@xiaoshui990: လက်ရှိမြင်နေရတဲ့Wang Linဟာ အိပ်မက်တာအိုထဲက ပုံရိပ်ယောင်ဘဝလား? ကိုယ်ပွါးတခုလား? အစစ်အမှန်ကရော ဘာလဲ? ဘယ်သူက အသုံးချခံနေရတာလဲ? ဒါကိုဝေဝါးနေသူတွေအတွက် ရှင်းပြပေးမယ်။ (1) ဝမ်လင်ရဲ့ အစီအစဥ် ဝမ်လင်ဟာ ရှေးမျိုးနွယ်နောက်ဆုံးကပ်ဘေးကို ဖြတ်သန်းနေချိန် မတော်တဆဝိုးတဝါးလောကတခုမှာ ပုံရိပ်ယောင်တခုကို မှုန်မှုန်ဝါးဝါးမြင်လိုက်ရတယ်။ အဲ့ပုံရိပ်ထဲမှာ ခုနှစ်ရောင်စုံနှင်းတွေကျနေတဲ့ တောင်ထွတ်တစ်ခုပေါ်မှာ အလောင်းတခုကို ပွေ့ဖက်၊ ကောင်းကင်ကိုမော်ကြည့်ပြီး အော်ဟစ်ငိုကြွေးနေတဲ့ လူတယောက်ကို မြင်လိုက်ရတယ်။ သူက အဲ့ပုံရိပ်ထဲလူကို မျက်နှာမမြင်ရပဲ နောက်ကျောကိုပဲ မြင်ရပယ်မဲ့ အရမ်းရင်းနှီးတဲ့လူ ဒါမှမဟုတ် သူကိုယ်တိုင် ဖြစ်ပျက်နေသလိုမျိုး သူ့စိတ်ထဲမှာ ဝမ်းနည်းမှု အထီးကျန်မှု ဒေါသတို့နဲ့ ပြည့်နေခဲ့တယ်။ ဝမ်လင်က အဲ့ပုံရိပ်က ဘယ်သူလဲဆိုတာကိုသိချင်လို့ အနီးကပ်ကြည့်ဖို့ သွားပယ်မဲ့ သူ့ကျင့်ကြံမှုအဆင့်က မလုံလောက်သေးတာကြောင့် သွားကြည့်လို့မရခဲ့ဘူး။ သူအသိစိတ်ပြန်ဝင်လာချိန်မှာ ဒီပုံရိပ်က ဘယ်သူလဲ ငါ့ရဲ့အတိတ်ဘဝများလား ဘာလို့ ငါကိုယ်တိုင် ဝမ်းနည်းရတာလဲဆိုပြီး သူ့ကိုယ်သူ မသင်္ကာဖြစ်မိလာတယ်။ ဒါကြောင့် တခုခုလုပ်မှရတော့မယ်ဆိုပြီး သူ့ရဲ့ သတ်ဖြတ်သူကိုယ်ပွါး(杀戮分身)ကို ဟိုးမရေတွက်နိုင်တဲ့ အတိတ်ဆီကို အချိန်စီးဆင်းခြင်း မန္တာန်ကိုသုံးပြီး စေလွှတ်ခဲ့တယ်။ အဲ့ကိုယ်ပွါးဆိုတာကလည်း လက်ရှိ ဆံဖြူကောင်လိုပဲ ကိုယ်ပိုင်အသိစိတ်၊မှတ်ဉာဏ်တွေနဲ့ ကိုယ်ပွါး။ (2)Lu Moရဲ့အတိတ်ကခြေလှမ်း သတ်ဖြတ်သူကိုယ်ပွါး လုမော့ဟာ အတိတ်ကိုရောက်သွားပြီး ဖီဆန်နယ်မြေရဲ့ စောင့်ရှောက်သူ Mie Sheng Lao Renဆီက နယ်နိမိတ် သံလိုက်အိမ်မြှောင်တခုကို ငှားယမ်းခဲ့ပြီး Xian gang da lu(အင်မိုတယ်ကုန်းမြေ)ထက်မှာ တင်ထားခဲ့တယ်။ ပြီးရင် လုမော့ဟာ အဲ့သံလိုက်အိမ်မြှောင်ပေါ်မှာပဲ အိပ်မက်တာအိုကိုသုံးပြီး ဝမ်လင်တို့နေတဲ့ လောကလိုမျိုး သူ့ကိုယ်ပိုင် အိပ်မက်လောကို ဖန်တီးတယ်။ပြီးရင် အဲ့အိပ်မက်ထဲမှာပဲ လက်ရှိဝမ်လင်ရဲ့ ဘဝနဲ့တူညီတဲ့ ဘဝမျိုး အကြိမ်ပေါင်းသောင်းနဲ့ချီ လူဝင်စားနေခဲ့တယ်။လုမော့ဟာ ဝမ်လင်ရဲ့ ဘဝအစ ကျေးလက်တောရွာလေးက မွေးဖွားပြီး လီမုဝမ်သေဆုံးတဲ့အချိန်ထိ အကြိမ်ကြိမ်စမ်းသပ်နေခဲ့တယ်။ အိပ်မက်ထဲမှာ လီမုဝမ် သေဆုံးသွားတိုင်း၊ လုမော့ဟာ အသက်သွင်းဖို့ နည်းလမ်းအမျိုးမျိုး စမ်းသပ်လိုက်၊မအောင်မြင်ဘဲ ကျရှုံးသွားတဲ့အခါတိုင်း အိပ်မက်ကို ဖျက်ပြီး အစကနေ ပြန်လည် စမ်းသပ်လိုက်နဲ့ အကြိမ်ပေါင်း သောင်းနဲ့ချီ လူဝင်စားနေခဲ့တာ။ အိပ်မက်တာအိုထဲမှာနော် အပြင်လောကမှာ မဟုတ်ဘူး အိပ်မက်ထဲမှာ ဝင်စားနေတာ။ (3)ထျင်းယွင့်ဇစ်ရဲ့ အမြင် ထျင်းယွင့်ဇစ်က သံလိုက်အိမ်မြှောင်ရဲ့ စိတ်ဝိဉာဥ်ဖြစ်တဲ့အတွက် သူက အားလုံးကိုမြင်နေရတယ်။ အဲ့မှာ ထျင်းယွင့်ဇစ်က "စတ္ထုထအဆင့် ကျင့်ကြံသူတယောက်က မိန်းမတယောက်အတွက်နဲ့ သူ့ကိုယ်ပိုင်ဘဝကို စွန့်ပြီး အိပ်မက်တာအိုထဲမှာ လူဝင်စားနေပါလား၊ ရူးသွပ်လိုက်တာ"ဆိုပြီး အထင်မှားသွားတာ။လက်ရှိလောက၊လက်ရှိဝမ်လင်ရဲ့ ဘဝကိုပါ အရာအားလုံးက ပုံရိပ်ယောင်လို့ အထင်မှားသွားတာ။ ထျင်းယွင့်ဇစ်ရဲ့အမြင်မှာ အင်မိုတယ်ကုန်းမြေဆိုတာကလည်း ပုံရိပ်ယောင်၊လက်ရှိလောကဆိုတာကလည်း ဝမ်လင်အိပ်မက်တာအိုနဲ့ ဖန်တီးထားတဲ့လောက၊ အရာအားလုံးက ဝမ်လင်ရဲ့ အိပ်မက်တာအိုနဲ့ ဖန်တီးထားတဲ့ လောကတခုထဲက သက်ရှိတွေလို့ အမြင်မှားသွားတာ။ ဒါကြောင့်လည်း လုမော့က သံလိုက်အိမ်မြှောင်ကို ဖောက်ခွဲလိုက်ချိန် ထျင်းယွင့်ဇစ်ဟာ အရမ်းပျော်သွားပြီး တနေ့ကျရင် အိမ်မက်တာအိုထဲမှာ လူဝင်စားနေတဲ့ ဝမ်လင်ဆိုတဲ့ စတ္တုထအဆင့်ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို လုယူမယ် ပြီးရင် ဒီအိပ်မက်တာအိုလောကထဲကထွက်ပြီး စစ်မှန်တဲ့လောကကိုသွားမယ်ဆိုပြီး အကြံအစည်တွေ တပုံတခဲကြီး ချထားခဲ့တာ။အဲ့မှာကတည်းက သူ့တွက်ချက်ချက်မှုက စမှားနေပြီ။ (4)တကယ့်အမှန်တရား လုမော့ဟာ တိတ်မှာ အကြိမ်းပေါင်းသောင်းနဲ့ချီ စမ်းသပ်ပြီးချိန်မှာတော့ လီမုဝမ်ကို သာမန်နည်းနဲ့ ကယ်လို့မရဘဲ နယ်မြေတခုရဲ့ မူလအစအနှစ်သာရနဲ့သာ ကယ်လို့ရမယ်ဆိုတာ သိသွားတဲ့အတွက် သံလိုက်အိမ်မြှောင်ကို ဖောက်ခွဲပြီး အထဲက ထျင်းယွင့်ဇစ်ကိုလွှတ်ပေးလိုက်တာ။ ထျင်းယွင့်ဇစ်က လွတ်မြောက်မှသာ ထျင်းယွင့်ဇစ်ဆီက မူလအနှစ်သာရနဲ့ လီမုဝမ်ကို အသက်သွင်းနိုင်မှာမို့လို့။ ထျင်းယွင့်ဇစ်အသက်နဲ့ အလဲအထပ်လုပ်တာမဟုတ်ဘူးနော်။ ထျင်းယွင့်ဇစ်က မူလအနှစ်သာရတွေကို ထိန်းသိမ်းထားတဲ့ ရေကန်ကြီးလိုပဲ။ ဝမ်လင်က အဲ့ရေကန်ထဲရေကိုသုံးပြီး လီမုဝမ်ကို ကယ်ရမှာ။ ဘာလို့ဆို မူလအနှစ်သာရဟာ နယ်မြေတခုရဲ့ မူလရင်းမြစ်စွမ်းအင်ဖြစ်တဲ့အတွက် အဲ့နယ်မြေကသက်ရှိတွေဥပဒေသတွေကို လိုသလို လုပ်ဆောင်နိုင်တယ်။Tian dao(ကောင်းကင်ဘုံတာအို/ကောင်းကင်ဘုံလမ်းစဥ်)လို့လည်းခေါ်တယ်။ ဒါပယ်မဲ့ အဲ့ကောင်းကင်ဘုံတာအိုက ပြီးပြည့်စုံမှ မူလအနှစ်သာရဆိုပြီး ဖြစ်လာတာ။ ကောင်းကင်ဘုံတာအိုအကြောင်း အကောင့်ထဲမှာ တင်ထားတာရှိတယ်။ဝင်ဖတ်ကြည့်ပါ။ (5) ဒါကြောင့် ဘယ်သူက အသုံးချခံရတာလဲ? ပုံရိပ်ယောင်လား? အစစ်အမှန်လား ဆုံးဖြတ်ကြတော့။

Xiao Shui(肖水)
Xiao Shui(肖水)
Open In TikTok:
Region: MY
Sunday 21 June 2026 09:27:42 GMT
22550
877
12
25

Music

Download

Comments

wanglin825
၀မ်လင် :
နားလည်မလားမသိစာစဥ်ဆုံးပီသူများပြန်ရှင်းပြမှနားလည်တယ်
2026-06-21 13:20:06
4
nyizaymin647
𝙉𝓰𝓪 𝒛🫀 :
စာစဉ်က ဘယ်မှာဖတ်လို့ရလဲ
2026-06-22 02:37:03
1
eme7537
eme :
စာစဉ်ခနခန ပြန်ဖတ်တာ ၇ ခေါက်လောက်ရှိပြီး အ့နေရာတွေ ဖတ်ရတာ ခေါင်းတွေရှုပ်လို့ သိပ်နားမလည်လိုက်ဘူး စာစဉ်၁၅၃ လောက်မှာလား ၁၅၄ ဇာတ်သိမ်းမာလား မမှတ်မိတော့ဘူး လင်းထျန်းဟူက ထျန်းယွမ်ကျစ်ရဲ့ အစေခံလေး လား နောက်ဆုံး စတုတ္ထ level အဆင့်ရောက်တော့ လီမူဝမ်လက်ကို ဆွဲပြီး ကောင်းကင်ဘုံနင်းချေခြင်းတံတား တဖက်ကမ်း ကို သွားတာ အ့နေရာက ဖီဆန် ကမ္ဘာလား ဗျ
2026-06-22 14:14:06
1
user107753688
sai sai :
ဒီလိုလား အခုမှ ပေါက်တော့တယ်😁
2026-06-22 04:25:37
1
user8222136781113
😍😍 :
လုမော့က ဘယ်တော့ပေါ်လာမလဲဗျ ကြာဦးမှာလား ပီတော့ ကျတော်တို့ တစ်လျှောက်လုံးကြည့်နေရတာက ဝမ်လင်ကိုယ်ပွားကြီးပဲလား ရှေ့နတ်ဘုရားလမ်းစင်လျှောက်နေတဲ့ မူလခန္ဓာက ဇာတ်လမ်းတစ်လျှောက်လုံး ပြီးတဲ့အထိ သူက အမြဲတမ်းကျင့်ကြံနေတာလားဗျ ဒါဆို ဝမ်လင်ကိုယ်ပွားကပဲ ဇာတ်လိုက်ပဲလားဗျ 😳
2026-06-21 22:03:50
1
win.zaw.myo88
Win Zaw Myo :
မဟုတ်ဘူးဗျ မကြာတော့ပါဘူး လုမော့ ပေါ်လာပါတော့မယ်။😅 စတာပါ နည်းနည်းကြာအုံးမယ်။ လုမော့လည်းမင်းသားမကျဘူး။ သူက အတိတ်ကိုပြန်သွားပီး ဝမ်အာ (လီမူဝမ်)ကို အသက်ရှင်နိုင်စေမယ့် နည်းလမ်းကိုရှာတွေ့ပီး ဝမ်အာအသက်ရှင်လာတာတောင် သူနဲ့မရဘူး။ ဝမ်လင်ခန္ဓာနဲ့ပဲ ပေါင်းစည်းသွားရမှာဖြစ်တယ်။ သနားစရာပဲနော်🥺။ ဒါပေမယ့် ဝမ်လင်(တာအိုကျင့်ကြံသူဝမ်လင်)က မင်းသားအစစ်မကျဘူးဗျ။ သူက မူပင်းမေ(လျှိုမေရဲ့ခန္ဓာကိုယ်အစစ်)😋 နဲ့ညားမှာဖြစ်ပါတယ်။ 👹မူလခန္ဓာကိုယ်ဖြစ်တဲ့ ရှေးနတ်ဘုရားကိုယ်လည်း မကျဘူး။ သူကလည်း ရှေးမျိုးနွယ်စု (သို့) ရှေးဟောင်းနတ်ဘုရားတွေရဲ့အခွေအရံဖြစ်တဲ့ လီချန်မေ(ဆံပင်အပြာနဲ့အလှပိုင်ရှင်မလေး)နဲ့ ညားမှာပါ။ 🌐 ထျန်းနီးပတီးစေ့ကပဲ မင်းသားကျမှာ ဖြစ်ပါတယ်ဗျ။ တစ်မျိုးမထင်လိုက်ပါနဲ့။ ထျန်းနီးပတီးစေ့က ဘာလို့ ဝမ်လမ်ခန္ဓာကိုယ်အစစ်လို့ပြောရတာလဲဆိုရင် ထာဝရနတ်ဘုရား နယ်မြေမှာရှိတဲ့ ထျန်းနီးပတီးစေ့က အင်မော်တယ်ကောင်းကင်ဘုံနယ်မြေကို ဖြတ်ကျော်ပြီး လှိုင်ဂူလောကကိုဝင်ရောင်လာခဲ့တယ်။ လူအများကြီးလုရက်ကြပေမယ့် ထျန်းနီးပတီးစေ့ကို ဝမ်လင်ကပဲ ရခဲ့သလို ဝမ်လင်တစ်ခါတစ်ခါသေဆုံးရမမည့်အချိန်တိုင်းလည်း အဲဒီ ထျန်းနီးပတီးစေ့က မူလစိတ်ဝိညာဉ်ကို ပတီးစေ့ကစုပ်ယူပီး ပြန်လည်ရှင်သန်လာစေခဲ့ပါတယ်။ နောက်ထပ်အကြောင်းပြချက်တွေလည်း ရှိပါသေးတယ်ဗျ။ ရှည်လို့မရေးတော့ဘူး။ ကျွန်တော့်ရဲ့အမြင်ကိုပြောပြတာပါ 👍
2026-06-22 08:21:18
2
To see more videos from user @xiaoshui990, please go to the Tikwm homepage.

Other Videos


About