@su.pone676: တချို့ကမေးကြတယ်။ :::: "မင်းအပေါ် ဒီလိုလုပ်သွားတာတောင် မမုန်းဘူးလား၊စိတ်မနာဘူးလား"တဲ့။ ::::: သြော် လူတွေများခက်ပါလားနော်။ သေတပန် သက်တဆုံးအထိရည်ရွယ်ခဲ့တာလေ။ ကံအကြောင်းမလှလို့ ဝေးကြ ခွဲခွာကြရတဲ့အခါ ရှင်ဘုရင်တွေ သူတောင်းစားတွေ စတဲ့ စကားလုံးတွေနဲ့၊ စကားနာထိုးစရာမှမလိုတာ။ ::::: ချစ်ခဲ့တဲ့အချိန်တုန်းက ငေးမဝခဲ့တာ ဒီမျက်ဝန်းတွေလေ။ :::: ကြည့်မဝခဲ့တာဒီအမူအရာတွေလေ။ ::::: ကြားမဝခဲ့တာ ဒီအသံလေးတွေလေ။ :::::: ကံအကြောင်းမလှလို့ လမ်းခွဲရတော့မှ "ရှင်ဘုရင်လာလို့ သူတောင်းစားဖယ်ပေးရ သတဲ့"လား။ :::: အဲ့လိုအပြောင်းအလဲမျိုး တွေ မလုပ်ပါနဲ့ လား။ ရိုးရှင်းစွာချစ်ခဲ့သလို ပြတ်သွားတဲ့အခါလည်း သူမရှိတုန်းကလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနိုင်ရမှာပေါ့။ ::::: ပြတ်သွားတော့မှ ဒီမိန်းကလေးက ဒီလို၊ဒီယောကျ်ားကဒီလိုနဲ့ ဂုဏ်တွေဖော်ပြီး အရှက်ခွဲရလောက်တဲ့အထိ အငြှိုးတွေ မကြီး ကြပါနဲ့လား။ :::::: ကိုယ်တို့ ကချစ်ခဲ့ကြတာလေ။ စစ်ဖြစ်ခဲ့ကြတဲ့ ဂျူးနဲ့ဟစ်တလာမှမဟုတ်တာ။ #fyp #flypシ #crd #pppppppppppppppp

Hsu Pone
Hsu Pone
Open In TikTok:
Region: MM
Sunday 21 June 2026 14:53:00 GMT
28107
3039
9
262

Music

Download

Comments

chit.aye905
မီးငယ်လေး :
အကြောင်းတခုခုကြောင့်သာဝေးသွားကြတာချစ်ခဲ့တုန်ကသူဘယ်လောက်ကိုယ့်ပေါ်ကောင်းခဲ့တယ်ဆိုတာဘယ်သူမမမသိကြတာမမုန်းပါဘူးကွယ်☺️
2026-06-22 08:25:15
1
mama.thiri91
MaMa Thiri :
ချစ်လွန်လွန်းလိုထားခဲ့ခံရတာတောင်အပစ်လို့မမြင်မိပါဘူး ခုထိလဲချစ်မိနေတုန်းဘဲ🥺
2026-06-22 10:00:58
1
saung.thazin.moe50
Saung 🐻 :
စာသားလေးပေးပါလား
2026-06-22 09:14:08
1
myo.win3696
Myo Win👮👮 :
ချစ်ကြိုက်ခဲ့ကြတာပဲ🥰🥰🥰🥰ရန်သူတေမှမဟုပ်တာလမ်းတွေ့ရင်တော့ပြုံးပြလို့ရပါတယ်ဒါမဲ့စကားတော့လာမပြောနဲရွံ့လို့😊😊😊😊😊
2026-06-22 12:20:32
0
meemee78138
🦋 Méé Méé🦋 :
စာသားလေးပေးပါလား 🥺🥺
2026-06-22 13:20:03
0
razi20122
Razi :
မင်းနဲ့မင်းအမျိုးသမီးလေးကျန်းမာဖို့ဆုတောင်းပေးဖြစ်တယ်မေတ္တာတရားဟာအေးချမ်းပါတယ်အကို အများကြီးကောင်းခဲ့ပေးတာအတွက်ကျေးဇူးတင်ပါတယ်🥰အဲ့အမျိုးသမီးလေးနဲ့တွဲလက်မြဲပါစေအကို အကိုလိုချင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပါစေနော်
2026-06-22 13:43:57
0
phoe.chit7849
Phoe Chit :
ပြန်တွေ့ရင် ပြုံးပြနိုင်အောင် လေ့ကျင့်ထားပေးမယ့် ဘယ်တော့မှ မတွေ့တော့ဘူး ဝေးကွာခြင်းတေက ပါရမီကောင်းလွန်းတယ်😞😞
2026-06-22 23:54:36
0
kaung.san598
"ဗီတို"ပဲနို့"🍼 :
🥰🥰🥰
2026-06-22 04:54:23
0
To see more videos from user @su.pone676, please go to the Tikwm homepage.

Other Videos


About