@myo.zaw.tun762: #ကျွန်တော်စိတ်ဝင်စားဆုံးကနှစ်ခုပဲရှိတော့တယ်။ အနပညာရယ်။သေခြင်းတရားရယ်ဗျ။ သေတော့လည်း ပျောက်သွားတာပဲဗျ။ကျွန်တော်တို့ လုပ်ခဲ့တဲ့ ကုသိုလ်တွေ။ကောင်းမြတ်တဲ့စိတ်ထားတွေ။ရိုးသားမှုတွေက ဘယ်လိုလဲမသိဘူး။ ထူးအိမ်သင်က သူနှင့်တွဲဖော်တွဲဖက်စာရေးဆရာ နီကိုရဲကို ပြောခဲ့သည်။ ထူးအိမ်သင်သည် သူ၏မိတ်ဆွေ နီကိုရဲ မွေးနေ့ မစ္စတာဂစ်တာမှာ ကျင်းပစဉ် မွေးနေ့ရှင်က သီချင်းဆိုပေးဖို့တောင်းဆိုသော်လည်း အပြုံးလေးတစ်ပွင့်သာပြခဲ့၏။သီချင်းမဆိုပေးပါ။ "သူကို လုပ်ချင်တာကို လုပ်ရဲသော သတ္တိထက် မလုပ်ချင်တာမလုပ်ပဲ နေရဲသောသတ္တိကို ပိုသဘောကျမိပါသည်"ဟု ဝတ္ထုဆရာက မှတ်ချက်ချသည်။ အပိုဆာဒါးတွေကို မလုပ်ခဲ့သူဟု ကျနော်ထပ်ဖြည့်ချင်၏။ နှုတ်ဆတ်တေးကို နားထောင်အပြီးမှာ အလင်းဆိုင်လေးရဲ့သီချင်း။ကြယ်တွေစုံတဲ့ ည သီချင်းနှစ်ပုဒ်ကို နားထောင်မိပါသည်။ အယ်ဖြူရေးသည်။ ၂၀၁၀မှာ ကျွန်တော်သည် ထူးအိမ်သင်ဧ။် ပရိတ်သတ် အစစ် ဖြစ်သွားပြီ။ သူမျက်နှာပေါ်မှ ဟန်မလုပ်သော ရိုးသားမှု ကို ကျွန်‌ေတာ်ကြိုက်သည်။ သူသည်ပေါ်လွင်ချင်လွန်းသော လူစားမျိုးမဟုတ်။သူ့မျက်နှာပေါ်မှာဝါဝါထိန်ထိန်အရောင်များကို ကျွန်‌ေတာ်မတွေ့ရပါ။ငြိမ်းချမ်းသော အပြာရောင်၊ရိုးသားသောအပြာရောင်ကို သာတွေ့ရတတ်သည်။ "ကျွန်တော် ဒီလောကကြီးမှာ နေမှု။ထိုင်မှု။ရှင်သန်မှုပေါ့။ အဲဒါနဲ့ပက်သက်ပြီး ကျွန်တော် မတရားသဖြင့် အသက်ရှင်နေတာမျိုးမဖြစ်အောင် လို့ ကိုယ်ဘာသာကို ကြိုးစားပြီး နေထိုင်ပါတယ်"ဟု မဂ္ဂဇင်း အင်တာဗျူး တစ်ခုမှာ သူပြောခဲ့ဖူး၏။ သူ လူ့ဘဝမှာမရှိတော့။ သူ့အနုပညာ သူ့ရိုးသားမှု ။သူ့ကောင်းမြတ်ခြင်းတရားတို့က ပျောက်ကွယ်မသွားပါ။ ကျွန်တော်တို့ခံစားနေရသည်။ မောင်ကိုကို(အမရပူရ)

Myo Zaw Tun
Myo Zaw Tun
Open In TikTok:
Region: MM
Monday 22 June 2026 01:43:08 GMT
3110
187
3
3

Music

Download

Comments

ugyi627
Daw Myint Myint Htwe :
🥰🥰🥰🥰🥰🥰🥰💞💞💞💖💖
2026-07-02 10:41:58
0
zaw.moe772
Zaw Moe :
👍👍👍🥰🥰🥰
2026-06-23 12:39:50
1
mc0thiha4
Mc><™´Thiha'; :
🥰🥰🥰
2026-06-24 01:08:56
1
To see more videos from user @myo.zaw.tun762, please go to the Tikwm homepage.

Other Videos


About