@dimple8307: ငါတို့တွေက 1990 ခုနှစ်များဆီက အချစ်ကို လိုချင်ကြတဲ့ သူတွေလေ။ သင်္ကြန်ဆိုရင် ပထမဆုံးပွင့်တဲ့ ပိတောက်ကို ဦးဦးဖျားဖျား ပန်ဖို့ ခူးပေးတဲ့ အချစ်မျိုး၊ ခြံတံခါးဝမှာ စာခေါက်လေးတွေ ပန်းလေးတွေ လာချိတ်ခဲ့တဲ့ အချစ်မျိုး၊ ကိုယ်နားထောင်ဖို့ mp3 လေးထဲကို သီချင်းခွေ ၃ ခွေလောက် ကူးထည့်ပေးတဲ့ အချစ်မျိုး၊ can we pretend that airplanes in the night sky are shooting stars?? ဆိုတဲ့ သီချင်းကို ညမအိပ်ခင် နားထောင်ပြီး တစ်စုံတစ်ယောက်ရဲ့ ကြယ်ရောင်မျက်ဝန်းတွေကို မြင်ယောင်မိတဲ့ အချစ်မျိုး၊ စိတ်ကောက်ကြတဲ့အခါ စာအုပ်အငှားဆိုင်က စာအုပ်လေးရဲ့ ကြားမှာ စာခေါက်လေးတွေကို ညှပ်ပြီး ပေးလိုက်တဲ့ အချစ်မျိုး၊ ရေမွှေး ဘောပင်မင်ရောင် လှလှလေးတွေ အများကြီး ဝယ်ပြီး အဲဒီတစ်ယောက်ဆီ စာရေးတတ်တဲ့ အချစ်မျိုးလေ၊ ဘုရားမှာ တွေ့ဖို့ ချိန်းတဲ့အခါ ရှပ်အင်္ကျီအဖြူနဲ့ ရောက်လာမယ့် အမျိုးသားလေးကို ခိုးငေးပြီး ရှက်ရတဲ့ အချစ်မျိုးပေါ့၊ အတူတွေ့တဲ့နေရာတွေဟာ ဘုရားရင်ပြင်ရယ်၊ ဂျပ်ဆင်နားက ခုံတန်းလေးတွေရယ်၊ ဒါမှမဟုတ် သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ဖွင့်ထားတဲ့ သစ်သားခွေးခြေခုံပုလေးတွေနဲ့ ထိုင်ရတဲ့ အအေးဆိုင်လေး ဖြစ်ကောင်းဖြစ်မယ်လေ။ ငါတို့တွေက အတိတ်ရဲ့အရိပ်မှာ ကျန်ခဲ့တဲ့ အချစ်မျိုးကို လိုချင်ကြတဲ့သူတွေလေ။ ငါထင်တာ အဲဒါကြောင့်ပဲ ငါတို့တွေက ဒီဘက်ခေတ်ရဲ့ ပေါ့ရွှတ်ရွှတ်ဆက်ဆံရေးတွေ၊ အမည်တပ်လို့မရတဲ့ ခံစားချက်တွေ၊ ကြာရှည်မတည်မြဲတဲ့ အချစ်တွေနဲ့ အဆင်မပြေကြတာ ဖြစ်မယ်။ ငါတို့တွေက ခေတ်မှားပြီး မွေးဖွားလာတာဖြစ်လို့ပေါ့" #dimple💛 #fypシ
Dimple💛
Region: MM
Sunday 21 June 2026 13:20:08 GMT
Music
Download
Comments
taekook :
ငယ်ဘဝလေး လွမ်းလိုက်တာ
2026-06-22 03:28:14
2
wai :
ပြန်တင်ပရစေနော်
2026-06-22 04:04:44
1
Su Lat Thwal🪡🧵✂️ :
စာသားလေးပေးပါလား😍
2026-06-22 03:04:15
1
Mi Eim Kyaik Soi :
သိပ်မှန်တာပေါ့ ဒီခေတ်အချစ်ရေးနဲ့ကိုယ်က လုံးဝဆင်မပြေဘူး ဒါကြောင့်မထားတော့တာ 🥰🥰
2026-06-22 02:38:06
1
မေ 🌻 :
ဒီဘက်ခေတ် အချစ်ကို ရင်မခုန်ရဲတော့ဘူး
2026-06-22 02:54:53
1
Hsu Myat Mon 91 :
မှန်လိုက်တာ❤️❤️❤️
2026-06-22 06:38:07
0
Maw Maw Lwin :
ပြန်တင်မယ်နော်🥰🥰🥰
2026-06-22 06:06:45
0
😘🇯🇵ကောက်စိန်လေး🤟🤭 :
အရမ်းမှန်တာပဲ ငယ်ဘဝလေးပြန်လွမ်း🥺🥺🥺
2026-06-22 06:19:21
0
Khaing Su Wai :
ကော်ပီယူမယ်နောါ
2026-06-22 01:28:28
1
Zin Mar Moe :
အမှန်ပါဘဲ
2026-06-22 02:06:55
1
ဆရာမအိချယ်ရီမေ :
သိပ်မှန်တာပေါ့🥰
2026-06-22 01:35:53
1
user568669139244 :
ချစ်တယ် ဆိုတဲ့စကားကို လွယ်လွယ်ပြောထွက်တဲ့ ခေတ်🙏🙏🙏
2026-06-22 05:53:28
0
Myo :
သိပ်သေချာတာပေါ့ ဒီဘက်ခေါတ် အချစ်ရေးနဲ့ က အစင်မပြေ
2026-06-21 21:27:21
1
Dimple💛 :
ငါတို့တွေက 1990 ခုနှစ်များဆီက
အချစ်ကို လိုချင်ကြတဲ့ သူတွေလေ။
သင်္ကြန်ဆိုရင်
ပထမဆုံးပွင့်တဲ့ ပိတောက်ကို
ဦးဦးဖျားဖျား ပန်ဖို့ ခူးပေးတဲ့ အချစ်မျိုး၊
ခြံတံခါးဝမှာ စာခေါက်လေးတွေ
ပန်းလေးတွေ လာချိတ်ခဲ့တဲ့ အချစ်မျိုး၊
ကိုယ်နားထောင်ဖို့ mp3 လေးထဲကို
သီချင်းခွေ ၃ ခွေလောက် ကူးထည့်ပေးတဲ့ အချစ်မျိုး၊
can we pretend that airplanes in the night sky are shooting stars?? ဆိုတဲ့ သီချင်းကို
ညမအိပ်ခင် နားထောင်ပြီး
တစ်စုံတစ်ယောက်ရဲ့ ကြယ်ရောင်မျက်ဝန်းတွေကို
မြင်ယောင်မိတဲ့ အချစ်မျိုး၊
စိတ်ကောက်ကြတဲ့အခါ စာအုပ်အငှားဆိုင်က
စာအုပ်လေးရဲ့ ကြားမှာ
စာခေါက်လေးတွေကို ညှပ်ပြီး
ပေးလိုက်တဲ့ အချစ်မျိုး၊
ရေမွှေး ဘောပင်မင်ရောင် လှလှလေးတွေ
အများကြီး ဝယ်ပြီး
အဲဒီတစ်ယောက်ဆီ စာရေးတတ်တဲ့ အချစ်မျိုးလေ၊
ဘုရားမှာ တွေ့ဖို့ ချိန်းတဲ့အခါ
ရှပ်အင်္ကျီအဖြူနဲ့ ရောက်လာမယ့် အမျိုးသားလေးကို
ခိုးငေးပြီး ရှက်ရတဲ့ အချစ်မျိုးပေါ့၊
အတူတွေ့တဲ့နေရာတွေဟာ ဘုရားရင်ပြင်ရယ်၊
ဂျပ်ဆင်နားက ခုံတန်းလေးတွေရယ်၊
ဒါမှမဟုတ်
သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ
ဖွင့်ထားတဲ့ သစ်သား ခွေးခြေခုံပုလေးတွေနဲ့
ထိုင်ရတဲ့ အအေးဆိုင်လေး
ဖြစ်ကောင်းဖြစ်မယ်လေ။
ငါတို့တွေက
အတိတ်ရဲ့အရိပ်မှာ ကျန်ခဲ့တဲ့ အချစ်မျိုးကို
လိုချင်ကြတဲ့သူတွေလေ။
ငါထင်တာ အဲဒါကြောင့်ပဲ ငါတို့တွေက
ဒီဘက်ခေတ်ရဲ့ ပေါ့ရွှတ်ရွှတ်ဆက်ဆံရေးတွေ၊ အမည်တပ်လို့မရတဲ့ ခံစားချက်တွေ၊
ကြာရှည်မတည်မြဲတဲ့ အချစ်တွေနဲ့
အဆင်မပြေကြတာ ဖြစ်မယ်။
ငါတို့တွေက
ခေတ်မှားပြီး မွေးဖွားလာတာဖြစ်လို့ပေါ့"
#dimple💛 #fypシ
2026-06-22 04:09:33
1
C&C🤍 :
👍လွဲနေခဲ့လို့ လွှတ်ပေးလိုက်ပါပီ
2026-06-21 14:18:42
1
Thida :
ဒီဘက် ခေတ်အချစ်ဆိုတာကြီးကရွံဖို့ ကောင်းတယ်😏
2026-06-22 05:59:15
0
Pinky :
😔😔😔
2026-06-22 00:30:54
1
🌻Mal yu🍃 :
🥰🥰🥰
2026-06-21 22:59:32
1
အိခိယူ :
🥰🥰🥰🥰😅😅
2026-06-22 00:21:52
1
ZLH :
🥰🥰🥰
2026-06-22 06:20:17
0
💞N💞🌻 :
👍👍👍👍👍
2026-06-22 05:08:24
0
Shwe Phyo :
😔😔
2026-06-21 22:55:59
1
🍀airy''👀💋 :
🥰🥰🥰
2026-06-21 13:32:10
0
❤️Hein❤️ :
🥰🥰🥰
2026-06-22 06:47:45
0
To see more videos from user @dimple8307, please go to the Tikwm
homepage.