@uyk2k18: Tretinoin Cream ဆိုတာ Vitamin A မျိုးနွယ်ဝင် ဆေးတစ်မျိုး (retinoid) ဖြစ်ပြီး အရေပြားဆဲလ်အသစ်တွေ မြန်မြန်ပြန်လည်ဖွံ့ဖြိုးစေတဲ့ လိမ်းဆေးပါ။ အဓိကအားဖြင့် ဝက်ခြံ၊ နေရောင်ကြောင့် အရေပြားပျက်စီးမှု (photoaging) နဲ့ အရေပြားအရောင်မညီမှုတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ 🚨Tretinoin ကို ဘာအတွက်သုံးလဲ 1. ဝက်ခြံ (Acne) အမည်းစက် (blackheads) အဖြူစက် (whiteheads) ဝက်ခြံအသေးစားများ ချွေးပေါက်ပိတ်ခြင်း 2. အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းများ Fine lines Wrinkles အသေးစား အသားအရေကြမ်းခြင်း 3. နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးမှု Sun spots Age spots Hyperpigmentation 4. အသားအရေ Texture ကောင်းမွန်စေခြင်း အသားအရေချောမွေ့စေတယ် Collagen ထုတ်လုပ်မှုကို တိုးစေတယ် 🚨ဘယ်အချိန်မှာ လိမ်းသင့်လဲ ညအိပ်ခါနီး အကောင်းဆုံးအချိန်က ညဘက်ပါ။ မျက်နှာသစ်ပါ 15-30 မိနစ်လောက် စောင့်ပါ Tretinoin လိမ်းပါ Moisturizer လိမ်းပါ Tretinoin ကို နေ့ဘက်မလိမ်းသင့်ပါ။ 🚨ဘယ်လောက်ပမာဏ လိမ်းသင့်လဲ လူအများစု လုပ်မိတဲ့ အမှားက အများကြီးလိမ်းတာပါ။ Pea-size (ပဲစေ့တစ်စေ့ခန့်) ပမာဏပဲ လုံလောက်ပါတယ်။ နဖူး နှာခေါင်း မေးစေ့ ပါးနှစ်ဖက် ကို အစက်သေးသေးလေး ခွဲပြီး လိမ်းပေးရပါတယ်။ စသုံးမယ့်သူအတွက် Schedule ပထမ 2-4 ပတ် တစ်ပတ် 2 ကြိမ် ဥပမာ Monday / Thursday နောက်ပိုင်း တစ်ပတ် 3-4 ကြိမ် အရေပြားခံနိုင်ရည်ရှိလာရင် ညတိုင်း 🚨ဘယ်အချိန်မှာ မသုံးသင့်ဘူးလဲ 1. နေလောင်ထားတဲ့အချိန် Sunburn ဖြစ်နေချိန် 2. အရေပြားယားယံ ရောင်ရမ်းနေချိန် Eczema Dermatitis 3. Chemical Peel လုပ်ပြီးစ Laser treatment လုပ်ပြီးစ 4. Waxing လုပ်မယ့်နေရာ အရေပြားကွာထွက်နိုင်တယ် 5. ပြင်းထန်စွာယားယံနေချိန် ခေတ္တရပ်ထားသင့်တယ် သတိထားရမယ့် အချက်များ 6. Sunscreen မဖြစ်မနေသုံးပါ Tretinoin သုံးနေချိန်မှာ SPF 30-50+ Sunscreen ကို နေ့တိုင်းသုံးရပါမယ်။ Sunscreen မသုံးရင် အမည်းစက်ပိုများလာနိုင်တယ် နေလောင်လွယ်တယ် 7. အခြား Active Ingredients တွေနဲ့ သတိထား အစပိုင်းမှာ AHA BHA Salicylic Acid Benzoyl Peroxide Vitamin C ပြင်းအားမြင့် တို့နဲ့ တွဲသုံးရင် ယားယံနိုင်ပါတယ်။ 8. မျက်လုံး၊ နှုတ်ခမ်း မထိစေပါနဲ့ မျက်ခွံ နှုတ်ခမ်း နှာခေါင်းဘေး တွေမှာ ယားယံလွယ်ပါတယ်။ Tretinoin Purging ဆိုတာ သုံးပြီး 2-6 ပတ်အတွင်း ဝက်ခြံပိုထွက်သလို အဖုတွေ ပိုပေါ်သလို ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆေးကြောင့် ပိတ်နေတဲ့ ချွေးပေါက်တွေ အပေါ်ကို မြန်မြန်တက်လာတာဖြစ်ပြီး အချို့လူတွေမှာ ယာယီဖြစ်တတ်ပါတယ်။ 🚨ကောင်းကျိုးများ ✓ ဝက်ခြံလျော့စေတယ် ✓ Collagen တိုးစေတယ် ✓ Fine lines လျော့စေတယ် ✓ အသားအရေညီညာစေတယ် ✓ Hyperpigmentation သက်သာစေတယ် ✓ Photoaging ကို လျော့စေတယ် Tretinoin ဟာ Anti-aging အတွက် သုတေသနအထောက်အထား အများဆုံးရှိတဲ့ လိမ်းဆေးတွေထဲက တစ်မျိုးဖြစ်ပါတယ်။ 🚨ဆိုးကျိုးများ (သက်ရောက်မှု ဘေးထွက်ရလဒ်များ) အထူးသဖြင့် ပထမ 1-2 လမှာ ✗ နီရဲခြင်း ✗ ခြောက်သွေ့ခြင်း ✗ အသားအရေကွာခြင်း ✗ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း ✗ နေရောင်ကို ပိုမိုအာရုံခံခြင်း ✗ ယာယီဝက်ခြံပိုထွက်ခြင်း (Purging) အကြံပြုရရင် Anti-aging နဲ့ အသားအရေထိန်းသိမ်းမှုအတွက် Tretinoin ဟာ အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် အနည်းဆုံး concentration (0.025%) ကနေ စပါ။ တစ်ပတ် 2 ကြိမ်သာ စတင်သုံးပါ။ ( ဘယ်အချိန်မှာ မသုံးသင့်ဘူးလဲဆိုတာတွေ သေခြာ လိုက်နာပြီးမှ သုံးစွဲပါ။) Moisturizer ကောင်းကောင်းတွဲသုံးပါ။ Sunscreen SPF 30-50+ ကို နေ့တိုင်းသုံးပါ။ 3-6 လအထိ ဆက်တိုက်သုံးမှ အကျိုးရလဒ်ကို သိသာစွာ မြင်ရတတ်ပါတယ်။ သုံးမယ့်ရည်ရွယ်ချက်က ဝက်ခြံကုချင်တာလား၊ အရေးအကြောင်းလျော့ချင်တာလား၊ အသားအရေဖြူဝင်းညီညာချင်တာလား ဆိုတာအပေါ်မှာမူတည်ပြီး သင့်တော်တဲ့ Tretinoin concentration (0.025%, 0.05%, 0.1%) နဲ့ အသုံးပြုမယ့် skincare routine ကို သေခြာလေ့လာတွက်ချက်ပြီးမှ အသုံးပြုသင့်ပါတယ်။ 🚨🚨🚨🚨🚨 မှတ်ချက်။။ ။။ လေ့လာမိတာကိုပြန်လည်မျှဝေခြင်းသက်သက်ပါ။ tretinoin cream သုံးပါ မသုံးပါနဲ့လို့ ညွှန်းဆိုခြင်းမဟုတ်ပါ။ ဤပို့စ်ကို ဆရာဝန်‌တစ်ယောက်ရဲ့မှတ်ချက် သို့မဟုတ် ကုသမှုလို့မယူဆစေလိုပါ။ ဗဟုသုတတစ်ခုအဖြစ်သာသီးသန့်ရည်ရွယ်ပြီး ပညာရှင်တစ်ယောက်၏မျှဝေမှုမဟုတ်ကြောင်း အလေးအနက် အသိပေးအပ်ပါသည်။ #tretinoin #မအိုဆေး #ဝက်ခြံပျောက်ဆေး #health #foryou

วีระชัย
วีระชัย
Open In TikTok:
Region: MM
Monday 22 June 2026 07:25:07 GMT
11992
335
12
60

Music

Download

Comments

rachel_brown111
ℛ𝒶𝒸𝒽ℯ𝓁 ℬ𝓇ℴ𝓌𝓃 🤎🤎 :
suncream ကို လေးနာရီတခါပြန်ထပ်ပေးန်ုင်တာကောင်းပါတယ်အပြင်ထွက်တတ်တဲ့သူဆိူ အိမ်ထဲနေတဲ့သူကအကြောင်းမဟုပ်ဘူး ကိုယ်လိမ်းတာ ၂ဘူးကုန်တော့မယ် တကယ်ကောင်းလွန်းလို့ပါ လိမ်းကြည့်ပါ
2026-06-22 23:58:36
2
ssdk101113
SSDK :
နေ့တိုင်း သုံးလို့မရဘူးလား
2026-06-23 08:00:17
1
psp8824
🐼 :
စသုံးမယ်တွေးနေတာပါ ညလိမ်းပီး မနက်ကျရင် suncreamလူးပီးသနပ်ခါးထပ်လူးလို့ရလား ပြန်ပြောပေး့ါအုံးနော်
2026-06-22 23:03:36
1
apyounpineshin11122
♑Apyoun🥰Pine🥰Shin🦁💚 :
ဆေးဆိုင်တေမှာရောင်းလားရှင့်။
2026-06-23 13:03:03
0
kimbora_ayz
Kimbora@z :
လိမ်းပြီး၃ ရက်ကြာတော့ ဝက်ခြံတွေ ကန်ထွက်လာလို့ မလိမ်းရဲတော့ဘူး
2026-06-23 12:48:05
0
user30158108423406
ThuThu :
ကျေးဇူးပါပြောပြပေးလို့
2026-06-22 15:33:34
1
To see more videos from user @uyk2k18, please go to the Tikwm homepage.

Other Videos


About