@shwebonesan4: #ပုဗ္ဗဏှသုတ်ပရိတ်ကြောင့်ကြီးပွားလာကာရှေ့ဖြစ်အန္တရာယ်ကြိုတင်သိမြင်လာသူ (ဇာတ်သိမ်းပိုင်း) 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 မကြာခင် မှောင်ခိုလောက ပေါ်လာပါသည်။ ကျွန်မတို့သည် ကားတစ်စီးဝယ်ပြီး ကုန်ကူးပါသည်။ ကုန်ပစ္စည်းများ သယ်ယူပေးပါသည်။ တစ်နေ့ မန္တလေးမှ အပြန်တွင်ဖြစ်ပါသည်။ ကျွန်မတို့နှင့် အတူတူထွက်လာသော ကုန်တင်ကား(၃)စီးသည် ပျဉ်းမနားတွင် ညစာစားပြီး ညပိုင်း ဆက်ထွက်ရေး၊ မထွက်ရေးညှိနှိုင်းကြပါသည်။ “ကား ညပိုင်းမထွက်နဲ့၊ အန္တ ရာယ်တွေ့လိမ့်မယ်” ပုဂ္ဂိုလ်တစ်ယောက်က ပြောလိုက်သလိုလို အသံကြားလိုက်ရပါသည်။ ကျွန်မက ကျွန်မခင်ပွန်းနားကပ်ပြီး- “အစ်ကိုရေ ကားမထွက်နဲ့၊ ထွက်ရင် အန္တ ရာယ်တွေ့ လိမ့်မယ် လို့ အမှတ်တမဲ့ ကြားလိုက်တယ်”ဟု ပြောပါသည်။ မင်းကို ဘယ်သူကပြောလို့ ဘယ်ကကြားတာလဲ၊ တို့တော့ ဘာမှ မကြားပါဘူး” “ကျွန်မတော့ အမှတ်တမဲ့ ကြားလိုက်တာပဲ။ အစ်ကို မထွက်ရင် ပိုကောင်းတာပဲ” ကျွန်မတို့က ကားမထွက်ဖို့ ဆုံးဖြတ်ပါသည်။ ကားဒရိုင်ဘာက မကျေနပ်ပါ။ ကျန်ကားနှစ်စီးကတော့ ထွက်မည်ဟုဆိုကာ ထွက်သွားပါသည်။ ကျွန်မတို့ကတော့ ပျဉ်းမနားမှာပဲ ညအိပ်နေခဲ့ပါသည်။ မနက် ကျွန်မတို့ ကားထွက်တော့ အဖြေမှန် သိရပါတော့ သည်။ ညကထွက်သွားသော ကား(၂)စီးသည် ဧလာအလွန်တွင် ဓားပြအတိုက်ခံရပါသည်။ ကားသမားတို့က ခုခံ၍ စပယ်ယာ တစ်ယောက်သေပြီး ဒရိုင်ဘာတစ်ယောက် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့ပါသည်။ ကျွန်မတို့ မထွက်သည်မှာ အလွန်ကံကောင်းပါသည်။ ကျွန်မ အထင်မှာမူ ဘုန်းကြီးအိုကြီး ပြောပြသွားသော ပုဗ္ဗဏှသုတ် ကို ယုံယုံကြည်ကြည် လေးလေးစားစား ရွတ်ဖတ်နေသည့်အတွက် နတ်ကောင်းနတ်မြတ်တို့က စောင့်ရှောက်ပြီး ကြိုတင်သတိပေးနေ သည်ဟု ထင်မိပါသည်။ အခြား အလားတူ အန္တ ရာယ်များ တွေ့သော်လည်း ကျွန်မတို့ မှာ အလိုလို ကြိုတင်သိသလိုချည်း ဖြစ်နေပါသည်။ ကျွန်မတို့ ဆိုရှယ်လစ်အစိုးရလက်ထက်တစ်လျှောက်လုံး ပြည်သူပိုင်သိမ်းခံရသော်လည်း စီးပွားဥစ္စာများမူ ထိုက်တန်သလောက် ရှာဖွေရပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေခဲ့ရပါသည်။ ဤသည်မှာ ပုဗ္ဗဏှသုတ်ပရိတ်၏ ဂုဏ်ကျေးဇူးဟု ကျွန်မ အလေးအနက် ယုံကြည်မိပါသည်။ ဗုဒ္ဓ၏ တရားဂုဏ်တော်တွင် လာလှည့်၊ ရှုလှည့် လက်တွေ့အကျိုး ခံစားရမည်။ ကျင့်သူတို့သာ၊ ပညာရှိသူတို့သာ သိအပ် ရအပ်သည်ဟု ဟောထားခဲ့ရာ တရားဓမ္မအကျိုးကို လက်တွေ့ ခံစားလိုသူတို့သည် ကျွန်မတို့ကဲ့သို့ လက်တွေ့ ကျင့်ကြည့်ကြပါ ဟု တိုက်တွန်းလိုက်အပ်ပါသည်။ #crd ... အထက်ပါ ဖြစ်ရပ်မှန်စာထဲမှ ဆရာတော်ဘုရား မိန့်ကြားသော...အိပ်ရာဝင်တိုင်း ရွတ်ဆိုရမည့် ပုဗ္ဗဏသုတ်တော်ပါ အပိုဒ်မှာ.... ၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။ ၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။ ၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။ ဖြစ်ပါတယ်ရှင်... လာဘ်ပွင့်စေရန်အတွက် မိမိတို့ဆိုင်ဖွင့်ချိန်မှာဖြစ်စေ ၊ စီးပွားလာဘ်လာဘများတိုးတတ်ပွားများစေရန်အတွက် မျက်နှာသစ်ပြီးချိန်တွင် ရွတ်ဆိုပူဇော်ရမည်မှာ.. ၈။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၉။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၁၀။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ ဓမ္မာ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ သံဃာ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၄။ မဟာကာရုဏိကော နာထော၊ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္မောဓိ မုတ္တမံ။ ဧတေန သစ္စဝ ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။ ၁၅။ ဇယန္တော ဗောဓိယာ မူလေ၊သကျာနံ နန္ဒိဝဎ္ဍနော။ ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။ ၁၆။ အပရာဇိတပလ္လင်္ကေ၊သီသေ ပုထု ဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။ ၁၇။ သုနက္ခတ္ကံ သုမင်္ဂလံ၊သုပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။ ၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ဝါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။ ၁၉။ ပဒက္ခိဏာနိ ကတွာန၊လဘန္တတ္ထေ ပဒက္ခိဏေ။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ။ အရောဂါ သုခိတာ ဟောထ၊ သဟ သ ဗ္ဗေဟိ ဉာတိဘိ။ ဖြစ်ပါတယ်ရှင်...

🌸🌸🌸🌸
🌸🌸🌸🌸
Open In TikTok:
Region: MM
Sunday 21 June 2026 07:44:41 GMT
93829
4696
65
613

Music

Download

Comments

nynnlinmaung
nynnlinmaung :
နေညမပြတ်အမြဲရွတ်ဖတ်သရဇျယ်ဖြစ်ပါတယ်ခင်ဗျာ အခုမှအဓိပ္ပါယ်လေးသိရတဲ့အတွက် ပိုစ်တင်ပေးတဲ့အမ ကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။
2026-07-13 05:24:12
1
nhl155
nhl155 :
စဆုံး တင်ပေးပါလားဗျ ပါဠိ အနက် တွဲလျက်လေး
2026-06-22 04:28:13
3
than.aung765
Than Aung :
2026-07-04 01:18:55
2
mt248318
M💓T :
သာဓု သာဓု
2026-08-06 04:07:31
1
laylaywin555
🐰🐰🐰 :
စ ဆုံးလေးရှိရင်ပို့ပေးပါလားရှင်
2026-06-22 08:58:15
2
972999ac7
願永恆的女王早日富裕。🪙💸💵🤑🤝🤝 :
မမ အဲ့ဒါလေး cbကနေ ပိုပေးပါလား မမ
2026-06-25 09:23:02
1
user1752291637617
zar :
ကျေးဇူးပါရှင့်
2026-06-25 07:47:51
1
user8078255531884
အောင်ကြီး :
သာဓုသာဓုသာဓုပါ🙏🙏🙏🙏🙏
2026-06-28 11:59:04
1
user750650560384
@LayLay :
သာဓုသာဓုသာဓုပါ
2026-06-25 09:27:40
1
san_san_12966
SAN SAN :
ကျေးဇူးပါရှင့်သာဓုသာဓုသာဓုပါ🙏🙏🙏
2026-06-27 12:18:05
1
user9000553419927
ြပည့်စုံ ပြည့်စုံ :
သာဓုသာဓု
2026-07-01 22:24:37
1
warwarm52
Daw Moe War :
သာဓု သာဓု သာဓုပါဘုရား
2026-06-23 17:01:02
1
daw.khaing198
Daw Khaing :
သာဓုသာဓုသာဓုပါ
2026-06-22 09:06:33
2
warso2039
WarSo :
သာဓု သာဓု သာဓု🙏🙏🙏
2026-06-23 06:32:21
1
grandma.heart1
Myat Myint Moh :
🥰🥰🥰
2026-06-23 04:58:50
1
zinmar710822
Zinmar7 :
သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2026-06-25 05:53:28
1
lu.lu.lu.lu82
lu lu lu lu :
သာဓုသာဓုသာဓု
2026-06-22 04:27:41
1
leoangelo110
leoangelo110 :
သာဓုသာဓုသာဓုပါ 🙏🙏🙏
2026-06-22 13:58:45
1
mingalar207
Mingalar :
ကူး သိ မ်းခွင့် ပြု ပါ
2026-06-24 03:36:39
1
shweyu441
Yu Nyo Thant :
ဘုန်းကြီး တေကျ နတ်ပင့်တေမပါပဲ ဒီတိုင်းရွတ်တာ ကိုတေလဲရလား အက်လိုတေမပင့်တက်လို့
2026-06-29 15:17:28
1
cho.cho2467
Cho Cho :
🙏🙏🙏
2026-06-23 16:37:02
1
hay44317
MA :
🙏🙏🙏🙏🙏
2026-06-24 00:21:28
1
nmaythetswe
Pa Lu :
🙏🙏🙏
2026-06-25 09:01:01
1
user28415404326345
user28415404326345 :
🙏🙏🙏
2026-06-24 01:55:33
1
ko.win.zaw36
Ko Win Zaw :
🙏🙏🙏
2026-06-21 07:50:10
1
To see more videos from user @shwebonesan4, please go to the Tikwm homepage.

Other Videos


About