@nunuaung2024: ချစ်သူကြားမှာ ဒီအပြုအမူ (၅) ခုကို ခဏခဏ မလုပ်မိဖို့ အရေးကြီးပါတယ်။ 💗 လမ်းခွဲစကား လွယ်လွယ်ပြောခြင်း နည်းနည်းလေး အဆင်မပြေတာနဲ့ "လမ်းခွဲရအောင်" လို့ ပြောတယ်။ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲလို့ အတူတူမတွေးဘဲ ပါးစပ်ကနေပဲ လမ်းခွဲစကားကို လွယ်လွယ် ပြောထွက်တယ်။ စကားတစ်ခွန်းက ခဏခဏဖြစ်လာရင် နှစ်ယောက်လုံးအတွက် မကောင်းပါဘူး။ လမ်းခွဲစကား ခဏခဏပြောခြင်းက နှစ်ယောက်လုံးအတွက် မကောင်းသလို ကြာလာရင် စိတ်လုံခြုံမှု အပြည့်မရတော့ဘူး။ 💗 ရုပ်ရည်ကို ဝေဖန်ခြင်း လူတိုင်းက ပြည့်စုံတဲ့အလှ မရှိကြပါဘူး။ ကိုယ့်ရုပ်ရည်၊ ကိုယ့်ခန္ဓာကိုယ်အပေါ် အားမလိုအားမရဖြစ်ပြီး သိမ်ငယ်စိတ် အနည်းနဲ့အများ ရှိတတ်ကြတာ သဘာဝပါ။ "မလှဘူး၊ ဘယ်လိုပုံကြီးမှန်းမသိဘူး" စတဲ့ ဝေဖန်မှုတွေကို ချစ်ရသူဆီကနေ အမြဲကြားရရင် စိတ်ထဲမှာ နေမပျော်ရုံတင်မကဘဲ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုပါ လျော့နည်းလာပါတယ်။ 💗 တခြားသူနဲ့နှိုင်းယှဥ်ခြင်း ဘယ်သူကတော့ဖြင့် ဒီလိုတော်တာ၊ သူ့လောက်တောင် မလုပ်နိုင်ဘူးလား၊ ဒါလေးတောင် မသိဘူးလား ဆိုပြီး ကိုယ့်ချစ်သူကို တခြားသူနဲ့ သွားမနှိုင်းယှဉ်ပါနဲ့။ လူတိုင်းမှာ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြပါတယ်။ လူတစ်ယောက်ရဲ့ အကောင်းကွက်တွေကိုပဲ လိုချင်လို့မရပါဘူး။သူနဲ့အတူ ဒွန်တွဲနေတဲ့ဆိုးကွက်တွေပါ လက်ခံနိုင်ရပါမယ်။ 💗 အတိတ်ကို ပြန်လှန်ကိုင်ပေါက်ခြင်း စကားများ ရန်ဖြစ်တဲ့အခါ လက်ရှိပြဿနာကို ပြေလည်အောင်ဖြေရှင်းဖို့ထက် အတိတ်ကအမှားတွေကို ပြန်တူးဖော်ပြီး ကိုင်ပေါက်တတ်ကြတယ်။ အတိတ်ကအရာတွေကိုပဲ ထပ်ခါတလဲလဲ ပြောနေခြင်းက တကယ်တမ်း "ခွင့်လွှတ်ခြင်း" ဆိုတဲ့ လမ်းစဉ်ကို မရွေးချယ်နိုင်သေးလို့ပါပဲ။ 💗 အဆက်အသွယ်ဖြတ်ခြင်း စိတ်ဆိုးစိတ်ကောက်တာနဲ့ ဖုန်းနံပါတ်တွေ၊ဆိုရှယ်မီဒီယာအကောင့်တွေအကုန် ဘလော့လိုက်ပြီး အဆက်အသွယ်ဖြတ်တာမျိုးပါ။ လုံးဝသည်းမခံနိုင်တဲ့ အခြေအနေမျိုးမှာ လုပ်တာပြဿနာမရှိပေမယ့်၊ ကိစ္စသေးသေးလေးကအစ စိတ်တိုင်းမကျတိုင်း ဘလော့ဖို့ပဲ တွေးနေရင် ရေရှည်မှာ လုံးဝအဆင်မပြေနိုင်ပါဘူး။ ဒီလိုလုပ်ရပ်က တစ်ဖက်လူကို "စွန့်ပစ်ခံရသလို" ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ သူစိမ်းနှစ်ယောက် ပေါင်းစည်းပြီး ချစ်ကြတယ်ဆိုတာ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် စိတ်တိုင်းမကျတာမျိုး ရှိတတ်သေးရင် တခြားသူဆို ပိုဆိုးတာပေါ့။ အပြန်အလှန် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သစ္စာရှိခြင်းတို့နဲ့သာ အချစ်ကို ရေရှည်တည်ဆောက်ကြရတာပါ။ #နူးနူးအောင် #အချစ် #Relationship #fypage #fyp

Yours Nu
Yours Nu
Open In TikTok:
Region: MM
Monday 22 June 2026 10:47:08 GMT
24148
725
9
124

Music

Download

Comments

wutthmonekhaelena
Wutt Hmone Kha :
တကယ်မခွဲနိုင်ပဲ အရမ်းချစ်မှန်းသိတော့ လမ်းခွဲမယ် ခဏခဏပြောမိတာ🥺🥺🥺
2026-06-22 10:54:03
1
rebecca.win2
Rebecca :
အရမ်းချစ်လို့ ဘယ်စကားမှ မပြောဖူးပါရှင် ပြောလဲ မပြောရက် အရိပ်တကြည့်ကကည့်နဲ့ ချစ်နေရတာမို့🥰
2026-06-22 15:25:26
1
kyaw.htet.aung.ky3
Kyaw Htet Aung :
ရည်းစားမရှိပေမဲ့လည်း အဆုံးထိ ဖတ်သွားပါကြောင်း🤭🤭
2026-06-22 11:50:27
1
kophyowai356
🐣Phyo Wai🐣 :
2026-06-22 12:18:09
0
ko.kyaw.gyi8455
Ko Kyaw Gyi :
😳😳😳
2026-06-23 02:24:24
0
lmcomfortablealone
နေ့ရက်တိုင်းပျော်ရွှင်ပါစေ🤍🤍 :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-29 00:28:22
0
To see more videos from user @nunuaung2024, please go to the Tikwm homepage.

Other Videos


About