@hiddenk._: ဘာကြိုးနဲ့မှ မချည်နှောင်ချင်ပါဘူး ကလေးလေးရယ်။ မင်းရဲ့လွတ်လပ်မှုကို ချစ်သလို မင်းပျော်ရွှင်မှုကိုလည်း ချစ်တယ်။ ဒါကြောင့်အမအနားမှာ နေဖို့ အတင်းမတောင်းဆိုဘူး။ကလေးလေးဘက်ကို လှမ်းလာတဲ့ ခြေလှမ်းတိုင်းက ကလေးလေးစိတ်တိုင်းကျ ဖြစ်နေဖို့ပဲ ဆုတောင်းမိတယ်။ ဒါပေမယ့်… တစ်နေ့တာ ပင်ပန်းခဲ့ရင်အမနားမှာ နေရတာ လုံခြုံတယ်ဆိုတဲ့ ခံစားချက်လေးတော့ ပေးချင်တယ်။ အမကို တွေ့လိုက်ရင်စိတ်အေးသွားတဲ့ ခံစားချက်မျိုး၊ “ဒီလူ့အနားမှာတော့ကိုယ်ဟာ ကိုယ်ဖြစ်နေလို့ရတယ်” ဆိုတဲ့ ယုံကြည်ချက်မျိုး။ ကမ္ဘာကြီးတစ်ခုလုံးကအမရဲ့ချည်လုံးလေးကို နားမလည်တဲ့နေ့တွေမှာတောင် အမကတော့ ချည်လုံးလေးဘက်က ရပ်နေမယ်ဆိုတဲ့ ယုံကြည်ချက်လေး ပေးချင်တယ်။ ချည်လုံးလေးရယ်မောနေတာကို မြင်ရရင််အမ ပျော်တယ်။ချည်လုံးလေး စိတ်ချမ်းသာနေရင်အမလည်း စိတ်ချမ်းသာတယ်။ တစ်ခါတလေအချစ်ဆိုတာ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ လူတစ်ယောက်ရဲ့ စိတ်အေးချမ်းရာ နေရာလေးဖြစ်ပေးချင်စိတ်မျိုးလည်း ဖြစ်နိုင်တယ်ထင်တယ်။ အမရဲ့ နှလုံးသားလေးပင်ပန်းလာတဲ့အခါ အေးအေးချမ်းချမ်း နားခိုလို့ရတဲ့ နေရာလေး ဖြစ်ပေးချင်တာ။အိမ်လေးတစ်လုံး ဖြစ်ပေးချင်ယုံပါပဲ။ အမရဲ့ အချစ်က ချည်လုံးလေးကို ဖမ်းဆုပ်ထားဖို့မဟုတ်ဘူး။အဲ့ဒီလောက်နဲ့တင်အမရဲ့အချစ်က အဓိပ္ပာယ်ပြည့်စုံနေပါပြီ။ #yearning #wlw #iloveher

K
K
Open In TikTok:
Region: MM
Monday 22 June 2026 11:54:15 GMT
18582
2166
9
423

Music

Download

Comments

m.bora8
Xin Xin☘️🩵 :
စာသားလေးပြန်တင်လို့ရမလားမမရှင့်🥰
2026-06-26 12:18:29
0
y.thdr.myt
🍀 :
စာသားလေးမိုက်တယ်💐
2026-06-25 02:07:02
0
moe.hay.ko271
M🌱 :
ပို လွမ်း
2026-06-26 09:21:57
0
eon9387
ñeon🫀 :
@💔🥀Mon🩷Girl💔🥀🩷 လွမ်းလိုက်တာမမကလေးလေးရယ်"🤍🥺
2026-07-01 12:30:31
1
samkabar.mobile71
Bunny :
🥰🥰🥰
2026-06-26 06:28:41
0
To see more videos from user @hiddenk._, please go to the Tikwm homepage.

Other Videos


About