@winhtut33433: ဒီနေ့တော့ အမျိုးတွေကို MTB တွေမှာ အသုံးပြုနေတဲ့၊ တပ်ထားတဲ့ ချိန်းကြိုးတွေအကြောင်း ပြောချင်တယ်ဗျာ ~ချိန်းဆိုတာ #စက်ဘီးတစ်စီးရဲ့အသက် ပါပဲ၊ သူတို့တွေအားလုံးဟာ အတူတူပဲလား၊ မတူဘူးလား??? ဆိုတော့ မတူပါဘူးဗျာ၊ speed အချပ်ရေ အနည်းအများအလိုက် အထူအပါး ကွာပါတယ်။ အဲ့လို အထူအပါး မတူတဲ့အတွက် #SRAM ချိန်းကို Shimano ဂီယာအတွဲဆက် Gearset မှာသွားထည့်လို့မရသလို Shimano ချိန်းကိုလည်း SRAM ဂီယာဆက်မှာ သွားထည့်လို့မရပါဘူး။ မြန်မာပြည်က တောင်တက်ဘီးအများစုဟာ Shimano နဲ့ SRAM Components တွေသာ အသုံးများတဲ့အတွက် သူတို့ကိုပဲ တည်ပြီး ပြောပါရစေ #အတွဲဆက် ဆိုတာကတော့ ခလုတ် shifter / trigger + နောက်တွဲ (rear derailleur) + ဂီယာချပ် (Cassette) တို့ + ချိန်းကြိုး အတွဲကိုမှ 8-speed သို့မဟုတ် 9-speed သို့မဟုတ် 10-speed စသဖြင့်ကို ခေါ်တာဖြစ်ပါတယ်။ Crankset ခြေနင်းတံကျတော့ တစ်ချပ်ဖြစ်ဖြစ်၊ ၂ ချပ်ဖြစ်ဖြစ်၊ ၃ ချပ်ဖြစ်ဖြစ် ရပါတယ်။ #ဥပမာ _ 8-Speed Gearset မှာ 9-Speed ချိန်း တပ်လို့ မရပါဘူး။ 9-speed ချိန်းကို 10-speed အတွဲထဲ သွားထည့်ရင်လည်း မရပါဘူး၊ အဆင်မပြေပါဘူး။ အဓိကကတော့ ချိန်း အထူအပါးမတူတော့ ထည့်လို့ "အံမကိုက်" compatibility မဖြစ်တာပါ။ Shimano အချင်းချင်းတောင် speed မတူရင် ထည့်မရတဲ့အခါမှာ၊ Shimano ဂီယာဆက်မှာ SRAM ချိန်းထည့်လို့ ရကို မရတာပါ #ချိန်းထဲမှာ ဆရာကျတဲ့ KMC ချိန်းတွေကြတော့ Shimano နဲ့ရော SRAM နဲ့ပါ အဆင်ပြေတာကို တွေ့ရပါတယ်။ KMC 8-speed ချိန်းဆိုပါစို့၊ အဲ့ချိန်းကို Shimano 8-speed ဂီယာဆက်ထဲ ထည့်လို့ အဆင်ပြေပါတယ်။ 9-speed လည်းရတယ်၊ 10-speed စသဖြင့် ရပါတယ်။ လက်ရှိ နောက်ဆုံးပေါ် 12-speed အထိကို KMC ဟာ Shimano နဲ့ "အံကိုက်ဖြစ်တယ်" compatible ဖြစ်ပါတယ်။ လည်း အလားတူပဲဖြစ်ပါတယ်။ Shimano ချိန်းကို SRAM ဂီယာဆက်ထဲ ထည့်ရောသုံးလို့ မရပါဘူး။ ဒီနေရာမှာ KMC Chains တွေဟာ ဆရာကျချက်က 12-speed အထိ ထွက်လာပြီး SRAM ကိုပေါင်းလို့ ရနေပါတယ်။ 12-Speed KMC ချိန်းအားလုံး SRAM 12-speed ဂီယာဆက်တွေနဲ့ compatible ဖြစ်ပါတယ် နိဂုံချုပ်လေး ပြောချင်တာက ကိုယ့်ဘီးမှာ သုံးထားတဲ့ speed အလိုက် သက်ဆိုင်တဲ့ ချိန်းကို ဆိုငိကဝယ်ပြီး ထည့်ပါဆိုတာပါ ချိန်းဆီလေးလည်း ထည့်နင်းကြဖို့ လိုအပ်တယ်နော် Admin MTB_Services + Mechanic လေးစားစွာ ခရက်ဒစ်ပေးပါတယ်
Ko Win Htut
Region: MM
Monday 22 June 2026 12:02:57 GMT
Music
Download
Comments
Ko Myo :
👍👍👍
2026-06-23 13:41:06
1
To see more videos from user @winhtut33433, please go to the Tikwm
homepage.