@8khamana: ‎မီးရထားအလံပြဝန်ထမ်းနေရာအတွက် ‎အလုပ်လာလျှောက်တဲ့ ကောင်လေး ‎တစ်ယောက်ကို အင်တာဗျူးမေးတယ်... ‎ ‎ "မင်းက တောတွင်းရထားလမ်းနေရာကို ‎ ရောက်နေတယ်။ မင်း ရောက်နေတဲ့ လမ်းဆုံကို ရထားနှစ်စီး မျက်နှာချင်းဆိုင် အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းလာကြတယ်။ ‎ နောက် ၁၅ မိနစ်ကြာရင် အရှိန်မထိန်းနိုင်ဘဲ မင်းရောက်နေတဲ့ နေရာမှာတိုက်မိတော့မယ်။ အဲဒါဆို မင်း ဘာလုပ်မလဲ'' ‎ ‎☘️ကျွန်တော် ကုန်းမြင့်ကို တက်ပြီး ‎ အလံနီပြတားပါမယ် '' ‎ ‎"မင်းနဲ့အတူ အလံပါမလာဘူးဆိုရင် ဘာလုပ်မလဲ'' ‎ ‎☘️ကျွန်တော်က လက်ကိုင်ပုဝါ အမြဲဆောင်လေ့ရှိတယ် ... အဲဒီ လက်ကိုင်ပုဝါလေးထုတ်ပြီး ဝေ့ရမ်းအချက်ပြမှာပေါ့ '' ‎ ‎ "ညအချိန် ဖြစ်နေတယ်ဆိုရင် ‎မင်း ဘာလုပ်မလဲ'' ‎ ‎☘️ဓာတ်မီးနဲ့ အချက်ပြပြီး တားမှာပေါ့ဗျ '' ‎ ‎ "ဓာတ်မီးက ဓာတ်ခဲအားကုန်နေတယ်ဆိုရင်ရော'' ‎ ‎☘️မီးခြစ်တော့ အမြဲပါတယ်ဗျ ‎ သစ်ကိုင်းခြောက်တွေ မီးဖိုပြီး အချက်ပြမယ်ဗျာ'' ‎ ‎"မိုးသည်းသည်းမဲမဲရွာနေလို့ မီးဖိုလို့ ‎ မရဘူးကွာမင်း ဘာလုပ်မလဲ'' ‎ ‎☘️ကျွန်တော့်ညီလေး ဂျိုးဇက်ကို ပြန်ခေါ်မယ်'' ‎ ‎ " မင်းညီလေးခေါ်ပြီး ဘာလုပ်မလို့လဲ'' ‎ ‎☘️ညီလေးနဲ့အတူ သမိုင်းမှာအဆိုးဝါးဆုံး ရထားတိုက်မှုကြီးကို ထိုင်ကြည့်မယ်။ ‎ ----------------------------- ‎ ‎ အမှတ်တမဲ့ဖတ်ကြည့်ရင် သာမန်ဟာသလေးပဲ။ ဒါပေမယ့် ဖြန့်ကျက်တွေးတောကြည့်ရင် အဓိပ္ပာယ် အများကြီးပါ။ ‎ ‎ ဘဝမှာ ကျနော်တို့ နည်းလမ်းစုံနဲ့ ကြိုးစားသမျှ အရာမထင် မအောင်မြင်တာမျိုး ကြုံဖူး ကြလိမ့်မယ်။ ‎ ‎ နောက်ဆုံး ရှိသမျှ ကိုယ်စွမ်းညဏ်စွမ်း ‎ ကုန်သွားတဲ့အခါမျိုးမှာ ဟာသလေးထဲကလို ထိုင်ကြည့်နေရုံသာပဲ ရှိမယ်။ ‎ ‎ တက်ကျမ်းတွေ inspirational quotes ‎ တွေထဲကလို never give up ဘာညာ ‎ သာရကာနဲ့ စောဒကတက်နိုင်ပါတယ်။ ‎ ‎ ဒီလို အတွေးမျိုးဝင်မိလို့ပျော့ညံ့တယ် ‎ လို့လည်း ထင်နိုင်ပါတယ်။ ‎ ‎ ဒါပေမယ့် လက်တွေ့ဘဝဟာ တက်ကျမ်း မဟုတ်ပါဘူး။ မျက်မမြင်တိုင်း Helen Keller ဖြစ်မလာသလို ဘွဲ့မရသူတိုင်းလည်း Bill Gates ဖြစ်မလာပါဘူး။ ‎ ‎ လူတိုင်း လူတိုင်းမှာ စွမ်းဆောင်နိုင်ရည် ‎ limit ရှိတယ်။ ဒါဆို ဘဝဆိုတာကြီးကို ‎ ဒီအတိုင်းထိုင်ကြည့်နေရမှာလား။ ‎ ‎ မဟုတ်ရေးချ မဟုတ်ပါ။ ‎ ကျနော်တို့ အစွမ်းအစရှိသမျှ ကြိုးစားကြရမှာပါ။ ကြိုးစားနေပါလျက် လိုရာပန်းတိုင်မရောက်ရလို့ ဘဝဆုံးပြီလို့ တွေးလို့မရပါဘူး။ ‎ ‎ စောစောက မီးရထားအလံပြဝန်ထမ်းလာ လျှောက်တဲ့ကောင်လေးလို ဘာမှမတတ်နိုင်တဲ့ အနေအထားမျိုးကြုံတွေ့လာခဲ့ရင် ကျနော်တို့လည်း လောကကြီးကို အေးအေးဆေးဆေး ရင်ဆိုင်ကြရုံပေါ့။ ‎ ‎ သူဟာ ဘာမှ မလုပ်ပဲ ထိုင်နေတာမဟုတ်ပါဘူး သူကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားထုတ်ပြီး ဘယ်လို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အနေ အထား ရောက်မှသာ တည်တည်ငြိမ်ငြိမ်လက်ခံ ရင်ဆိုင် လိုက်တာပါ ။ ‎ ‎ အကောင်းဆုံးကြိုးစားမယ်။ ‎ ‎ လုပ်နိုင်သလောက် အစွမ်းရှိသလောက် ‎ ရုန်းကန် ရှင်သန်မယ်။ ‎ ‎ ထင်တိုင်းမပေါက်ခဲ့ရင်လမ်းလွဲမှာလက်မှိုင်ချ ဝမ်းမနည်းဘူးလောကကြီးကို အေးဆေးစွာ ရင်ဆိုင်ကြမယ်။ ‎ ‎

ဘဝဒဿန.U Tun Nay Win
ဘဝဒဿန.U Tun Nay Win
Open In TikTok:
Region: MM
Monday 22 June 2026 11:15:21 GMT
5011
213
26
10

Music

Download

Comments

moe5385
MOE :
2026-06-22 11:33:22
1
thin.zar9346
Thin Zar :
2026-06-22 11:24:03
1
user601972147
Su Su :
ဒါပဲလေ🥰🥰🥰
2026-06-22 12:58:58
1
kan.kaw66
Kan Kaw :
🥰🥰🥰🥰🥰👍👍👍👍👍👍 ကျေးဇူးပါ။
2026-06-22 13:33:17
1
nyamerynbyt
ရွှေညာမောင် :
ကူးပြီပြန်တင်ခွင့်ပြုပါ🥰🥰🥰🥰
2026-06-22 12:38:37
1
h.kp2910
Htwe Htwe :
ဖြစ်မလာတဲ့အခါကျထိုင်ကြည့်နေရုံပဲရှိတာပေါ့ဆရာရေ 🥰🥰🥰🥰🥰
2026-06-22 12:18:37
1
nayni67
😘mon mon🤗 :
🥰🥰🥰
2026-06-22 11:24:15
1
user5883452967780
ခေတ်လင်းခန့် :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-22 12:44:11
1
ma.thae.nge5
စိမ်း🌻🌈☔❄️🏳️‍🌈💚 :
👍👍👍
2026-06-22 13:29:53
1
user90831039839807
user90831039839807 :
🥰🥰🥰
2026-06-22 12:38:22
1
july.moe.sat92
လဝန်းသော်တာ :
🥰🥰🥰🥰🥰🥰
2026-06-22 13:25:21
1
user8146102263232
စိမ်း :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-22 13:01:46
1
u.soe.naing5537
U Soe Naing :
🙏🙏🙏💞💞💞💞💞💞💞💞👍👍👍👍👍👍
2026-06-22 13:41:03
0
shwezinkhaing9760
Shwe Zin :
🥰🥰🥰
2026-06-22 12:55:35
1
To see more videos from user @8khamana, please go to the Tikwm homepage.

Other Videos


About