@ekari71: " မဟာဗောဓိမြိုင်ဆရာတော်ကြီးဩဝါဒ " နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိ ~~~~~~~~~~~~~~~~~~~~~~~~~ ခုလူတွေ ရှေးကနဲ့စာရင် တော်တော်ရိုင်းလာတယ်၊တော်တော်ဆိုးလာတယ်၊ သို.သော် နောက်လာမယ့်လူတွေနဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။ နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုးခုလို ပတ်ဝန်းကျင်မျိုး မဟုတ်တော့ဘူးဗျ။ ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ. ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ.။ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊ တလိမ်.လိမ်.ဆုတ်နေတာ။ များများမဟုတ်ဘူး၊နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည်.၊အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ်.မယ်။ တစ်ဘဝနဲ.ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင့်နည်းကလည်း သာသနာနဲ.ကြုံမှ ၊ တို့က သာသနာရှိနေတုန်း တခြားရောက်နေရင် ဒီနည်းသည် တို့နဲ့မဆိုင်၊ သာသနာတို့နဲ့မဆိုင်ဖြစ်သွားမယ်နော်။ အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး. တစ်ဖက်သတ်အကျင့်နဲ.ရောက်သွားရင်လည်း တို.သာသနာနဲ.လွဲမှာနော်၊ သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊ နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို.တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ ကြိုက်ဦးမှဗျ။ စာအဆိုက မြေဆီကအနှစ်တစ်ရာမှာတစ်လက်မတစ်လက်မလျော.တာကိုး၊ မြေဆီမှီ၍ အစာဖြစ်ရတာ၊ဘာလို့.လျော့တုန်း၊ ဥတုကလည်း အအေးပိုင်းကနေ အပူဘက်ကူးနေတာ၊ နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေကလည်း ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ အဲဒီထဲကို လူလာဖြစ်ရတော့ တို့ရုပ်ဓါတ် စိတ်ဓါတ်လည်း ခုလောက်ကို ရှိမှာမဟုတ်တော့ဘူး။ ဥတုပူရင် အာဟာရပူမှာပေါ့၊ အာဟာရပူရင် စားရတဲ့ရုပ်ကလည်း လှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲတော့ ကောင်းတာလည်း ခံနိုင်စိတ်မရှိတော.ဘူး၊ ဆိုးတာလည်း ခံနိုင်စိတ်မရှိတော.ဘူး။ တို့တရားအားထုတ်တဲ.ပုဂ္ဂိုလ်က ကောင်းကောင်းဆိုးဆိုး သိချင်တာ တစိုက်မတ်မတ်ကြည့်ရတာလေ။ အဲတော့ တို့ဟိုကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။ အဲတော့ ဥတုပူရင် အဆီဆုတ်မှာပေါ.၊ အဆီဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ.အစာကြမ်းရင် အကြောအချဉ်တွေမာကြောလာတယ်၊ အကျိတ်အဖုတွေ ကြီးထွားလာတယ်၊ ဒါကြောင်.မို. စိတ်တွေက ထန်လာတယ်။ ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်ဘူး လောကဓံကို။ အဲတော့ အကြိုက်တွေ့လည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ၊ အမုန်းတွေလည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ။အဘိဇ္စျာဆိုတဲ. အလိုကြီးမှု အားကြီးလာပြီ။ဗျာပါဒ အားမလို အားမရစိတ် အားကြီးလာပြီ။ ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။ အဲတော့ ဥတုပူလို့ အစာပူတယ် ၊ အစာပူလို. ရုပ်ပူတယ်၊ ရုပ်ပူလို. စိတ်ပူတယ်၊ စိတ်ပူတော့ကံပူတွေ လုပ်မှာပေါ.။ ကံနဲ.စိတ်နဲ. ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ.။ တိုးတက်ဖို. မြင်သေးသလား။ လူ့ဘုံပြန်လာချင်သေးသလား။ အဲတော. နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိဘူး၊ ဒီပတ်ဝန်းကျင်မျိုး ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲတော့ တို့ဘာလုပ်ရမလဲ။ ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့် ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။ တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။ လူ့ဘဝရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူ ရှိတုန်း၊ကျန်းမာရေးလည်း ကောင်းတုန်း၊ ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင် ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ... မဟာဗောဓိမြိုင်ဆရာတော်ကြီး#အေးမြကြပါစေ #ဓမ္မဒါန #မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး #🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဧကရီ
Region: MM
Monday 22 June 2026 06:56:31 GMT
Music
Download
Comments
Water family :
🙏🙏🙏🙏🙏
2026-08-06 14:10:53
0
Ko Gyi :
2026-06-30 12:11:58
2
𝒮𝓌𝒶𝓇 :
🙏🙏🙏🙏🙏
သာဓုသာဓုသာဓု
2026-06-22 07:02:53
1
Myint Myint :
🙏🙏🙏သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-07-31 13:15:11
1
Hnin Ei Phyu :
သာဓု သာဓု သာဓုပါဘုရား
2026-08-01 15:26:38
1
James :
သာဓု သာဓု သာဓု။ကျေးဇူးပါ🥰🥰🥰
2026-06-23 02:13:34
1
Aunty Khaing nto :
🙏🙏🙏
2026-07-29 16:55:42
1
မိဘမေတ္တာ :
🙏🙏🙏🙏🙏
2026-06-22 22:04:35
1
🥭🍧🇱🇹Shwe Ya Min🇱🇹🍧🥭 :
🙏🙏🙏
2026-08-06 12:31:15
0
Min Min :
🙏🏻🙏🏻🙏🏻
2026-08-01 15:34:13
1
Ko Nay Myo Aung :
🙏🙏🙏
2026-08-06 09:51:08
0
THINE :
👏👏👏
2026-07-30 00:49:23
1
Ko Than Zaw :
🙏🙏🙏
2026-07-24 19:15:07
1
Khet Khet :
🙏🙏🙏
2026-07-28 10:38:13
1
ေဒါ်ကံ မှီ :
🙏🙏🙏
2026-07-30 16:58:32
1
linnaingtun :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-25 15:48:22
1
zawzaw :
🙏🙏🙏
2026-07-13 06:23:32
1
Aung Koko :
🙏🙏🙏
2026-08-02 16:04:16
1
khin :
🙏🙏🙏🙏🙏🙏🙏🙏🏼
2026-07-28 15:35:57
1
MERLION Beauty House :
❣️❣️❣️
2026-06-26 18:39:22
1
ဦးမင်းလွင် :
🙏🙏🙏🙏🙏
2026-08-06 09:56:24
0
Daw Hla Win Myaing :
🙏🙏🙏🙏🙏
2026-06-22 15:44:49
1
To see more videos from user @ekari71, please go to the Tikwm
homepage.