@ap25y: “3 Idiots” ဇာတ်ကားထဲက လူတိုင်းမုန်းခဲ့တဲ့ “ချာတူး” ကို တကယ်နားလည်ဖူးကြလား…? သူက လူဆိုးတစ်ယောက် မဟုတ်ခဲ့ဘူး။ သူက “အောင်မြင်မှ လူရာဝင်မယ်” ဆိုတဲ့ ဖိအားတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတစ်ယောက်ပဲ။ ရန်ချိုလို ဉာဏ်ကြီးရှင် မဟုတ်ဘူး။ အိပ်မက်တွေကို လွတ်လပ်စွာရွေးချယ်ခွင့်လည်း မရှိဘူး။ မိသားစုမျှော်လင့်ချက်၊ ပတ်ဝန်းကျင်ရဲ့ နှိုင်းယှဉ်မှုတွေ၊ “ထိပ်ဆုံးရောက်မှ တန်ဖိုးရှိတယ်” ဆိုတဲ့ စနစ်ဆိုးကြားမှာ သူ ရှင်သန်ခဲ့ရတာပါ။ ဒါကြောင့်ပဲ နားလည်အောင် သင်ယူခြင်းထက် အလွတ်ကျက်ခြင်းကို ရွေးခဲ့တယ်။ စာမေးပွဲအမှတ်တွေကို ဘဝရဲ့တန်ဖိုးလို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့… လမ်းမှားသွားတဲ့အခါ လူဟာ တဖြည်းဖြည်း ကိုယ်ပိုင်အရောင် ပျောက်ဆုံးသွားတတ်တယ်။ ချာတူးလည်း အဲ့လိုပဲ။ သူများထက်သာချင်စိတ်၊ ပြိုင်ဘက်အဖြစ်ပဲ မြင်တတ်တဲ့ ego တွေကြားမှာ သူဟာ “အောင်မြင်မှု” ကို ရခဲ့ပေမဲ့ “ကိုယ်ပိုင်တန်ဖိုး” ကို ဆုံးရှုံးသွားခဲ့တယ်။ ဇာတ်သိမ်းမှာ သူလိုချင်ခဲ့တဲ့ အောင်မြင်မှုတွေ ရနေပြီ။ ဒါပေမဲ့ သူအမြဲယှဉ်ပြိုင်ခဲ့တဲ့ ရန်ချိုရဲ့ လက်အောက်မှာပဲ အလုပ်လုပ်နေရတယ်။ အဲ့ဒီ scene က ပိုက်ဆံနဲ့ ရာထူးရတာထက် “ကိုယ်ဘာဖြစ်လာခဲ့လဲ” ဆိုတာက ပိုအရေးကြီးတယ်ဆိုတာ ပြသလိုက်တာပဲ။ တကယ်တော့ ချာတူးဟာ villain မဟုတ်ဘူး။ စနစ်ဆိုးတစ်ခုကြားမှာ ကိုယ်ပိုင်အရောင် မရှိတော့တဲ့ လူငယ်တစ်ယောက်ပဲ…။
Aung Phyo Ko
Region: MM
Monday 22 June 2026 12:49:10 GMT
Music
Download
Comments
user27411723329818 :
ချာတူး - CR7
ရန်ချို - Messi
2026-06-24 02:46:45
161
Herry :
အဲ့ ကားထဲးမှာ သူ့ကို မမုန်းခဲ့ဘူး သူက စနစ်တစ်ခုရဲ့ သားကောင်းဖြစ်နေခဲ့တာ ကိုယ်တွေလဲ အဲ့စနစ်ရဲ့ သားကောင်းဖြစ်ခဲ့ကြတာပါပဲ ကိုယ့်အတွေးလေးကို မျှဝေးခြင်းသာ
2026-06-23 17:53:35
97
zsh :
watching level so high
2026-06-24 06:44:19
0
စောရ ရန်နောင် :
ချာတူကိုမမုန်းခဲ့ပါဘူ
2026-06-23 09:52:30
27
Nobita🐉 :
တကယ်တမ်း ငါလည်းချာတူးလိုဖြစ်နေပြီး
စာကိုနားမလည်ဘဲ အလွတ် တွေဘဲကျက်နေတာ
2026-06-23 14:25:34
21
Sai Long Wan :
Aဆိုပန်းသီးBဆိုဘောလုံး
2026-06-24 14:43:34
0
မောင်ဘုန်းမောင်👽 :
မမုန်းပါဘူး ဟ
သူကမှ ငါတို့ဘဝရဲ့ ပြရုပ်...
2026-06-24 00:47:35
8
Shwe Kabar :
ဒီကောင်ကိုလဲ သဘောကျတယ်
ဘာပြောပြော သူလဲအောင်မြင်မှုတခု ရခဲ့တာပဲလေ
2026-06-24 03:54:36
3
Yours Philip :
ဇာတ်ကားထဲက လူနဲ့တူတဲ့ဇာတ်ကောင်
2026-06-24 14:41:26
0
chelchel677 :
အတွေးတူခဲ့တယ်
2026-06-24 15:27:42
0
Billy BunBun🎱 :
ဒါပေမဲ့ attitude ကလဲ မကောင်းဘူး character အရပြောတာပါ
2026-06-24 15:18:49
0
Crochet By Hangyi :
အဲ့ကားလေး ဘယ်မှာတွေ့တွေ့ ကြည့်ဖြစ်တယ်
2026-06-24 14:23:38
0
U Myo :
5 stp
2026-06-23 14:09:09
1
legolas :
တော်တော်လေး ပညာသားပါတယ်ဗျာ copy ယူမယ်နော် ဘဒို🥰
2026-06-24 14:30:07
0
Khant Kyaw :
ချာတူးကိုမမုန်းပါဘူး သနားတာပါဗျာ
2026-06-24 13:16:29
0
Play :
တကယ်ကောင်းတဲ့ဇာတ်ကားပါဗျာမျက်ရည်ပါကျတယ်
2026-06-24 02:45:57
5
snly :
သရုပ်ဆောင်ကောင်းကြလို့အားလုံးကြိုက်တယ်
2026-06-24 03:32:35
0
Mg Gyi Lwinn🤝 :
Copy မယ် bro🥰
2026-06-24 13:53:40
0
"-"Ĝ L Ã"-" :
ငါကျောင်းတက်တုံးက စာမေးပွဲနည်းရင် အပြာစာအုံးပေးရမယ်ငါမတွေမိခဲ့ဘူး 10အတွင်တော့ဝင်လောက်မာ
2026-06-24 04:12:50
0
Ye thiha Ko :
မှန်ပ
2026-06-24 16:01:54
0
zaw ko latt :
ကျောင်းအုပ်ကြီး ဗိုင်းရပ်စ် အကြောင်းလေးမျှပါအုံးဗျ အဓိကဗီလိန်က ကျောင်းအုပ်ကြီးမဟုတ်ဘူးလားဗျ
2026-06-24 04:09:18
0
To see more videos from user @ap25y, please go to the Tikwm
homepage.