21 June 2026 05:03:06 GMT
414082
24632
555
1786

Music

Download

Comments

user1117834472226
MOH MOH :
ဟုတ်တယ်နော်။ ကျမလည်း သူများအတွက်ပဲတွေးပြီး ကိုယ့်ကိုကို ရက်စက်နေမိတာ လူမှန်းသိတတ်စကတည်းကနေ ခုဆို အသက် ၄၀ကေျာ်နေပါပြီ။ တခါမှ ကိုယ့်အတွက်ကို မစဥ်းစားဘူး သူများအတွက်ပပဲဦးစားပေးခဲ့တယ်။ အသိအမှတ်ပြုလားဆို မပြုကြပါဘူး။ ကိုယ့်ရဲ့သိတတ်မှုက သူတို့အတွက် ကိုယ့်တာဝန်တွေလိုဖြစ်လာခဲ့တယ်
2026-06-25 00:20:56
54
s.san.htwar.htike
S San Htwar Htike :
ဘယ်လိုတောင်းပန်ရမှန်းတောင်မသိတော့ဘူးဘာဖြစ်လို့ကိုယ်ကိုယ့်ကိုယ်မေ့ထားခဲ့မိပါလိမ့် အပြေးလေးလှမ်းသွားတဲ့ပျော်ရွှင်ခြင်းပန်းတိုင်တွေဆီမှလှည့်ပြန်ရတဲ့အခါ အနူးအညွတ်တောင်းပန်မိတယ်နောင်စိတ်မချမ်းသာအောင်လည်းနောင်မလုပ်တော့ပါဘူးလို့အထပ်ထပ်ကတိပေးနေမိတယ်
2026-06-26 09:55:41
8
loonkhantmoe
Zayed :
👍👍👍👍Same to you 😳
2026-06-27 15:49:40
0
toethandaraung
🍀 Coral 🍀 :
စာသားလေးမကူးတတ်လို့ပါရှင့် မန့်မှာ ချပေးပါလားနော်..🙏🏼💞
2026-06-21 09:18:10
16
kay.thi59
Daw Kay Thi :
ပြန်တင်ချင်တာမလုပ်တတ်ဘူးကွယ်
2026-06-24 09:41:13
10
naingsiannem
kimkim :
ဒီစာကိုဖတ်ရတဲ့အချိန်မှာ ကျမရဲ့ မျက်ရည်တွေအလိုလိုကျပါတယ်ရင်ထဲမှာ ခံစားရပါတယ်.ကိုကိုယ်ကို ပြန်လည် တောင်းပန်းမိပါတယ်...ကျေးဇူးတင်ပါတယ်..🙏
2026-06-24 16:28:18
18
anger5255
user8159328571737 :
တဂယ်ပါ ကိုယ့်ဘဝတစိတ် တဝက် ထပ်တူကြတယ် ကိုယ့်ကိုယ်ကိုယ် မသနားမိတဲ့အတွက် တချိန်လုံးသူများအတွက်ကြီးပဲ လိုက်ချစ်ပေးနေခဲ့တာ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မေ့နေတာ နောက်ဆုံးကြတော့ ပြန်ရလိုက်တာက. ခါးသီးမူ့ အချိန် 💔
2026-06-23 19:26:08
22
myat0618y71
su su☘️💚 :
ဘဝမှာမိဘနဲ့ကိုယ့်ကလေးလေးရယ်ချစ်ရတဲ့ယောက်ျားရယ်ကအရေးကြီးဆုံးပဲ့ နာကျင်စရာတေတစ်ယောက်ထဲသယ်ပိုးရလဲမိသားစုသာအနားရှိရင်ကျေနပ်နေမိတာမျိုး တခြားလူတွေကိုယ့်ကိုဒါ ေတွအဲလောက်တွယ်တာလားချစ်လားမေးရင် ကိုယ့်အတွက်အချစ်ဆိုတာထက်သံယောဇဉ်နဲ့ကိုယ်ကျင့်တရားကြောင့်လို့ဖြေမိမှာပါဘယ်တော့မှဖွင့်မပြောဘူးကိုယ့်စိတ်ညစ်စရာတွေကိုယ့်နာကျင်မှုတွေကိုယ့်ဒါဏ်ရာတွေ ပျော်စေချင်ပါတယ် ကိုယ့်နားကလူတွေအားလုံးကို🥰
2026-06-24 03:15:50
5
thinthinkhaing79
Thin Thin Khaing :
Copy ယူပါရစေရှင့်🥰🥰
2026-06-24 01:39:44
3
ma.ei.mon236
🌸Ma Ei Mon🌺 :
ကိုယ့်ဖြစ်တည်မူပျောက်ဆုံးတဲ့ထိ တစ်ခြားသူတွေအတွက်ချည်းပဲ အချိန်တွေခွန်အားတွေပေးဆပ်ခဲ့မိလို့ တောင်းပန်ပါတယ်ငါလေးရယ်😢😢😢
2026-06-23 09:59:39
7
mae.melay5
🇲🇲Mae💕 Melay💕🇹🇭 :
တင်ခွင့်ပြုပါ ရှင့်🥰🥰🥰
2026-06-26 17:38:13
1
hla.kyi011
🇯🇵Hla Kyi🇯🇵 :
followeback လေးကူပေးအွံးနော်
2026-06-26 23:06:09
1
maythu8242
Julie😻 :
ပြန်တင်ခွင့်ပြုပါ
2026-06-24 18:02:14
2
phyophyo2654
phyo phyo :
တကယ်သနာစရာအကောင်းဆုံးကငါဘဲစိုဒါ🥺🥺🥺🥺
2026-06-27 01:48:48
1
yinyigpqnmq
မိဘရိပ် ဆေးနှင့်စတိုး :
အရမ်းမိုက်သော
2026-06-26 05:54:18
1
user7329795281041
mu mu :
ပြန်တင်မယ်နော်ရှင့်
2026-06-26 14:25:49
1
pttl9545
꧁༒☬🦋𝓐.𝓒.𝓜🦋☬༒꧂ :
တောင်းပန်ပ့တယ်🥺
2026-06-26 05:19:22
1
...............moe
❤မိုးရိပ်ညို💔💔💔💔💔 :
ပြန်တင်ခွင့်ပြုပါ
2026-06-24 14:39:45
2
may.pearl.oo6
ဦးသိန်းစိုးဦးသမီး(အကြီးမ) ♈s :
တောင်းပန်ပါတယ် မေရယ်🤭
2026-06-21 12:44:54
1
hppc33
H🥰P🥰P🥰C :
ကူးယူပါရစေ
2026-06-24 15:14:15
2
mimikoko094
Khin :
ပြန်တင်ခွင့်ပြုပါရှင်
2026-06-24 11:51:01
2
thanthvgqen
Ko Gyi, Ko Nge & Paing Paing :
ကိုယ့်ကိုယ်က်ုယ်ချစ်မိသွားပီကွယ်
2026-06-26 13:46:32
2
ma.phyo387
小花🌸 :
တောင်းပန်ပါတယ်🥰🥰
2026-06-24 16:18:49
3
lae.lae2042
Sarah 🇲🇲🤍🇸🇬 :
စာသားလေးကောင်းလိုက်တာ ကူးယူခွင့်ပေးပါ🥰
2026-06-26 04:35:26
2
ziyanaiaoym
baby lay :
ပြန်မစဥ်းစားမိတာထောင်ပြသွားတာ ကျေးဇူး ပါ🥰
2026-06-26 00:29:14
1
To see more videos from user @eyebrowtattoobyaye7, please go to the Tikwm homepage.

Other Videos


About