@nyanlinmaung07: ◾ မင်းအောင်လှိုင် မျက်ကွယ်မှာ ရှောင်ပုန်းနေရတဲ့ ခရိုနီ‌ တေဇ မြန်မာနိုင်ငံရဲ့ ခရိုနီသူဌေးတွေကို ပြောရင် လူအများစု ပထမဆုံး သတိရမိမယ့် နာမည်တွေထဲမှာ တေဇ ဆိုတဲ့နာမည် ပါဝင်ပါတယ်။ တစ်ချိန်တုန်းက "ထူးကုမ္ပဏီ" လို့ပြောလိုက်ရင် အစိုးရစီမံကိန်းတွေ၊ သစ်လုပ်ငန်းတွေ၊ ကျောက်မျက်လုပ်ငန်းတွေ၊ လေကြောင်းလုပ်ငန်းတွေကအစ နေပြည်တော်ဆောက်လုပ်ရေးအထိ နေရာတိုင်းမှာ တွေ့ရတဲ့ ကုမ္ပဏီကြီးဖြစ်ခဲ့ပါတယ်။ဒါဆို တေဇဟာ ဘယ်လိုကြောင့် အဲဒီလောက်အထိ ကြီးပွားလာခဲ့တာလဲ။ တေဇဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၇ ကို တက်ရောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျောင်းမပြီးခင် အိမ်ထောင်ကျသွားတဲ့အတွက် ကျောင်းက ထွက်ခဲ့ရတယ်လို့ ဆိုကြပါတယ်။ စစ်တပ်ထဲ မဝင်ဖြစ်ခဲ့ပေမယ့် စစ်တပ်အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ကတော့ မပြတ်ခဲ့ပါဘူး။ ဇနီးဖြစ်သူ သီတာဇော်ကလည်း စစ်တပ်နဲ့ နီးစပ်တဲ့မိသားစုက ဖြစ်တယ်လို့ သိရပါတယ်။ သန်းရွှေ ဦးဆောင်တဲ့ နဝတအစိုးရခေတ်မှာ တေဇရဲ့ စီးပွားရေးဘဝ စတင်တက်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အဲဒီအချိန်က သစ်တောဝန်ကြီး အောင်ဖုန်းနဲ့ နီးစပ်မှုတွေကြောင့် ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ ဒေါနတောင်နဲ့ ကချင်ပြည်နယ်ဒေသတွေမှာ သစ်ထုတ်လုပ်ခွင့်တွေ ရလာခဲ့ပါတယ်။ အဲဒီခေတ်က မြန်မာနိုင်ငံမှာ သစ်လုပ်ငန်းဟာ အလွန်အကျိုးအမြတ်ကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ပေမယ့် သစ်ထုတ်ခွင့် ပါမစ်ရဖို့ဆိုတာလည်း လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ ဒါကြောင့် တေဇဟာ သစ်လုပ်ငန်းကနေ စတင်ပြီး အရင်းအနှီးတွေ စုဆောင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် တည်ထောင်လာတဲ့အချိန်မှာတော့ တေဇအတွက် အခွင့်အလမ်းတွေ ပိုများလာခဲ့ပါတယ်။ ဦးပိုင်ရဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကောင်းမွန်တာကြောင့်၊ စစ်တပ်အတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်းပေးရတဲ့ လုပ်ငန်းတွေကို ထူးကုမ္ပဏီက ရရှိလာခဲ့ပါတယ်။ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ London စီးကရက် ဖြန့်ဖြူးခွင့်ကိုတောင် ရရှိခဲ့ပါတယ်။ ဒီအချိန်မှာတော့ တေဇဟာ သာမန်စီးပွားရေးသမားတစ်ယောက် မဟုတ်တော့ဘဲ စစ်အစိုးရနဲ့ အနီးကပ်ဆက်စပ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာပါပြီ။ ကျောက်စိမ်း၊ ပတ္တမြားလို လုပ်ငန်းတွေဟာ သစ်လုပ်ငန်းထက်တောင် အမြတ်အစွန်း ပိုများတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် တေဇရဲ့ ကြွယ်ဝမှုဟာ အဲဒီအချိန်မှာ အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ပါတယ်။ တေဇကို အခြားခရိုနီတွေထက် ကွဲပြားစေတဲ့ အချက်တစ်ခုကတော့ ရုရှားနဲ့ ဆက်ဆံရေးပါ။ မြန်မာစစ်တပ်နဲ့ ရုရှားကြား ဆက်ဆံရေးတွေ တိုးတက်လာတဲ့အခါ တေဇဟာ ကြားခံအဖြစ် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ လက်ရှိ တေဇရဲ့ ပိုင်ဆိုင်မှု လုပ်ငန်းတွေပြပါဆိုရင် ထူးအုပ်စု (Htoo Group of Companies) ဖြစ်ပါတယ်။ ဒီထဲမှာ သစ်တောထုတ်လုပ်ရေး၊ သယံဇာတတူးဖော်ရေး၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ ဟိုတယ်နှင့် အိမ်ရာဖွံ့ဖြိုးရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ ကုမ္ပဏီပေါင်း ၆၀ ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် အရာရာဟာ အမြဲတမ်း တက်နေမယ့် အရာ မဟုတ်ပါဘူး။ နဝတခေတ်နှောင်းပိုင်းနဲ့ သိန်းစိန်အစိုးရလက်ထက် ရောက်လာတဲ့အခါ တေဇရဲ့ လုပ်ပိုင်ခွင့်တချို့ စတင်လျော့နည်းလာပါတယ်။ အရင် ရထားတဲ့ စားအုန်းဆီတင်သွင်းခွင့်တွေ ရပ်နားခံရတယ်။ မြေယာတွေ၊ စီမံကိန်းတွေ ပြန်လည်သိမ်းဆည်းခံရတာတွေလည်း ရှိလာတယ်။ နောက်ပိုင်းမှာ မင်းအောင်လှိုင်တို့လို စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကိုယ်တိုင် ကုမ္ပဏီထောင်ပြီး လုပ်ငန်းတွေ လုပ်လာကြတဲ့အတွက် တေဇလို ခရိုနီတွေရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တေဇနဲ့ မိသားစုဟာ ပြည်ပမှာ ပိုပြီး နေထိုင်လာကြပါတယ်။ တစ်ချိန်က အလွန်စည်ကားခဲ့တဲ့ အင်းလျား‌ကန်ဘောင်မျက်နှာချင်းဆိုင်က၊ ထူးရုံးချုပ်ကြီးတောင် မင်းအောင်လှိုင် မျက်စိကျနေတဲ့အတွက်၊ ရောင်းချလိုက်ရတဲ့အထိ ဖြစ်လာပါတယ်။ မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း တေဇ အပေါ် အလွန်အမင်းမျက်စိကျနေတဲ့သဘောရှိနေတယ်။ ဥပမာ- တေဇရဲ့ သားဖြစ်သူ ပြည်ဖြိုးတေဇကို စစ်မှုထမ်းဖို့ စစ်အုပ်စုက ဆင့်ခေါ်တာမျိုးပါ။ ဒါက ငါလုပ်လို့ရတယ်နော်ဆိုတဲ့ အချက်ပြမှု မျိုးပါ။ ဒီလိုအခြေအနေတွေကြောင့် တေဇအနေနဲ့ လက်ရှိကာလမှာတော့ မင်းအောင်လှိုင်အပေါ် ရှောင်ဖယ်လျက်ရှိတာတွေ့ရတယ်။ ဒါပေမယ့် တေဇဟာ ဆင်းရဲသွားတာမျိုး မဟုတ်ပါဘူး။ "နဝတ" ခေတ်ကတည်းက စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ ယနေ့အချိန်အထိ အလွန်ကြီးမားနေဆဲ ဖြစ်ပါတယ်။ ဆိုတော့ ဘာပဲပြောပြော တိုင်းပြည်ရဲ့ အမွေအနှစ်တွေ၊ တိုင်းပြည်ကထွက်သမျှ သယံဇာတတွေကို စစ်အုပ်စုနဲ့ပေါင်းပြီး အမြတ်ထုတ်ခဲ့တဲ့ တေဇ ဆိုသူကိုအကြောင်းကိုလည်း အခုလောက်တော့ သိထားဖို့လိုပါတယ်။ ခေတ်ပျက်မှာ စစ်အစိုးရအဆက်ဆက်နဲ့ပေါင်း၊ လူထုအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်နေတဲ့ ခရိုနီတွေအကြောင်းကိုတော့ လူထုက အမြဲအမှတ်ရပြီး၊ သင်္ခန်းစာယူတတ်ဖို့ လိုပါတယ်။

𝓝𝔂𝓪𝓷 𝓵𝓲𝓷 𝓶𝓰
𝓝𝔂𝓪𝓷 𝓵𝓲𝓷 𝓶𝓰
Open In TikTok:
Region: MM
Monday 22 June 2026 01:41:17 GMT
117787
1584
5
87

Music

Download

Comments

sanmyint321
ᴍɢ sᴀɴ✞ :
နေပါစေသူလမ်းသူသွားရမှာတနေ့ပေါ့
2026-07-19 07:52:00
2
zawlinnnnn
zawlinnnnn :
သိရလို့ကျေးဇူးပါ
2026-06-25 06:15:41
4
user1002661715697
king strawberry :
😳😳😳😇😇😇
2026-06-22 02:36:44
3
kyaw1111g.mail.com0
Arkar Moe :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-22 18:08:44
6
charnmommon
charnmommon :
❤️❤️❤️
2026-06-23 00:07:07
4
To see more videos from user @nyanlinmaung07, please go to the Tikwm homepage.

Other Videos


About