@nagar.myeik: ------------------------------------------- မြိတ်မြို့ ပထမဆုံးကမ်းနားလမ်းကို အင်္ဂလိပ်အရေးပိုင် မစ္စတာ ဗွီဒင် လက်ထက် ၁၉၂၂-၂၄ ခုနှစ်နှစ် ကျောက်တန်းများ စနစ်တကျ တည်လုပ်၍ သောင်ခုတ်ခြင်း၊ သဲမှုတ်ခြင်းဖြင့် မြိတ်မြို့အား ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် တင့်တယ်စေခဲ့သည်။ ထိုကျောက်တန်းကို ကံထရိုက်စနစ်ဖြင့် ဆောက်လုပ်ခဲ့ရာ ကန်ထရိုက် မှာ ဦးအရီ ဖြစ်လေသည်။ ထိုနှစ်တွင် မြိတ်မြို့ တစ်ဘက်ကမ်းရှိ ပထက်တောင်၌ ကျောက်တွင်းကွာရီကို စတင်ခဲ့ပြီး (PWD) လက်အောက်ခံ (Sdo Sea Wall Reclamation)က တာဝန်ခံ၍ လုပ်ဆောင်ပေးခဲ့သည်။ အုပ်ချုပ်သူမှာ (PWD SEO Mr SDO Mr Tait) နှင့် (PWD EE Mr. Smith)တို့ဖြစ်ကြသည်။ အိုဗာစီရာများမှာ အင်္ဂလိပ် ကပြားနှင့် ပန်ချာပီများဖြစ်ပြီး အစတွင် ဥရောပတိုက်သား တစ်ဦးနှင့် အိန္ဒိယတိုက် သားတစ်ဦး ပါဝင်ခဲ့သည်။ တစ်နှစ်ကျော်ခန့် ကြာသောအခါ ဥရောပ တိုက်သား နုတ်ထွက်သွား၍ လုပ်ငန်းပြီးဆုံးချိန်အထိ (Me Shared I ban) က လုပ်ဆောင်ခဲ့လေသည်။ ထိုသို့ ကျောက်တန်း တည်ဆောက်ရာတွင် နေ့စဉ် အားလပ်ရက်မရှိ လုပ်သားပေါင်း ၅၀၀နီးပါးဖြင့် လုပ်ဆောင်ခဲ့ကြသည်။ အလုပ်သမားများမှာ ပထန်၊ အိုလီယာ၊ ကွန်ဂျရီ လူမျိုးများနှင့် မြန်မာ နည်းစုတို့ ပါဝင်ခဲ့ကြသည်။ ထိုသို့ (Sea Wall) ကျောက်တန်းပြုလုပ်ပြီး သဲသောင်များရှင်းလင်း၍ ကျောက်တန်းပေါ်သို့ သဲများ မှုတ်တင်ခဲ့ကြသည်။ လုပ်ငန်း စတင်ချိန်မှ ပြီးဆုံးသည်အထိ အလုပ် ကာလမှာ ငါးနှစ်နီးပါး ကြာမြင့်ခဲ့သည်။ ထိုသို့ ကျောက်တန်းဆယ်ပြီး (၁၀)နှစ်ခန့်မျှကြာမှ အိမ်ယာမြေကွက်များ ရိုက်ပြီး အဆောက်အဦများ ဆောက်လုပ်ခွင့် ပြုခဲ့သည်။ ကျောက်တန်းအရှည်မှာ ဆိပ်ငယ်ဘော တံတားမှ ကွက်သစ်ရပ်ကွက်ထိ ခုနစ် ဖာလုံခန့် ဖြစ်လေသည်။ မြိတ်မြို့ ကမ်းနားလမ်း တစ်လျှောက် ကုက္ကိုလ်ပင်ကြီး များကို ဦးဟုန်ဘီး၏ပင် ဦးဂွင်ရှိန်က စိုက်ပျိုး ခဲ့သည်ဟု သိရသည်။ တစ်ဖန် ကမ်းနားလမ်းတစ်လျှောက် သာယာစိုပြည်ရေးနှင့် လုပ်သားပြည်များ စိတ်အေး ချမ်းသာစွာ အပန်းဖြေ နားနေနိုင်ရေး အတွက် ပါတီကောင်စီခေတ် ၁၀-၇-၈၁ ရက်နေ့တွင် ရေတမာ ၁၁၂-ပင်ကို စိုက်ပျိုးခဲ့ကြသည်။ အထက်ပါအကြောင်းအရာများကို (မောင်ပြေချမ်း(မြိတ်)-ဓါတ်ပုံကပြောသော မြိတ်သမိုင်းမှတ်တိုင်များ) စာအုပ်ထဲမှ ပြန်လည်ထုတ်နှုတ် ဖော်ပြထာခြင်းဖြစ်သည်။#မြိတ်မြို့ #nagarmyeik #myeik
Nagar Myeik
Region: MM
Sunday 21 June 2026 23:42:44 GMT
Music
Download
Comments
Aung Kyaw Soe :
မဖြစ်နိူင်ဘူးထင်တယ်
2026-06-22 12:39:05
3
泰扎尔吞 :
ကျောက်တန်းစီတာက ဖတ်မိသလောက် ၁၉၀၄ လား မသိဘူး😂😂😂😂😂
2026-06-22 12:53:48
3
nay12332wqy :
ခ်စ္စရာေလး
2026-06-30 11:38:16
0
Nay Th Mine :
2026-06-23 00:40:23
0
Nyi.Lin.Soe :
သိမ်တော်ကြီးစေတီတောင်ဒီလောက်မနှိမ့်ဘူးထင်တယ်
2026-06-24 13:17:24
2
Tun Oo :
အရငင်ကသမိုင်းတွေကြည့်ခြင်တယ်တင်ပေး
2026-06-23 06:30:15
1
N.O.C :
ai
2026-06-23 00:52:04
0
Men thein htike :
မြိတ်မှတ်တမ်း
2026-06-23 01:32:39
0
Nagar Myeik :
ဒီပုံရဲ့ မူရင်းပုံက အရောင်မပါပါဘူး။ သိမ်တော်ကြီးမှာလဲ ထုံးသင်္ကန်းပဲ ကပ်ထားပါတယ်။ စာမဖတ်ပဲ တွေ့ကရာ လျောက်ရေးခြင်း မဟုတ်ပါ။ မူရင်း အင်္ဂလိပ်လို မှတ်တမ်းများ ပြန်ရှာတွေ့လျှင် ပြန်တင်ပေးပါမယ်။
2026-06-23 03:17:28
0
Daw San :
🥰🥰🥰
2026-06-22 07:28:02
1
Daw San :
😆😆😆
2026-06-22 07:27:55
1
Daw San :
😂😂😂
2026-06-22 07:28:06
1
Ma Engmi Engmi :
🥰🥰🥰
2026-06-23 13:18:18
0
Ko Zaw Myo :
🥰🥰🥰🥰🥰
2026-06-24 11:39:29
0
zawhtoo423 :
😂😂😂
2026-06-25 15:21:21
0
user1651783524459 :
👍👍👍👍👍
2026-06-24 09:33:24
0
win. Mwe. moe :
🥰🥰🥰
2026-06-24 10:08:20
0
Ko2013 :
👍👍👍👍👍👍
2026-06-24 09:24:49
0
Si Thura🐼 :
🥰🥰
2026-06-22 20:12:50
0
San San Phyo :
🥰🥰🥰
2026-06-23 13:14:21
0
thant zaw(ဘုတ်ပြင်းမြို့) :
🥰🥰🥰
2026-06-23 11:06:12
0
Khin Nyaung yee :
❤️❤️❤️
2026-06-23 06:30:46
0
Aye 🧡Aye💖Maw💕💞💓💘💝💟 :
🥰🥰🥰
2026-07-02 07:54:12
0
RORONOA ZORO :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-07 09:02:23
0
Than Myo Zaw :
🥰🥰🥰
2026-06-22 06:19:32
0
To see more videos from user @nagar.myeik, please go to the Tikwm
homepage.